ထားဝယ် ရွှေဝယ်သဇင်တည်းခိုရိပ်သာ မီးလောင်
Dawei Watch
April 25, 2025ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ထားဝယ်မြို့ပတ်လမ်းမပေါ်ရှိ ရွှေဝယ်သဇင်တည်းခိုရိပ်သာ၌ ဧပြီလ ၂၄ ရက် ညနေပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မြို့ခံများကပြောသည်။ တည်းခိုရိပ်သာအတွင်းရှိ လုံးချင်းအဆောင်တစ်ဆောင်၏ အခန်းတစ်ခန်းက မီးစတင်လောင်ကျွမ်းကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်သူတစ်ဦးက ဆိုသည်။ “လူနိုင်သွားတော့ ကြီးကြီးမားမား ပျက်စီးသွားတာမျိုးမရှိဘူး။ တည်းခိုနေတဲ့ အသက်ကြီးပိုင်း သံဃာတစ်ပါးပဲ (ပွန်းပဲ့) ဒဏ်ရာနည်းနည်း ရတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ မျက်နှာကြက်တွင် တပ်ဆင်ထားသော လျှပ်စစ်ပန်ကာ အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်သည်။ မီးလောင်မှုကြောင့် တည်းခိုးခန်း၏ အခန်းရှစ်ခန်းက တစ်ယောက်အိပ်ခုတင် ရှစ်လုံး၊ ပန်ကာရှစ်ခု မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်လေးသိန်းခန့်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ခံပရဟိတအဖွဲ့၊ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း […]


