ဘန်းလမွတ်တွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သားများ နေအိမ်များကိုဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်
Dawei Watch
April 27, 2025တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း ဝင်ရောက်တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်သားသည် နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၁၈ရက်ကစပြီး ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က အင်အား တိုးချဲ့ချထားခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ်သားများသည် ဒေသခံနေအိမ်များ၏ တံခါးများ ရိုက်ဖျက်ကာ ဝင်ရောက်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ထို့နောက် ဧပြီလ ၂၅ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများ ပြန်ထွက်ခွာချိန် နေအိမ်များအတွင်းရှိ ပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ ဒေသခံတစ်ဦးက ပြောဆိုသည်။ “မှန်တွေဆို အကုန်ရိုက်ခွဲထားတယ်။ တစ်ရွာလုံးနီးပါး အိမ်တိုင်းကို ဝင်ထားတာ။ အဝတ်တွေဆို ထဘီပုံးကအစ တစ်ထည်ချင်းစီ ဆွဲမွှေထားပြီး ယောင်္ကျားလေး(ပစ္စည်း)တွေဆိုရင် အကုန်ယူတာ” ဟု ၎င်းက ပြောသည်။ နေအိမ်များရှိ တီဗီ၊ ထမင်းပေါင်းအိုး၊ စက်ပစ္စည်းများနှင့် ဆိုလာပြားစသည့် […]


