BREAKING
November 14, 2025

သတင်း

ရခိုင်နယ်စပ်တွင် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ဘင်္ဂလားဒေ့ရှ် မူအရ လက်ခံ

Dawei Watch

April 28, 2025

စစ်ဘေးဒဏ်သင့် မြန်မာနိုင်ငံသားများအတွက် ရခိုင််ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံ တည်ဆောက်ရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက မူအရ လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြံတည်ဆောက်လိုတယ်။ (ဘင်္ဂလားဒေ့ရှ်) အသွင်ကူးပြောင်းရေးကာလအစိုးရက ဒါကို မူအားဖြင့် သဘောတူလိုက်ပြီ။ အကောင်အထည်ဖော်မဖော်ကတော့ အခြေအနေအချို့အပေါ် မူတည်တယ်” ဟု ဘင်္ဂလားဒေ့ရှ်အသွင်ကူးပြောင်းရေးကာလအစိုးရ နိုင်ငံခြားရေးရာအကြံပေးပုဂ္ဂိုလ် Md. Towhid Hossain က ယမန်နေ့ တနင်္ဂနွေနေ့က ဒါကာမြို့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ “အဲဒါက လူသားချင်းစာနာမှုအကူအညီပေးရေး လမ်းကြောင်း တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အခြေအနေအချို့ ရှိတယ်။ အသေးစိတ်တော့ ကျွန်တော် မပြောတော့ဘူး။ ဒီစည်းမျဉ်းတွေနဲ့ ကိုက်ညီရင် […]

စစ်ကောင်စီတပ်က ထားဝယ်လယ်သမား သမဂ္ဂဥက္ကဋ္ဌဟောင်း‌ နေအိမ်ကို စီးနင်းပြီးဖြိုချ

Dawei Watch

April 28, 2025

စစ်ကောင်စီတပ်က ထားဝယ်ခရိုင်‌ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌဟောင်း ဒေါ်ရီထွေး၏ နေအိမ်ကို ယနေ့နံနက်ပိုင်းတွင် ဝင်ရောင်စီးနင်းပြီး ဖြိုချပစ်နေကြောင်း စုံစမ်းသိရှိရသည်။ ထားဝယ်မြို မြို့သစ် ၇ လမ်းရှိ ဒေါ်ရီထွေးနေအိမ်အား ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်ရောက်ရှိလာပြီး နေအိမ်အား ဖြိုချနေခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ ဒေါ်ရီထွေးမိသားစုအိမ်အား ဘက်ဟိုးဖြင့်ထိုးဖြိုဖျက်ဆီးထားသည့်အပြင် အိမ်ပေါ်ရှိ ပစ္စည်းများကိုသယ်ချကာ လမ်းဘေးတွင်စုပုံထားသည်ကိုလည်းတွေ့ရကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။ ယနေ့နံနက် ၁၀ နာရီကျော်အချိန်က ဒေါ်ရီထွေးနေအိမ်အရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်ပျူစောထီးများ၊ စရဖအဖွဲ့ဝင်များ၊ ထားဝယ်ခရိုင်တရားရုံးမှ ဝန်ထမ်းများ၊ နေအိမ်ကိုဖြိုချမည့် အလုပ်သမားများ စုစုပေါင်း အင်အားတစ်ရာခန့်ကို မြင်တွေ့ခဲ့ရကြောင်း မြို့ခံအချို့က ပြောသည်။ “အလုပ်သမားသီးသန့်ကို ငါးဆယ်လောက်ရှိတယ်။ စစ်ကားက နှစ်စီးတွေ့တယ်။ လမ်ကြိုလမ်းကြားထဲမှာအစ ကင်းချထားတယ်။ ရဲကားတွေရော၊ ကားအချောလေးတွေ လေးငါးစီးတွေ့တယ်။ လူတွေကတော့အများကြီးပဲ။ […]

ထိုင်း-မြန်မာနယ်စပ်လမ်းတွင် ခဲတင်ကားတိမ်းမှောက်ပြီး တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

Dawei Watch

April 28, 2025

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ နေကျော်တောင်တွင် ခဲသတ္တုတင်ဆောင်လာသည့် ဟိုက်ဂျက် (Hi Jet) ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့သဖြင့် တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၆ ရက် ည၇နာရီခန့်တွင် သဘော့လိပ်ရွာမှ ထိုင်း-မြန်မာနယ်စပ် မောတောင်ဘက်ပို့မည့် ခဲသတ္တုများ တင်ဆောင်လာသည့်ကားသည် အဆိုပါလမ်းပိုင်းရှိ နေကျော်တောင်တွင် ကားဘရိတ်ပေါက်ကာ ကားမှောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အပါအဝင် တိုင်းအတွင်း ခဲသတ္တုတူးဖော်မှု အဆမတန်များပြားလာပြီး တူးဖော်ထွက်ရှိသည့် ခဲသတ္တုကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိသည်။ ထိုကဲ့သို့ တိမ်းမှောက်သွားသဖြင့် ကားမောင်းလာသည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုအတာ ဆိုသူ သေဆုံးပြီး ကားပေါ်လိုက်ပါလာသူ ငါးဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ”ကိုအတာ က နေ့လယ်ဘက်ကပဲ […]

မလေးရှား၊ ပြည်နယ်တစ်ခုတွင် အမျိုးအမည်မသိ ကူးစက်ရောဂါတွေ့

Dawei Watch

April 28, 2025

မလေးရှားနိုင်ငံ၊ ကာဒါပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားနှင့် ဝန်ထမ်း ၃၉ ဦး၌ အမျိုးအမည်မသိရသည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပွားနေကြောင်း အာဏာပိုင်များက ယမန်နေ့ တနင်္ဂနွေနေ့က အတည်ပြုထုတ်ပြန်လိုက်သည်။ ရောဂါကူးစက်ခံရသူများတွင် အအေးမိ ၊ တုပ်ကွေး ၊ ချောင်းဆိုး ၊ ဝမ်းလျှော ၊ အော့အန်မှုနှင့် အင်ပျဉ်ထသည့် ရောဂါလက္ခဏာများ တွေ့ရှိရကြောင်း သိရသည်။ အဆိုပါ ရောဂါလက္ခဏာနှင့် လူနာများကို စောင့်ကြည့်ရန် ကာဒါပြည်နယ်မှ ကျန်းမာရေး အာဏာပိုင်များကို အစိုးရက ညွှန်ကြားထားသည်။ ကာဒါပြည်နယ်၊ ယန်ခရိုင် Palas Camp လေ့ကျင့်ရေးစခန်းသို့ ဧပြီလ ၃ ရက်နေ့နှင့် နောက်ပိုင်းတွင် သွားရောက်ခဲ့သူများကို ပြည်နယ်ကျန်းမာရေးအာဏာပိုင်များက သတိထားစောင့်ကြည့်လျက်ရှိသည်။ ရောဂါကူးစက်ခံရမှုအခြေအနေကို စုံစမ်းစစ်ဆေးနေကြောင်း ကာဒါပြည်နယ် ကျန်းမာရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ မစ္စတာမန်ဆာဇာကာရီယာက […]

မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ် ကို ခေါ်ယူရန် စပါး ဆက်သွယ်

Dawei Watch

April 28, 2025

စပါးအသင်းသည် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ် ကို ခေါ်ယူရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ စပါးသည် မန်ယူမှနေ၍ အက်စတွန်ဗီလာထံသို့ အငှားလာရောက်ကစားနေသော ရတ်ရှ်ဖို့ဒ်၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို သဘောကျနေပြီး မန်ယူကမူ ရတ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ သတ်မှတ်တောင်းဆိုထားသည်။ စပါးသည် ဟယ်ရီကိန်း၏ကွက်လပ်ကို ရတ်ရှ်ဖို့ဒ်နှင့် အစားပြန်ဖြည့်လိုလျက်ရှိကာ ရတ်ရှ်ဖို့ဒ်အတွက် စပါးဘက်က အသုံးပြုလိုသောပြောင်းရွှေ့ကြေးပမာဏမှာ ပေါင် ၃၅ သန်းသာ ရှိသည်။ မန်ယူနည်းပြ အေမိုရင် သည် အသင်းတိုက်စစ်ကို အင်အားဖြည့်ရန်အတွက် ရတ်ရှ်ဖို့ဒ်နှင့် ဇာ့ခ်ဇီးတို့ကို ရောင်းထုတ်ကာ အသုံးစရိတ် ရှာဖွေဖွယ်ရှိနေပြီး အေမိုရင် ခေါ်ယူလိုသော တိုက်စစ်မှူးများအနက်တွင် ၎င်း၏တပည့်ဟောင်းဖြစ်သော စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကီရက်စ်က ထိပ်ဆုံးနေရာတွင် ရှိနေသည်။ Photo – LiveScore

မြန်မာဖိုက်တာ စိန်လုံးချော ONE သို့ ဝင်ရောက်၊ မေလ ၂ ရက်နေ့ ပွဲထိုးရမည်

Dawei Watch

April 28, 2025

မြန်မာဖိုက်တာ စိန်လုံးချော သည် ONE Championship သို့ ကူးပြောင်းဝင်ရောက်လာခဲ့ပြီဖြစ်ကာ လာမည့် မေလ ၂ ရက်နေ့၌ ပွဲထိုးရတော့မည်ဖြစ်ကြောင်း ONE က ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။ ONE Championship သည် စိန်လုံးချောကို အသက် ၁၉ နှစ်အရွယ် ထိုင်းဖိုက်တာ ယူးဆက်ခ်ဆန်နှင့် ပွဲတည်ပေးထားပြီး ယခုပွဲစဉ်မှာ စိန်လုံးချောအတွက် အခက်တွေ့နိုင်လောက်သည့်ပွဲစဉ် ဖြစ်နေသည်။ ယူးဆက်ခ်ဆန် သည် ONE Championship တွင် တစ်ပွဲထိုး၊ တစ်ပွဲနိုင်ထားသောဖိုက်တာဖြစ်ပြီး စိန်လုံးချောအတွက် သတိထားရမည့်ပြိုင်ဘက်ဖြစ်သည်ကို ပွဲကစားချိန်၌ မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း ပရိသတ်များက သုံးသပ်ထားကြသည်။ မေလ ၂ ရက်နေ့တွင်ကျင်းပမည့် ONE Friday Fights 106 ပြိုင်ပွဲ၌ ပွဲစဉ်ပေါင်း ၁၂ ပွဲ ပါဝင်ပြီး ယူဆက်ခ်ဆန်နှင့် […]

သင်္ကြန်အပြီး ထားဝယ်တွင် ပုစွန်တစ်ပိဿာ ကျပ်သုံးသောင်းစျေးမြင့်တက်

Dawei Watch

April 27, 2025

ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင် သင်္ကြန်ကာလအလွန်၌ ပုစွန်ချောကြီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် သုံးသောင်းအထိ ဈေးမြင့်တက်လာကြောင်း ထားဝယ်မြို့ရှိ ရေထွက်ကုန်ဈေးကွက်ထံမှ သိရသည်။ သင်္ကြန်ကာလအပြီး ရေထွက်ကုန်‌ဈေးကွက်သို့ ပုစွန်အဝင်နည်းခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ရှိ ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။ “ပုစွန်က ခါတိုင်းဆို တစ်နေ့ကို ၈ ပုံးလောက်ဝင်တယ်။ အခုရက်ပိုင်းက ၂ ပုံးလောက်ပဲ ပုံမှန်ဝင်တော့တယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင် သင်္ကြန်မတိုင်မီက ပုစွန်ချောကြီးတစ်ပိဿာလျှင် ကျပ် ငါးသောင်းသာ စျေးရှိရာမှ သင်္ကြန်ပြီးချိန်ဖြစ်သည့် ဧပြီလ ၂၆ ရက်တွင် တစ်ပိဿာလျှင် ကျပ် ရှစ်သောင်းအထိ ဖြစ်လာခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ပုစွန်ဈေးမှာ ယခုနှစ်အတွင်း ထားဝယ်ဈေးကွက်တွင် အမြင့်ဆုံးဈေးဖြစ်ကြောင်း ရေထွက်ကုန် ရောင်းဝယ်သူ အထက်ပါ […]

ထားဝယ်၊ ကနိုင်းဒါတိုးဂိတ်အနီးတွင် လယ်ထွန်စက်နှင့်အတူ အမျိုးသားတစ်ဦး သေနတ် ဒဏ်ရာဖြင့်သေဆုံး

Dawei Watch

April 27, 2025

ထားဝယ်မြို့နယ် ၊ ကနိုင်းဒါရွာနှင့် ရှင်မုတ္ထီးရွာအကြားရှိ တိုးဂိတ်အနီးတွင် ဧပြီလ ၂၆ ရက် ညနေပိုင်း၌ လယ်ထွန်စက်မောင်းလာသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေပြီး အနီးတွင်လယ်ထွန်စက် တစ်စီးလည်း တိမ်းမှောက်နေသည်ကို မြင်တွေ့ခဲ့ရကြောင််း ဒေသခံများကဆိုသည်။ လယ်ထွန်စက်သည် ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့ဘက်သို့ ဦးတည်နေပြီး ကားလမ်းမ၏ ဘယ်ဘက်လမ်းနံဘေးသို့ ထိုးကျနေကြောင်း သေဆုံးနေသူမှာ ထွန်စက်မောင်းသူဖြစ်နိုင်ကြောင်း ၎င်းတို့ကဆိုသည် ။ ယင်းအမျိုးသားသည် ထားဝယ်မြို့နယ်၊ ကူးတို့ရွာမှ ကိုဘစိုးကြည် ဆိုသူဖြစ်ပြီး လယ်ထွန်စက်မောင်းလာသူ ဖြစ်နိုင်ကြောင်း ဒေသခံတို့ကပြောသည် ။ “အလောင်းမှာက ခေါင်းမှာ ကျည်ဆန်ဖောက်ဝင်ထားတဲ့ အပေါက်ကြီးနှစ်ပေါက်၊ အပေါက်ငယ်တစ်ပေါက်နဲ့ လဲကျနေတာ။ ညနေ ၅ နာရီခွဲလောက်မှာ ပရဟိတအဖွဲ့တွေက အလောင်းလာကောက်ပြီး ထားဝယ်ဆေးရုံကို သယ်သွားတယ်။ အလောင်းလာမကောက်ခင် ကတည်းက အသက်ကမရှိတော့ဘူး ” ဟု […]