မဲဆောက် စည်ပင်ရုံးအနီး ပစ်ခတ်နေသည့် သေနတ်သမားကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး
Dawei Watch
May 6, 2025ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ စည်ပင်ရုံးအနီးတွင် ရမ်းသမ်းပစ်ခတ်နေသော သေနတ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက မဲဆောက်မြို့ စည်ပင်ရုံးအနီးတွင် သေနတ်သမားသည် ပစ်ကပ်ကားကို စီး၍ ရိုင်ဖယ်သေနတ်ကို ကိုင်ကာ အနီးအနားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နံနက် ၆ နာရီတွင် ရဲတပ်ဖွဲ့က ဆီဆိုင်နှင့် လမ်းအချို့ကို ပိတ်၍ လမ်းသွားလမ်းလာများကို ရှောင်ရှားပြီး သွားကြရန် သတိပေးခဲ့ကြောင်း ဖော်ပြသည်။ ထို့နောက် သေနတ်သမားကို ဆီဆိုင်အနီး ပိတ်ဆို့၍ ရှာဖွေဖမ်းဆီးခဲ့ရာ နံနက် ၈ နာရီခန့်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။ သေနတ်သမားသည် စိတ်ရောဂါ ခံစားနေရကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားသည်။ လက်ရှိတွင် သေနတ်သမားနှင့် ပတ်သက်၍ အချက်အလက်နှင့် ပစ်ခတ်ရသည့် […]


