ထားဝယ်၊ ကျောက်ရပ်ရွာတွင် သစ်ဆိုင်မှအမျိုးသားကိုဖမ်းပြီး ဆိုင်နှင့်အိမ်ကို စစ်ကောင်စီတပ် သိမ်းထား
Dawei Watch
May 14, 2025ထားဝယ်မြို့ အဝင်အထွက်တံတားဖြစ်သည့် ကျောက်ရပ်ရွာ ပေါက်တိုင်းတံတားဂိတ် အနီးရှိ သစ်အရောင်းဆိုင်တွင်နေထိုင်သူ ဦးသန်းအောင်ကို စစ်ကောင်စီ ကဖမ်းဆီးပြီး ယင်းဆိုင်တွင် တပ်စခန်းချထားကြောင်း ရွာသားများထံမှသိရသည်။ မေလ ၇ ရက်က ပေါက်တိုင်းတံတားဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ရက်အကြာ မေလ ၁၀ ရက်တွင် ဦးသန်းအောင်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဆိုင်မှသစ်သားများကို စစ်ကောင်စီတပ်သားများ ယူဆောင်သွားကြောင်း၊ သစ်အရောင်းဆိုင်နှင့် ယင်းဆိုင်မှ ပိုင်သည့် သုံးထပ်တိုက်တွင် စစ်ကောင်စီတပ်သားများ ယနေ့ မေလ ၁၄ ရက်အထိ တပ်စွဲနေထိုင်ဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသော ရွာသားများက ဆိုသည်။ ” သစ်သားဆိုင်နဲ့ ဘေးက သုံးထပ်တိုက်ကို စနေနေ့မှာ ဝင်လာပြီး ဆိုင်က ဦးသန်းအောင်ကို ဖမ်းခေါ်သွားတယ်။ သစ်တွေလည်း အကုန်ယူသွားတယ်။ ပြီးတော့ အဲဒီသုံးထပ်တိုက်မှာ သူတို့ဝင်နေကြတယ်။ သုံးထပ်တိုက်က […]


