BREAKING
November 16, 2025

သတင်း

မြန်မာဖိုက်တာ သန့်ဇင် အပေါ့စားလေ့ကျင့်ရေးများ စတင်ဆောင်ရွက်နိုင်ပြီ

Dawei Watch

May 15, 2025

မြန်မာဖိုက်တာ သန့်ဇင်သည် မျက်လုံးဝေဒနာ သက်သာလာခဲ့ပြီဖြစ်၍ လေ့ကျင့်ရေးအချို့ကို ပြန်လည်စတင် ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးလိုက်ပြီဖြစ်သည်။ သန့်ဇင် သည် လက်ရှိအချိန်၌ အပေါ့စားလေ့ကျင့်ရေးများက လုပ်ဆောင်နေပြီး တစ်လအတွင်း၌ ကျန်းမာရေးအခြေအနေ စိတ်ချလာနိုင်ဖွယ်ရှိကြောင်း ၎င်း၏အစ်ကို ကိုထွန်းလွင်မိုးကလည်း ပြောကြားထားသည်။ သန့်ဇင်သည် ပက်ဆူကန်ဗစ်နှင့်ထိုးရမည့်ပွဲစဉ် မတိုင်မီ ကျန်းမာရေးစစ်ဆေးမှုခံယူရာ၌ မျက်လုံးတွင် အစက်အပျောက်များ တွေ့ရှိရသည့်အတွက် ဆရာဝန်က ပွဲဖျက်သိမ်းရန် တင်ပြလိုက်ခြင်းဖြစ်သည်။ အဆိုပါ မျက်လုံးတွင်း အစက်အပျောက် တွေ့ရှိမှုမှာ သာမန်အားဖြင့် သီတင်းတစ်ပတ်ကျော်ကာလအတွင်း သက်သာပျောက်ကင်းနိုင်သော်လည်း Fight အားကစားနည်းဖြစ်နေခြင်းကြောင်း တစ်စုံတစ်ခုဖြစ်သွားမည်ကို စိုးရိမ်ကာ ဆရာဝန်က ပွဲဖျက်လိုက်ခြင်းဖြစ်သည်ဟု ကိုထွန်းလွင်မိုးက ရှင်းပြသည်။ သန့်ဇင်၏မျက်လုံးအခြေအနေသည် စိတ်ချရသောအဆင့်သို့ ရောက်လာခဲ့ပြီဖြစ်ပြီး တစ်လခန့် အချိန်ယူကုသပြီးပါက ပွဲထိုးနိုင်တော့မည်ဖြစ်ကာ သန့်ဇင်၏ပြိုင်ဘက်မှာ ပက်ဆူကန်ဗစ် သာဖြစ်ဖွယ်ရှိသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ […]

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များ အလှပြကားဖြင့် မြို့တွင်းလှည့်လည် အောင်ပွဲခံမည်

Dawei Watch

May 14, 2025

ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို လီဗာပူး ဆွတ်ခူးရယူသွားခြင်းအတွက် အလှပြကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံမည်ဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။ ယခုအစီအစဉ်ကို Krungthai-AXA Life အာမခံလုပ်ငန်းက အကောင်အထည်ဖော်ပေးခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ကို The Red Day ဟု သတ်မှတ်ကာ ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များက အောင်ပွဲခံအခမ်းအနားများ ကျင်းပမည်ဖြစ်သည်။ ဘန်ကောက်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် CentralWorld၊ Victory Monument နှင့် Central Ladprao စသည့်နေရာများတွင် ချန်ပီယံများ၏ချီတက်ပွဲဟု ခေါ်ဝေါ်သတ်မှတ်ကာ လီဗာပူးပရိသတ်များက အောင်ပွဲခံအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။ ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် CentralWorld Square တွင် နေ့လည် ၁ နာရီကစတင်၍ အောင်ပွဲခံအခမ်းအနား ကျင်းပမည်ဖြစ်ပြီး အထူးဧည့်သည်တော်များက အလှပြကားဖြင့် မြို့တွင်းလှည့်လည်အောင်ပွဲခံခြင်းကို ညနေ […]

ထားဝယ်၊ အရှေ့တော ပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး သေဆုံး

Dawei Watch

May 14, 2025

ထားဝယ်အရှေ့တော ဘဝပင်ရွာနှင့် ဝကုန်းရွာကြား ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော်တစ်ဦး သေဆုံးသွားကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ)နှင့် ဒေသခံအချို့က ပြောသည်။ မေလ ၉ ရက် နေ့လယ် ၁၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံမဏိပြောက်ကျားတပ်ဖွဲ့(နဘယံ) က အသက် ၂၅ နှစ်ခန့်ရှိ ရဲဘော်ပိုင်ပိုင် သေဆုံးပြီး နှစ်ဦးဒဏ်ရာရသည်ဟု ယင်းတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ယာမီးလောင်(ထား)တဲ့တောကို ဖြတ်(သွား)တာမှာ ကင်းသမားနဲ့အရင်တွေ့လို တော်သေးတယ်။ မဟုတ်ရင် အကုန်သွားပြီ၊ သူတို့က တောင်ပေါ်က ကျွန်တော်တို့က တောင်အောက်ကလိုဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးထိခိုက်နိုင်သည်ဟု ယင်းတာဝန်ရှိသူနှင့် ဒေသခံအချို့က ပြောသည်။ “စစ်တပ်ဘက်ကလည်း ငါးယောက်လောက်နာတယ်ပြောတယ်၊ အတိအကျတော့ အတည်မပြုနိုင်ဘူးပေါ့နော်” […]

မြိတ်တွင် မင်းဂွတ်သီးတစ်လုံး ကျပ်တစ်ထောင်အထိ ဈေးပေါက်

Dawei Watch

May 14, 2025

မြိတ်တွင် ရာသီပေါ် မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း တောင်သူများနှင့် သစ်သီးဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ အာဏာစသိမ်းချိန်ကမူ မင်းဂွတ်သီးတစ်လုံးလျှင် ကျပ် ၁၀၀ ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာက ပြီးခဲ့သည့်နှစ်တွင် တစ်လုံးလျှင် ကျပ် ၃၀၀ ဝန်းကျင်သာရှိခဲ့ကြောင်း သစ်သီးဆိုင်ပိုင်ရှင်အချို့က ပြောသည်။ မြိတ်ဒေသရှိ ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်တွင် မင်းဂွတ်သီးမထွက်သေးဘဲ မြိတ်မြို့နယ် တစ်ခုတည်းတွင်သာ ထွက်ရှိသေးသဖြင့် ဈေးကောင်းနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီကုန်ဈေးနူန်းနဲ့ကျတော့ ဒီလောက်ဈေးကောင်းရထားမှ အဆင်ပြေတယ်”ဟု မြိတ်မြို့ရှိ သစ်သီးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ သို့ရာတွင် ယခုနှစ် မိုးရွာသွန်းချိန်စောသည့်အတွက် နောက်ပိုင်းထွက်ရှိသည့် မင်းဂွတ်သီးများမှာ အပင်ပေါ်တွင်ပင် ပုပ်လာကြောင်း မြိတ်မြို့နယ်အတွင်းရှိ မင်းဂွတ်သီးခြံပိုင်ရှင်တစ်ဦးက‌ ဆိုသည်။ “အရင်တစ်ခေါက်သီးတဲ့ အသီးတွေပဲ ရောင်းတန်းဝင်တယ်။ ဈေးကောင်းရတယ်။ […]

ရေဖြူတွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေပြီး လူ ၂၀ ဒဏ်ရာရ

Dawei Watch

May 14, 2025

ရေဖြူမြို့နယ်၊ ရာဖူးကျေူရွာအနီးတွင် ယနေ့(မေ ၁၄)နေ့လယ်ပိုင်းက ယာဉ်တိုက်မှုဖြစ်ရာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးသေဆုံးပြီး လူ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံမှသိရသည်။ ကျိုက်ထီးရိုးဘုရားမှ ပြန်လာသည့် အန်စာတုံး အမျိုးအစား ဘုရားဖူးယာဉ်နှင့် ထားဝယ်မြို့ဘက်မှလာသည့် ဗီဂိုကားတို့ ရေဖြူမြို့နယ်၊ ရာဖူးရွာအုပ်စု လော့သိုင်းကျေးရွာနှင့် ကျောက်ကဒင်ကျေးရွာကြား မိုင်တိုင်အမှတ် ၁၁၈ အနီးတွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါယာဉ်တိုက်မှုကြောင့် သံ‌ဃာတော် ၂ ပါး၊ကလေး ၂ဦး ၊အမျိုးသား ၅ ဦး နှင့် အမျိုးသမီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ထံမှသိရသည်။ ဒဏ်ရာရရှိသူ ၂၁ ဦးကို ကလိန်အောင်တိုက်နယ်ဆေးရုံ၌ ကနဦး ဆေးကုသမှုပေးကာ ထားဝယ်ဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်းခရီး၌ […]

ကန်ချနဘူရီတွင် အလုံပိတ်ကားထဲ လိုက်ပါလာသော မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

Dawei Watch

May 14, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ယနေ့ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသားများကားဖြင့် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသတွင် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က လမ်းတွင် ဂိတ်ချ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် မသင်္ကာစရာ အလုံပိတ်ထားသော ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ကားထဲတွင် ပြည့်ကျပ်စွာ လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အားလုံးတွင် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာက သွားရောက်ခေါ်ဆောင်လာပြီး ချွန်ဘူရီခရိုင်သို့ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း၊ ပို့ဆောင်ခအနေဖြင့် ဘတ် ၂၅၀၀၀ […]

ရေဖြူတွင် ယာဥ်တိုက်မှုဖြစ်ပြီး လူ ၂၀ထက်မနည်းဒဏ်ရာရ၊ ကားထဲတွင် ညှပ်နေသူများရှိ

Dawei Watch

May 14, 2025

ရေဖြူမြို့နယ်၊ ရာဖူးရွာတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ၂၀ ဦးခန့် ဒဏ်ရာရပြီး ကားထဲတွင် ညှပ်နေသူများ ရှိနေသေးကြောင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်နေသည့် တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲထံမှ သိရသည်။ ရာဖူးရွာလယ်၌ ယနေ့ မေလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခရီးသည်များ လိုက်ပါလာကြသည့် Vigo ကားနှင့် အန်စာတုံးကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ ဒဏ်ရာရရှိသူများကို လက်ရှိတွင် ကလိန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။ ဒဏ်ရာရရှိသူများကို ကလိန်အောင်တိုက်နယ်ဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ ဆက်လက်သယ်ဆောင်ရန် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့အမှ အရေးပေါ်လူနာတင်ယာဉ် ၁၁စီးထွက်ခွာလာကြောင်း တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ […]

ဂျာမနီတွင် ဘုရင်အဖြစ်ကြေညာပြီး စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးစားသူကိုဖမ်းဆီး

Dawei Watch

May 14, 2025

ဂျာမနီနိုင်ငံတွင် ဘုရင်အဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးစားသူနှင့်အပေါင်းအပါများကို အစိုးရက ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ‘Reichsbürger’(အင်ပါယာနိုင်ငံသားများ) ဟု အမည်ပေးထားသည့်အဖွဲ့က ‘ဂျာမနီဘုရင့်နိုင်ငံ’ ဟု အဓိပ္ပါယ်ရသည့် Königreich Deutschland ကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်းများက ဖော်ပြသည်။ အဆိုပါ အဖွဲ့သည် ဂျာမနီနိုင်ငံတွင် နောက်ထပ်အစိုးရတစ်ခု တည်ထောင်ရန် ကြိုးစားလျက်ရှိသည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါးဒေါ့ဘရင့်တ်က ဆိုသည်။ အဆိုပါအဖွဲ့က ၎င်းတို့အပေါ် လူအများထောက်ခံလာစေရန် ဂျူးမုန်းတီးရေး ဝါဒဖြန့်လျက်ရှိကာ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။ တရားမဝင် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ရန်ပုံငွေကို ဖန်တီးခဲ့သည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည့် ပီတာဖစ်ဇက်သည် ၎င်းကိုယ်၎င်း ဘုရင်အဖြစ် ခေါ်ဝေါ်သုံးစွဲလေ့ ရှိပြီး ၎င်းအား သစ္စာခံသည့် […]