ကျွန်းစုတွင် ရှေးဟောင်းစေတီတစ်ဆူ မိုးကြိုးထိမှန်
Dawei Watch
May 25, 2025ကျွန်းစုမြို့နယ် ၊ ညောင်ဘီးကျေးရွာအုပ်စု ၊ ပဲယာရွာ တောင်ပေါ်ရှိ ကျောက်မော်တောင်စေတီ မေလ ၂၃ ရက် ညနေပိုင်းက မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုးကြိုးထိမှန်သည့် စေတီသည် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ယခင်ကလည်း မိုးကြိုးထိမှန်ဖူးကြောင်း ပြန်လည်ပြုပြင်၍ ထီးပြန်တင်ထားသည်မှာ နှစ်နှစ်ခန့်သာရှိသေးကြောင်း ပဲယာရွာသားတစ်ဦးပြောပြသည်။ ” ဘုရားက အဖိုးတို့အဖွားတို့ခေတ်ကတည်းက ရှိနေတဲ့ ရှေးဟောင်းဘုရားပါ။ ပြန်ပြင်ထားတာ နှစ်နှစ်ပဲရှိသေးတယ်။ အခုမိုးကြိုးထပ်အပစ်ခံရပြီး ပျက်စီးသွားတယ် ” ဟု ၎င်းကပြောသည်။ မိုးကြိုးပစ်ခံရ၍ လူထိခိုက်ဒဏ်ရာရခြင်းနှင့် ကျေးရွာအတွင်း အခြားထိခိုက်မှုမရှိကြောင်း ၎င်းကဆက်ပြောသည်။ မိုးကြိုး ထိမှန်သည့် စေတီ၏ အလယ်ပိုင်း ခေါင်းလောင်းအနားထိ ပြိုကျပျက်စီးသွားကြောင်း ဓာတ်ပုံမှတ်တမ်းများ၌တွေ့ရသည်။ မေလ ၁၁ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် ၊ အလယ်မန်ရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ကာ ထိခိုက်ဒဏ်ရာရသဖြင့် […]


