BREAKING
November 17, 2025

သတင်း

ကုန်သည်များ ကွမ်းသီးနုကို ရွေးဝယ်သဖြင့် ကွမ်းခြံရှင်အချို့ အရောင်းရပ်

Dawei Watch

June 2, 2025

ကုန်သည်များသည် ကွမ်းသီးနုဝယ်ယူရာတွင် အလုံးအရွယ်အစားကို ရွေးချယ်ဝယ်ယူသဖြင့် ကွမ်းခြံရှင်အချို့က ကွမ်းသီးနု မရောင်းတော့ဘဲ ရပ်နားကြောင်း မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ဒေသခံများက ပြောသည်။ ကွမ်းသီးနုလာဝယ်သည့် ကုန်သည်များက ကွမ်းသီးလုံးအရွယ်အစားကိုသတ်မှတ်ပြီး ရွေးချယ်ဝယ်ယူနေကာ အရွယ်အစား မမီသည့် ကွမ်းသီးနုများကို မဝယ်တော့ကြောင်း ကွမ်းသီးခြံရှင်အချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်ကမူ ကွမ်းသီးနုအရွယ်အစားရွေးချယ်သတ်မှတ်ခြင်းမရှိဘဲ ခူးသမျှကို ဝယ်ယူခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်နေ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ “သူတို့လိုချင်တဲ့ ဆိုဒ်ပဲရွေးယူတယ်။ ကျန်တဲ့ အနုလုံးတွေက သူတို့မှ မယူရင် အကုန်ပစ်ရမှာ။ မနှစ်ကဆို ကြီးငယ်သောင်းပြောင်း အကုန်ယူတယ်။ ဒီနှစ်က ဈေးကလည်း နည်းတယ်။ ဝယ်လက်တွေက တော်တော် ချေး (ဂျီး) များတယ်။ ကျွန်တော်တို့ ကွမ်းခြံရှင်တွေ အခက်တွေ့တယ်” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် […]

ယူကရိန်းက လျှို့ဝှက်ဒရုန်းစစ်ဆင်ရေးဖြင့် ဗျူဟာမြောက်ရုရှားဗုံးကြဲလေယာဉ် ၄၀ ကျော်ကို ဖျက်ဆီး

Dawei Watch

June 2, 2025

ရုရှားအကြီးစားလေတပ်စခန်းများရှိ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် အစီးရေ ၄၀ ကျော်ကို ယူကရိန်းက တိုက်ခိုက်ရေးဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ အဆိုပါ လျှို့ဝှက်စစ်ဆင်ရေးတွင် ယူကရိန်းပြည်တွင်းလုံခြုံရေးအေဂျင်စီ (SBU) သည် ရုရှားထောက်လှမ်းရေးအေဂျင်စီ (FSB) ၏ ဒေသန္တရရုံးအဆောက်အအုံအနီးအနားတွင်ပင် လျှို့ဝှက်အမိန့်ပေးကွပ်ကဲစခန်းတစ်ခု တည်ဆောက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောသည်။ ‘ပင့်ကူအိမ် (Spider’s Web)’ ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးတွင် ဒရုန်းအစီးရေ ၁၁၇ စီးအသုံးပြုကာ ရုရှားလေတပ်စခန်းများကို မေလ ၃၁ရက် တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ကွန်တိန်နာကဲ့သို့ သစ်သားဂိုဒေါင်ကြီးများ၏ ခေါင်မိုးထဲတွင် အဆိုပါ ဒရုန်းများကို ဝှက်ထားကာ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် ယူကရိန်းလုံခြုံရေးအရာရှိတစ်ဦးက ပြောဆိုသည်။ အဆိုပါ သစ်သားကွန်တိန်နာများကို ထရပ်ကားများပေါ် တင်ကား […]

ကော့သောင်းမှ ထွက်လာသော မြန်မာကုန်တင်လှေတစ်စီး ထိုင်းပင်လယ်ပြင်တွင် နစ်မြုပ်

Dawei Watch

June 2, 2025

ထိုင်းနိုင်ငံ၊ ဖန်ငါးခရိုင်၊ စူရင်းကျွန်းအနီး ပင်လယ်ပြင်တွင် ကော့သောင်းမြို့မှထွက်လာသော မြန်မာကုန်တင်လှေတစ်စီး နစ်မြုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၁ ရက်နေ့ နေ့လယ် ၁၀ နာရီခန့်တွင် ကုန်ပစ္စည်းများကို တင်ဆောင်လာသော ဧရာလင်း အမည်ရှိ မြန်မာကုန်တင်လှေတစ်စီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ လှေပေါ်တွင် လှေဦးစီးအပါအဝင် မြန်မာနိုင်ငံသား ၇ ဦး လိုက်ပါလာပြီး လောင်စာဆီနှင့် အခြားကုန်ပစ္စည်းများကို သယ်ဆောင်လာကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သော မေလ ၂၃ ရက်နေ့က ယင်းကုန်တင်လှေသည် ကုန်ပစ္စည်းများကို တင်ဆောင်ရန် ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။ မေလ ၂၉ ရက်နေ့တွင် ရနောင်းဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ပြီး ကော့သောင်းမြို့သို့ ကုန်ပစ္စည်းပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့နောက် ဇွန်လ ၁ […]

သမုတ်ချုံးရွာတွင် ရေချိုးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

June 2, 2025

တနင်္သာရီမြို့ သမုတ်ချုံးရွာတွင် ရေချိုးနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်သားများက လာရောက်ပစ်ခတ်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားကြောင်း သိရသည်။ မေလ ၃၁ ရက် နံနက် ၈ နာရီဝန်းကျင်က သမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရေချိုးနေချိန် စစ်ကောင်စီတပ်သားများ လာရောက်ပစ်ခတ်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”ရေချိုးနေတုန်း သူတို့က တောင်ပေါ်ကနေလာပစ်တယ်။ ကင်းစောင့်ပေးနေသူတွေပြန်ပစ်ပြီးမှ ရေချိုးသမားတွေလည်း သေနတ်ယူပြီးပြန်ပစ်ကြတယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာရသွားပြီး နောက်တစ်ဦးမှာ လည်ပင်းကို ထိမှန်ကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်သားများက တောင်ပေါ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ကြပြီး တော်လှန်ရေးတပ်သားများက တောင်အောက်မှပြန်ပစ်ရသဖြင့် တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။ ”သူတို့က တောင်ပေါ်ကနေ အလိုပြည့်(စိတ်တိုင်းကျ) […]

လောင်းလုံးကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံများကိုဖမ်းဆီးခေါ်ဆောင်

Dawei Watch

June 2, 2025

တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ဘက်ကို စစ်‌ကူလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၃၀ ရက်က ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ တောလမ်းအတိုင်း စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်သည် ဥယျာဉ်ခြံများထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ အဖမ်းခံရသူများမှာ သဗျာကျေးရွာမှ ၄ ဦး၊ လောင်းလုံးမြို့ပေါ်မှ ၁၁ ဦး စုစုပေါင်း အနည်းဆုံး ၁၅ ဦးရှိကြောင်း ‌အဖမ်းခံရသူများနှင့်နီးစပ်သူတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် တောလမ်းအတိုင်း စစ်ကူဆင်းလာရာ မေလ ၃၁ ရက်နေ့တွင် သဗျာကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် လောင်းလုံးမြို့ထဲဝင်လာပြီး ထွေအုပ်ရုံးတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း မြို့ခံတို့ကပြောသည်။ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင်မူ […]

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ စော်ဝ သစ်ဆိမ့်ပင်ကျောင်း ဆရာတော် ပျံလွန်တော်မူ

Dawei Watch

June 1, 2025

ထားဝယ်မြို့နယ် ၊ ရှင်မုတ္ထီးကျေးရွာအုပ်စု ၊ စော်ဝရွာ သစ်ဆိမ့်ပင်ကျောင်း ပဓာန နာယက ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ သည် ယနေ့ ဇွန်လ ၁ ရက် ညနေပိုင်း တွင် လက်နက်ကြီး ကျည်စထိမှန်၍ ပျံလွန်တော်မူသွားကြောင်း တပည့်သံဃာနှင့်တကာများထံမှသိရသည် ။ ယနေ့ ဇွန်လ ၁ ရက်နေ့ မွန်းလွဲ တစ်နာရီခန့်ကစ၍ ရှင်မုတ္ထီးရွာအနီး ရွှေဂူတံတားရှိ စစ်ဆေးရေးဂိတ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်နေပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ယနေ့ ညနေပိုင်းအထိ ဆက်တိုက်ကြားနေရကြောင်း ဒေသခံများကပြောသည် ။ သစ်ဆိမ့်ပင်ကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဆရာတော်ကျည်စထိမှန်၍ ပျံလွန်တော်မူခြင်းဖြစ်ကြောင်း ဆရာတော် ၏ တပည့်ရဟန်းတစ်ပါးကမိန့်သည် ။ ” ဆရာတော်က ဦးခေါင်းမှာ လက်နက်ကြီးအစစင်ပြီး တစ်ခါတည်းပဲ ပျံတော်မူတာပါ ။ […]

ရေဖြူတွင် မိုင်းနင်းပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 1, 2025

ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအနီး၌ ‌မေလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းနင်းမိ၍ သက်ကြီးပိုင်း အမျိုးသာတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ မိုင်းနင်းမိ၍ သေဆုံးသူမှာ သစ်တိုထောင့်ရွာသား အသက် ၆၀ အရွယ်ခန့်ရှိသည့် ဦးကြည်လှ ဆိုသူဖြစ်သည်။ ၎င်းမှာ မေလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သစ်တို့ထောင့်ရွာအနီး၌ရှိသော ၎င်း၏ရာဘာခြံမှ အခြား ဥယျာဉ်ခြံတစ်ခုသို့ သွားချိန် လမ်းတစ်နေရာ၌ မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မိုင်းက ကြိုးမိုင်းပေါ့နော်၊ ကြိုးကို သွားတိုက်မိချိန်မှာ ပေါက်သွားတာ။ ခြေသလုံးတစ်ဖက် စုတ်ပြတ်သွားပြီး ရင်ဘတ်ကိုထိသွားတယ်။ အဲဒီဒဏ်ရာနဲ့ပဲကွယ်လွန်သွားတာ’ဟု ၎င်းဒေသခံကပြောသည်။ မိုင်းနင်းမိသော နေရာအနီးတစ်ဝိုက်တွင် ဗထူးတပ်နှင့် ပူးပေါင်းတပ်ဖွဲ့များ ယခင်ကလှုပ်ရှားနေထိုင်ခဲ့ဖူးကြောင်း Dawei Watch မှ စုံစမ်းသိရှိရသည်။ ယင်းနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို […]

သရက်ချောင်း ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်၊ ဒေသခံတစ်ဦးသေဆုံး

Dawei Watch

June 1, 2025

ထားဝယ်- သရက်ချောင်းသွားလမ်း( အမှတ် ၈ ပြည်ထောင်စုလမ်း)ရှိ စစ်ကောင်စီတပ်၏ ရွေဂူတံတားစစ်ဆေးရေးဂိတ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ ဇွန်လ ၁ ရက် မွန့်လွဲ ၁ နာရီခန့်မှစပြီး တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်းဒေသခံအချို့ကပြောသည်။ ယနေ့ ညနေ သုံးနာရီအချိန်မေးမြန်းချက်အရ တိုက်ပွဲဖြစ်ပွားနေသည့် ရွှေဂူတံတောင်ခြေရင်းတွင် နေထိုင်သည့်အိမ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်သဖြင့် သေဆုံးသွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “အလောင်းကို သွားကောက်လို့မရသေးဘူး” ၎င်းကဆိုသည်။ တော်လှန်ရေးတပ်တို့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ရွေဂူတံတားစစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်‌ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မတ်လ ၃၀ ရက်မှ ၃၁ ရက်အထိ ထားဝယ်မြစ်၏အနောက်ဘက်ကမ်း လောင်းလုံးမြို့နှင့် လက်ခတ်တောင်တာဝါတိုင်ကုန်းတို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့တွင်မူ ထားဝယ်မြစ်၏ […]