BREAKING
May 24, 2025

သတင်း

ကော့စမွေ မြေပြိုမှုတွင် ပျောက်နေသော မြန်မာနှစ်ဦး၏ အလောင်းများတွေ့

Dawei Watch

December 16, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်း မြေပြိုရာတွင် ပျောက်ဆုံးနေသော မြန်မာအလုပ်သမားနှစ်ဦး၏ အလောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၅) ည ၆ နာရီအချိန်ခန့်က မြေကြီးများအောက်တွင် တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူများသည် အသက် ၃၉ နှစ်အရွယ် ကိုမိုးစက်နှင့် အသက် ၁၉ နှစ်အရွယ် ကိုအောင်ကိုအမည်ရှိ မြန်မာအလုပ်သမားနှစ်ဦး ဖြစ်သည်။ သေဆုံးသူများ၏ မြန်မာနိုင်ငံဇာတိကို စုံစမ်းနေဆဲဖြစ်သဖြင့် မသိရသေးပေ။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လမိုင်းဒေသ ဟီမထွန်းလမ်းရှိ ဆောက်လုပ်ရေးဆိုဒ်ထဲက အလုပ်သမားအဆောင်ဘက်တွင် မြေပြိုမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ မြေပြိုမှုကြောင့် အဆောင်ထဲရှိနေသော မြန်မာအလုပ်သမားနှစ်ဦး မြေကြီးအောက် ပျောက်ဆုံးခဲ့သဖြင့် လမိုင်းကယ်ဆယ်ရေးအဖွဲ့များက ဆက်တိုက် ရှာဖွေနေခြင်းဖြစ်သည်။ သို့သော်လည်း မိုးအဆက်မပြတ်ရွာပြီး မြေပြိုမှုများ ပြန်ဖြစ်လာနိုင်သဖြင့် […]

ဒေါင်းနက်အဖွဲ့ဝင်များကို ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီး

Dawei Watch

December 16, 2024

ကျွန်းစုမြို့နယ်ရှိ ဒေသခံအချို့ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်စာများ ပို့နေသည့် ဒေါင်းနက် (Black Peacock) အဖွဲ့ဝင် ၄ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသခံအချို့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှသိရသည်။ အဆိုပါ ဒေါင်းနက်အဖွဲ့သည် ‌ကျွန်းစုမြို့နယ်အတွင်း‌ရှိ လုပ်ငန်းရှင်အချို့နှင့် ကုန်သည်အချို့ကို သတ်ဖြတ်မည်ဆိုသည့် ခြိမ်းခြောက်စာများ ပေးပို့နေ‌သည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ (စစ်ခွေးလက်ပါးစေ သုတ်သင်ရေးအဖွဲ့) ဟု အမည်ပေးထားသည့် ဒေါင်းနက်အဖွဲ့ဝင် လေးဦးကို ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မုံချောင်းကြီးရွာတွင် လက်နက်များအတူ ဖမ်းဆီးရမိသည်ဟုသိရကြောင်း ကျွန်းစုမြို့နယ် အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါအဖွဲ့ဝင်လေးဦးကို နံနက် ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခဲ့သည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။ “ဒေါင်းနက်အဖွဲ့ဆိုပြီး ကြားဖူးနေတာတော့ ကြာပြီ။ […]

လောင်းလုံး အင်းဝန်းရွာသားတစ်ဦး ငါးဖမ်းရာမှ ရေနစ်သေဆုံး

Dawei Watch

December 16, 2024

လောင်းလုံးမြို့နယ်၊ အင်းဝန်းရွာသားတစ်ဦးသည် ဒီဇင်ဘာလ ၁၅ရက် ညနေပိုင်းတွင် ငါးဖမ်းသွားရာမှ ရေနစ်သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ကျော်အရွယ် ဦးတင်လတ်သည် မင်းရပ်ကျေးရွာရှိ အင်းများအတွင်း ငါးဖမ်းစဉ် ရေထဲတွင် ကြွက်တက်ပြီး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရေထဲမှာ ကြွက်တက်‌တော့ လူလွန့်ပြီး သူ့ငါးပိုက်နဲ့ သူထုတ်ပြီးသေသွားတာ” ဟု ၎င်းက ဆိုသည်။ တစ်ဦးတည်း ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးနေစဉ် ကြွက်တက်ပြီး ရေနစ်နေသည်ကို ကယ်မည့်သူမရှိသဖြင့် သေဆုံးသွားခြင်းကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ အခြားငါးဖမ်းသမားများက အိမ်ပြန်မည့်အချိန်တွင် ဦးတင်လတ်ကို မတွေ့သဖြင့် လိုက်လံရှာဖွေရာ အင်းထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ် လောင်းလုံးမြို့နယ် အောက်ဘက်ရှိကျေးရွာများကို စစ်ကြောင်းထိုးမှုကြောင့် မင်းရပ်အပါအဝင် အနီးဝန်းကျင် ကျေးရွာများက ဒေသခံများ […]

ကွမ်းသီးစျေးကောင်းချိန် ဘုတ်ပြင်းတွင် ကွမ်းသီးအခိုးခံရမှုများလာ

Dawei Watch

December 16, 2024

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံများတွင် ကွမ်းသီးသူခိုးပေါများလာသည့်အတွက် တောင်သူများ အခက်တွေ့ရနေကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။ ယခုနှစ်တွင် ကွမ်းသီးဈေးကောင်းနေသလို ကွမ်းသီးခိုးသူလည်း ပိုများလာကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ကွမ်းသီးမှည့်တစ်လုံးလျှင် ၆၀ ကျပ် မှ ၇၅ ကျပ် ဝန်းကျင် အထိပေါက်ဈေးရှိနေသည်။ ပြီးခဲ့သည့်နှစ်ကမူ ကွမ်းသီးမှည့်တစ်လုံးလျှင် ၃၀ကျပ် မှ ၄၅ကျပ်ဝန်းကျင်သာရှိသည်။ “ခေတ်မကောင်းတော့ ဆေး(မူးယစ်ဆေး)သုံးသမားတွေက ပိုဆိုးလာတယ် ဆေးသုံးဖို့ ကြေးပြား(ငွေ)မရှိရင် သူများခြံထဲက ကွမ်းသီးတွေလိုက်ခိုးရောင်းတယ်။ ဘယ်သူကိုသွားတိုင်လို့ သွားတိုင်ရမှန်းလည်းမသိဘူး။ အသက်အန္တရာယ်ကလည်း ကြောက်ရသေးတယ် “ဟု အဆိုပါ ကွမ်းသီးစိုက်တောင်သူက ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဘုတ်ပြင်းမြို့နယ်အတွင်း WY စိတ်ကြွဆေးပြား ရောင်းချသုံးစွဲသူ ပိုများလာသည့်အတွက် သူခိုးလည်း ပိုများလာကြောင်း ကွမ်းသီးစိုက် အခြားတောင်သူတစ်ဦးက ဆိုသည်။ “ကွမ်းသီး […]

မိုးဆက်တိုက်ရွာနေသည့် ကော့စမွေကျွန်းတွင် မြေပြိုပြီး မြန်မာနှစ်ဦးပျောက်ဆုံး

Dawei Watch

December 15, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် မိုးဆက်တိုက်ရွာသွန်းပြီး မြေပြိုမှုဖြစ်ခဲ့ရာ မြန်မာအလုပ်သမားနှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။ ကျွန်းပေါ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ကတည်းက စတင်ကာ မိုးဆက်တိုက် ရွာသွန်းနေပြီး ကျွန်းပေါ်နေရာအနှံ့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် လမိုင်းဒေသ ဟီမထွန်းလမ်းရှိ အလုပ်သမားအဆောင်ဘက်တွင် မြေပြိုမှုဖြစ်ခဲ့ပြီး မြေပြိုမှုကြောင့် အသက် ၂၇ နှစ်နှင့် ၃၇ အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ပြီး ကျွန်းပေါ်တွင် ရေကြီးနှင့် မြေပြိုမှုအန္တရာယ်များကို ဂရုစိုက်ကြရန် ညွှန်ကြားထားသည်။ Ref: Khaosod English, Thai PBS, Daily News

ပုလောတွင် စစ်ကောင်စီတပ်က အထက်တန်းကျောင်းသားများကိုပါ ပေါ်တာဆွဲနေ

Dawei Watch

December 15, 2024

စစ်ကောင်စီတပ်က ပုလောမြို့ရှိ အရပ်သားလူငယ်အများအပြား ဖမ်းဆီးခေါ်ဆောင်သွားရာ အခြေခံပညာ ကျောင်းသားများလည်းပါသွားကြောင်း မြို့ခံများနှင်ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်‌ကောင်စီတပ်က ပုလောမြို့ပေါ်ရပ်ကွက်များနှင့် ရှပ်ပုံကျေးရွာနေ လူငယ်အများအပြားကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ကပြောသည်။ ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပုလောတံတားထိပ်၌ လူငယ်များကိုဖမ်းဆီးခဲ့ပြီး ပုလောမြို့ပေါ် ရပ်ကွက်များတွင်လည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ပုလောမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထို့နောက် ညပိုင်းတွင်လည်း ထပ်မံဖမ်းဆီးခဲ့ရာ Grade 12 အတန်းတက်‌ရောက်နေသည့် အထက်တန်းကျောင်းသားနှစ်ဦးလည်း ပါသွားကြောင်း ၎င်းက ပြောသည်။ “တစ်နေ့တည်းဖမ်းတာ အယောက်ခြောက်ဆယ်လောက်ရှိတယ်။ ကျောင်းသားနှစ်‌ယောက်လည်းပါသွားတယ်။ ကလေးတွေက အရပ်ဝတ်နဲ့ကျူရှင်သွားတာပါ။ ကျောင်းသားတွေတောင် အလွတ်မပေးဘူး”ဟု အထက်ပါ မြို့ခံအမျိုးသမီးက ဆိုသည်။ အဖမ်းခံရသည်အရပ်သားလူငယ်များတွင် အသက်၁၃ နှစ်အရွယ်မှ ၃၅ နှစ်အရွယ်အထိ ပါဝင်နေကြောင်း […]

မြိတ် ဓနိရည်ချို ယခင်နှစ်ထက် ရောင်းအားကျ

Dawei Watch

December 15, 2024

မြိတ်မြို့တွင် ဆောင်းရာသီ၏ ရာသီစာတစ်ခုဖြစ်သည့် ဓနိရည်ချိုမှာ ယမန်နှစ်ထက် ရောင်းအားကျဆင်းသွားကြောင်း ဓနိရည်ချိုလုပ်နေသူများနှင့် ရောင်းသူများထံမှသိရသည်။ ဆောင်းဝင်ချိန်နောက်ကျခြင်းနှင့် အအေးဓာတ်နည်းပါးခြင်းကြောင့် ဓနိရည်ချို ရောင်းအားကျသွားခြင်း ဖြစ်နိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။ မြိတ်မြို့၏ ဓနိရည်ချိုတန်း(ရောင်းချသည့်နေရာ)မှာ ဒေသတွင်းနာမည်ကြီးပြီး ဆောင်းရာသီတွင် စည်ကားနေလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်များက ဓနိရည်ချိုကို မိုးရာသီကုန်သည့် အောက်တိုဘာလနှောင်းပိုင်းတွင် စတင်ရောင်းချလေ့ရှိသော်လည်း ယခုနှစ်တွင်မူ နိုဝင်ဘာလနှောင်းပိုင်းရောက်မှ စတင်ရောင်းချနိုင်ခဲ့ကြောင်း မြိတ်မြို့တွင် ၁၅နှစ်ကျော် ဓနိရည်ချိုရောင်းချခဲ့သူ တစ်ဦးက ဆိုသည်။ “ဓနိရည်ချိုက အေးမှပဲရောင်းရတာ။ သောက်တဲ့သူတွေကလည်း အေးမှ ပိုသောက်ကြတာ။ အခုက ရာသီဥတုကမမှန်တော့ ကျွန်တော်တို့ဆို နိုဝင်ဘာလကုန်ပြီးလောက်မှပဲ ရောင်းဖြစ်ခဲ့တာ”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က တစ်ရက်လျှင် ဓနိရည်ချို တစ်လီတာဝင်ဘူး ၆၀ ဝန်းကျင်ရောင်းခဲ့ရသော်လည်း ယခုနှစ်တွင်မူ ပျမ်းမျှအားဖြင့် ဗူး ၂၀ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 14, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသကို AA သိမ်းယူ၊ ဗိုလ်မှူးချုပ်သူရိန်ထွန်း ဖမ်းဆီးခံရ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောဒေသတစ်ခုလုံးကို သိမ်းယူနိုင်ခဲ့ပြီး စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ကိုလည်း ဖမ်းမိထားလို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မောင်တောဒေသမှာ နောက်ဆုံးကျန်ရှိတဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ (နခခ-၅) စခန်းကို ၅၅ ရက်ကြာတိုက်ခိုက် ပြီးနောက် ဒီဇင်ဘာလ ၈ရက်မှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၁၅ ရဲ့ […]