သရက်ချောင်း မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ် ထိတွေ့ပစ်ခတ်မှုဖြစ်
Dawei Watch
June 5, 2025သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းရှိ မင်းဒပ်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ ဇွန်လ ၅ ရက် နံနက် ၈ နာရီခွဲကျော်တွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ မင်းဒပ်ရွာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ရွာအနောက်ဘက်ပိုင်းသို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ “ရငဲ၊ ကျွဲမင်းကုန်းရွာဘက်ကို (စစ်ကောင်စီတပ်) စစ်ကြောင်းထပ်ထိုးဖို့ လမ်းပေါက်ရှာတာထင်တယ်။ မနေ့ကတည်းက သူတို့လမ်းပေါက်ရှာနေတာ သတိထားမိတယ်” ဟု မင်းဒပ်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။ မင်းဒပ်ရွာသို့ စစ်ကောင်စီတပ် မေလ ၂၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးကာ သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ယနေ့တွင် ရွာအနောက်ဘက်ပိုင်း၌ […]


