လောင်းလုံးတွင် ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်
Dawei Watch
November 22, 2024လောင်းလုံးမြို့နယ်၊ မြို့ဟောင်းရွာတွင် ဒေသခံရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ တောင်မင်းပြောင်ရွာမှတစ်ဆင့် မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းတွင် ရွာသား နှစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ ပစ်သတ်ခံရသည့် မြို့ဟောင်းရွာသားနှစ်ဦးမှာ ဦးကြည်ဝင်း(ပန်းရံဆရာ) နှင့် ကို နောင်နောင်တို့ ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “တစ်ယောက်ကိုတော့ ကောက်ရိုးတွေနဲ့ဖုံးခဲ့ပြီး နောက်တစ်ယောက်ကိုတော့ မြေမြှုပ်ခဲ့ထားခဲ့တယ်”ဟု ၎င်းကပြောသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့က ထားဝယ် မြို့ပေါ် တွင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ထားဝယ်မြစ်တစ်ဘက်ကမ်းရှိ လောင်းလုံးမြောက်ပိုင်း ကျေးရွာများကို အင်းအားများစွာဖြင့် စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ ယင်းစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် မြို့ဟောင်းရွာနှင့် တစ်ဆက်တည်းရှိသည့် ဒေါင်းရှောင်ရွာနှင့် ပိန်းရှောင်ရွာအနီး ဝန်းကျင် ရှိ ရေဖြူမြို့နယ်နှင့် […]