BREAKING
November 17, 2025

သတင်း

ကျိုက်ထိုတွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးနေသည့် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

June 9, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့် ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၈ ရက် နံနက် ၉ နာရီခန့်က ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းနှင့် မြို့ရှောင်လမ်းဆုံအနီးတွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း အစရှိသည့် ပူးပေါင်းတပ်ဖွဲ့တို့က လိုင်စင်မဲ့မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ထိုသို့ ဖမ်းဆီးစစ်ဆေးနေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးက ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဝင်းကြိုင်ကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ဒုရဲအုပ်ဝင်းကြိုင် သေဆုံးကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “လိုင်စင်မဲ့ (ယာဉ်) တွေကို ဖမ်းနေတဲ့အချိန်မှာ ဝင်ပစ်သွားတာ။ အဲဒီမှာက စစ်တပ်တွေလည်း ရှိတယ်။ အဲဒါကို ဆိုင်ကယ်နဲ့ […]

ဒေးဗစ်ဘက်ခမ်းကို ဆာဘွဲ့ ချီးမြှင့်မယ်

Dawei Watch

June 9, 2025

အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းကို အခုသီတင်းပတ်ထဲမှာ ဆာဘွဲ့ ချီးမြှင့်တော့မယ်လို့ သိရှိရပါတယ်။ ချားလ်စ်ဘုရင် ၃ ဟာ ဒေးဗစ်ဘက်ခမ်း ကို သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုနဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်မှုတွေအပေါ် အသိအမှတ်ပြုတဲ့အနေနဲ့ ဆာဘွဲ့ ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။ အခွန်ရေးရာပြဿနာတွေကို ဖြေရှင်းနေရတာကြောင့် အချိန်နောက်ဆုတ်လိုက်ရတဲ့ ဘုရင့်မွေးနေ့တော် ဂုဏ်ပြုပွဲကို အခုသီတင်းပတ်ထဲမှာ ကျင်းပဖို့ ရှိနေပါတယ်။ ဘုရင့်မွေးနေ့တော် ဂုဏ်ပြုစာရင်းထဲမှာ ဒေးဗစ်ဘက်ခမ်းကို သူကောင်းဘွဲ့ ချီးမြှင့်ဖို့ရှိနေပြီး ဒေးဗစ်ဘက်ခမ်းဟာ ဆာဘွဲ့ ရရှိမှာဖြစ်ပါတယ်။ ဆုလက်ခံရယူပြီးရင် ဒေးဗစ်ဘက်ခမ်း ဟာ ဆာဒေးဗစ်ဘက်ခမ်း ဖြစ်လာတော့မှာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းရဲ့ဇနီးသည် ဗစ်တိုးရီးယားကတော့ လေဒီဘက်ခမ်းလို့ ဖြစ်လာတော့မှာဖြစ်ပါတယ်။ Source – Kuwait Times

လော့စ်အိန့်ဂျလိစ်တွင်​ နိုင်ငံတော်စောင့်တပ်များ ချထားလိုက်ပြီးနောက်​ တင်းမာ​မှုမြင့်တက်

Dawei Watch

June 9, 2025

အမေရိကန်နိုင်ငံ ၊ လော့စ်အိန့်ဂျလိစ်မြို့လယ်တွင် ဆန္ဒပြသူများကို ဟန့်တားရန် နိုင်ငံတော်စောင့်တပ်ဖွဲ့(National Guard)ဝင်များ တပ်ဖြန့်ထားလိုက်မှုကြောင့် ဆန္ဒပြသူများနှင့် လုံခြုံရေးများအကြား တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard)ကို တပ်ဖြန့်ချထားလိုက်မှုကြောင့် လော့စ်အိန့်ဂျလိစ်မြို့ခံများအကြား ဒေါသကြီးထွားလာနေပြီး ဆန္ဒပြသူ ထောင်နှင့်ချီ၍ လမ်းပေါ်ထွက်လာခဲ့ကြသည်ဟု AP သတင်းဌာနက ဖော်ပြသည်။ ဆန္ဒပြသူများက လော့စ်အိန့်ဂျလိစ်မြို့ အဓိကလမ်းမကြီးတစ်ခုကို ပိတ်ဆို့ထားလိုက်ပြီး မောင်းသူမဲ့ကားများကို မီးရှို့ခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို ဟန့်တားရန် မျက်ရည်ယိုဗုံးများ ၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ နိုင်ငံတော်စောင့်တပ်ဖွဲ့(National Guard) ဝင်များနောက်တွင် ရဲတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နှင်းရေး ကိရိယာအစုံအလင်ဖြင့် တန်းစီမတ်တပ်ရပ်ကာ အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။ ရဲတပ်ဖွဲ့က လော့စ်အိန့်ဂျလိစ်မြို့လယ်တွင် လူစုလူဝေးလုပ်မှုကို ဥပဒေနှင့် မညီဟု ကြေညာထားသည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ဆန္ဒပြသူတော်တော်များများ မြို့လယ်မှ […]

စပိန်ကို အနိုင်ယူပြလိုက်လို့ ကျွန်တော့်ကလေးတွေ ကျွန်တော့်ကို ပိုလေးစားလာတော့မယ်လို့ စီရော်နယ်ဒိုပြော

Dawei Watch

June 9, 2025

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ စပိန်ကို အနိုင်ရပြီး ချန်ပီယံဖြစ်လိုက်တာကြောင့် သူ့ကလေးတွေဟာ သူ့ကို ပိုပြီး လေးစားလာကြလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယူရိုနေးရှင်းလိဂ်ဗိုလ်လုပွဲမှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း စပိန်နဲ့ ပေါ်တူဂီတို့က တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ပြီး ပေါ်တူဂီအတွက် အရေးပါတဲ့ ဒုတိယမြောက်ချေပဂိုးကို စီရော်နယ်ဒိုက သွင်းပေးခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒို ဟာ ဒဏ်ရာကြောင့် ပွဲဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ ပွဲကစားချိန် ၈၈ မိနစ်မှာ သူ့ကို လူစားလဲလိုက်ရပြီး သာမန်ပွဲကစားချိန်အတွင်း သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာလည်း တစ်ဖက်ကိုတစ်ဖက် ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူလိုက်ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ပေါ်တူဂီက စပိန်ကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ စပိန်ဘက်ကနေ ပင်နယ်တီလွဲခဲ့သူကတော့ တိုက်စစ်မှူး မိုရာတာ […]

လာမယ့်သောကြာ ONE ပွဲမှာ မြန်မာဖိုက်တာ ၃ ဦးအထိ ပွဲတည်ပေးထား

Dawei Watch

June 9, 2025

လာမယ့်သောကြာနေ့(ဇွန်လ ၁၃ ရက်)မှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် ONE Friday Fights 112 ပြိုင်ပွဲကြီးအတွက် ပွဲစဉ်တွဲဆိုင်းအပြည့်အစုံကို ထုတ်ပြန်ပေးလိုက်ချိန်မှာ မြန်မာဖိုက်တာ ၃ ယောက်တောင် ပါဝင်လာခဲ့တာကို မြင်တွေ့ရပါတယ်။ ဆက်ခ်ဆန်ရဲ့ ညီ ခန်းပွန်နွိုင်းနဲ့ ထိုးရမယ့်သူက မြန်မာဖိုက်တာ မိုးထက်အောင် ပါ။ ဒီပွဲဟာ ခန်းပွန်နွိုင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းတန် စာချုပ်ကြီး ရနိုင်ခွင့်အတွက် လမ်းပွင့်နိုင်ခြေရှိနေတာကြောင့် ဒါကို မိုးထက်အောင်က ဟန့်တားနိုင်လေမလားဆိုတာကို စောင့်ကြည့်ကြရမှာပါ။ သွေးလင်းထက် ကိုတော့ ဒုခေါင်ပွဲစဉ် တည်ပေးထားတဲ့အတွက် ဒီပွဲမှာ ရလဒ်ကောင်းခဲ့ရင် ‌သွေးလင်းထက် ဟာ အမေရိကန်ဒေါ်လာတစ်သိန်းတန် စာချုပ်ကြီးကို စိတ်ကူးယဉ်ခွင့်ရလာဖို့ ရှိနေပါတယ်။ သွေးလင်းထက် ဟာ ဒုခေါင်ပွဲစဉ်အဖြစ် ထိုင်းဖိုက်တာ ခရစ်ပက်ချ်နဲ့ ထိုးရပါလိမ့်မယ်။ ONE ဆီကို အသစ်ရောက်လာတဲ့ […]

ထိုင်းတွင် ကားတိုက်မှုကြောင့် မြန်မာ ၁ ဦးသေဆုံး၊ ကလေးများ အပါအဝင် ၆ ဦး ဒဏ်ရာရ

Dawei Watch

June 9, 2025

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီမြို့ လမ်းမကြီးပေါ်တွင် ကားနှစ်စီး တိုက်မှုဖြစ်ခဲ့ရာ ကားပေါ်ပါ မြန်မာအမျိုးသမီး သေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် နောက်ထပ် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၈ ရက်နေ့ ညက ရတ်ချ်ဘူရီမြို့ အဝေးပြေးလမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံသားမောင်းနှင်လာသော ကားနှင့် မြန်မာနိုင်ငံသားမောင်းနှင်လာသော ကားနှစ်စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် ကားပေါ်ပါလာသော အသက် ၂၉ နှစ်အရွယ် မလွင်မာသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ကားသမား ကိုဇော်မိုးနိုင်နှင့် ၎င်းတို့၏ ကလေးငယ် ၂ ဦးမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိကြောင်း ဖော်ပြထားသည်။ တစ်ဖက်ကားပေါ်တွင် ထိုင်းကားမောင်းသမား ဇနီးမောင်နှံနှင့်ကလေးငယ်တို့ သုံးဦးပါရှိပြီး ၎င်းတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ကားနှစ်စီးသည် ထိပ်တိုက် တိုက်မိသဖြင့် ကားအရှေ့ပိုင်းများ ပျက်စီးသွားပြီး မြန်မာနိုင်ငံသားနှစ်ဦး […]

ကန်ချနဘူရီတွင် အလှပြင်ဆိုင်ဖွင့်ထားသည်ဆိုကာ မြန်မာသုံးဦးဖမ်းဆီးခံရ

Dawei Watch

June 9, 2025

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဆံပင်ညှပ်ဆိုင်အပါအဝင် အလှပြင်ဆိုင်များဖွင့်ထားသည်ဟုဆိုကာ မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကန်ချနဘူရီခရိုင်ထဲတွင် မြန်မာနိုင်ငံသားများ အလှပြင်ဆိုင် ဖွင့်ထားသည်ကို ဆိုရှယ်မီဒီယာများပေါ် ကြော်ငြာနေသည်ဟု တိုင်ကြားမှုရရှိလာသဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များ ထာ့မကားဒေသရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲ ဝင်စစ်သောအခါ မြန်မာနိုင်ငံသားအချင်းချင်း ဆံပင်ပြုပြင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ ထို့ကြောင့် ဆိုင်တွင် လုပ်ကိုင်နေသော အသက် ၂၀ နှစ်အရွယ် ကိုထက်မောင်မောင်လင်းနှင့် အသက် ၂၉ နှစ်အရွယ် မသန်းသန်းမိုးတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ယင်းဆိုင်အနီး နောက်တစ်ဆိုင်တွင် အသက် ၃၀ နှစ်အရွယ် ကိုသက်ပိုင်စိုးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း […]

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

June 8, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြိုနယ်၊ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာတွင် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အသက် ၅၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက တိုးလိုက်ဆုတ်လိုက်နဲ့ဖြစ်နေတယ်။ သူတို့ဘက်က လာပစ်တာပဲများတယ်” ဟုအထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက်ခြမ်း(မောတောင်ဘက်)ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ အနောက်ဘက်ခြမ်း(ချောင်းနှစ်ပေါက်ရွာဘက်)ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း လက်နက်ကြီးများပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့် ဗုံးသီးအဆက်မပြတ်ကြဲချခဲ့ကြောင်း အသက်၄၀နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး ညအချိန်တွင်လည်း ဒရုန်းဖြင့် ကင်းထောက်နေကြောင်း ၎င်းကပြောသည်။ […]