BREAKING
November 17, 2025

သတင်း

မြန်မာများက ထိုင်းရဲကိုသတင်းပေးလိုက်၍ သတိမေ့ပြီး ရေထဲမျောနေသူကို အချိန်မီကယ်တင်နိုင်ခဲ့

Dawei Watch

June 11, 2025

ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်တွင် ငါးမျှားရန်လာသော မြန်မာနိုင်ငံသားများက ရေမြောင်းထဲ မျောပါလာသော အလောင်းတစ်လောင်းကို တွေ့သဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာမှ အသက်မသေသေးဘဲ သတိမေ့ကာ ရေထဲမျောနေသူကိုအချိန်မီ ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြသည်။ ဇွန်လ ၁၁ ရက်နေ့ နံနက်သန်းခေါင်အချိန်က အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားအပါအဝင် သူငယ်ချင်းများက ငါးမျှားရန် ရည်ရွယ်ချက်ဖြင့် ဘန်ဘိုဝါထောင်ဒေသ လန်ဖိုရေမြောင်းရှိ တံတားအောက်သို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။ တံတားအောက်သို့ ရောက်သောအခါ လူတစ်ဦး ရေထဲမျောပြီး တံတားအောက်ခြေတိုင်တွင် ကပ်ညှိနေသည်ကို တွေ့ရှိခဲ့ကြသည်။ မြန်မာနိုင်ငံသားများက ရေထဲမျောပါနေသောသူသည် သေဆုံးနေသော ရုပ်အလောင်းဖြစ်သည်ဟု ကနဦးယူဆထားခဲ့ကြောင်း ဖြေကြားချက်ကို ထိုင်းသတင်းတွင် ဖော်ပြသည်။ အလောင်းကို စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံသားများက ရဲတပ်ဖွဲ့ထံ ချက်ချင်း သတင်းပို့ တိုင်ကြားခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ရဲတပ်ဖွဲ့က […]

တနင်္သာရီတွင် လူနေအိမ်များအနီး ခဲလုပ်ကွက်များလုပ်ကိုင်မှုကြောင့် ကလေးများ အန္တရာယ်ရှိ

Dawei Watch

June 11, 2025

တနင်္သာရီမြို့နယ် သဘော့လိပ်ရွာတွင် ခဲသတ္တုလုပ်ကွက်များက လူနေအိမ်အနီးထိ ရောက်လာပြီး ချိုင့်ခွက်ကြီးများ ကျန်ခဲ့သဖြင့် ကလေးများအန္တရာယ်ကျရောက်မည့် အခြေအနေဖြစ်နေရှိကြောင်း ဒေသခံများက ပြောဆိုသည်။ သဘော့လိပ်ကျေးရွာတွင် ယခုနှစ် ဇန်နဝါရီလမှစကာ ခဲလုပ်ကွက်များက ရွာအတွင်းပိုင်းအထိ ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ လက်ရှိတွင် ခဲတူးထားသဖြင့်ကျန်ခဲ့သည့်ချိုင့်ခွက်ကြီးများတွင် ရေပြည့်နေသလို အချို့ချိုင့်ခွက်ကြီးများတွင် ရွှံ့ဖြင့်ပြည့်နေသည့်အတွက် ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များ ဘေးဖြစ်မည်ကို စိုးရိမ်နေရကြောင်း သဘော့လိပ်ရွာနေဒေသခံအချို့က ဆိုသည်။ လက်ရှိတွင် မိုးရာသီရောက်နေပြီဖြစ်သည့်အတွက် အဆိုပါချိုင့်ခွက်ကြီးများတွင် ရေဝပ်နေပြီး ရေကန်ကဲ့သို့ ဖြစ်လာသလို ချိုင့်ခွက်အချို့မှာ ရွှံအိုင်ကြီးများဖြစ်လာသည်။ အဆိုပါရွှံ့အိုင်များတွင် အပေါ်ယံက မြက်ပေါက်နေပြီး မာကြောနေသည်ဟုထင်ရသော်လည်း တက်နင်းလိုက်ပါက ကျွံကျနစ်မြှုပ်သွားလေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ “ခဲလုပ်ကွက်တွေက အိုင်ကြီး၊တွင်းကြီးတွေ ကျန်ခဲ့တယ်။နွားလည်း လေးကောင်ဖြစ်ပြီ တွင်းထဲကျသေတာ။ လူတွေလည်း သေနေတဲ့ အသံကြားရတယ်”ဟု အသက်၂၈နှစ်အရွယ် […]

ဗောဓိ နယ်စပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ထွက်ပြေးဟု KNU ပြော

Dawei Watch

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အင်အား ၃၀ကျော် ထိုင်းဘက်သို့ ထွက်ပြေးကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဗောဓိစခန်း (အမိုနယ်စပ်-ပွိုင့် ၂၅၆၆) ကို ဇွန်လ ၈ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်ခန့်အကြာ ယနေ့ ဇွန် ၁၀ ရက် နေ့လယ်ပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) က သတင်းထုတ်ပြန်သည်။ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်းနှစ်လောင်းခန့်သာ တွေ့ရပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးကြောင်း ပဒိုစောအယ်နားက ဆိုသည်။ “လက်နက်ခဲယမ်းကတော့ အနည်းငယ်ပဲရတယ်။ ကျွန်တော်တို့ဘက်က သေဆုံးမှုမရှိဘူး။ ဒါပေမဲ့ မိုင်းနင်းမိတာ ဒဏ်ရာ ရတာတော့ သုံးလေးယောက်ရှိတယ်။ […]

စစ်မှုထမ်းသင်တန်းဆင်းသုံးဦး ထားဝယ်နှင့် ရေးတွင် ဘက်ပြောင်းခိုလှုံ

Dawei Watch

June 10, 2025

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်းသုံးဦးသည် ဇွန်လဆန်းတွင် ရေးမြို့နယ်နှင့် ထားဝယ်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း နှစ်ဦးနှင့် အပတ်စဥ် ၈ သင်တန်းဆင်းတစ်ဦးတို့ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ရေးမြို့နယ် အခြေစိုက် ခလရ ၂၉၉ စစ်ကောင်စီတပ်ရင်းတွင် တာဝန်ကျနေသည့် စစ်မှုထမ်း အပတ်စဥ် ၇ သင်တန်းဆင်း ကိုဇေဇေအောင်နှင့် ကိုညီညီသက်တို့သည် ဇွန်လ ၉ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ရေးပြောက်ကျားတပ်ထံသို့ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ရေးပြောက်ကျားတပ်နှင့် ဆက်သွယ်၍ MA သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု ယူဆောင်ကာ ထွက်ပြေးခိုလှုံလာကြောင်း ၎င်းက ဆိုသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူများဖြစ်ပြီး ထိုင်းရဲ အဖမ်းခံရ၍ […]

တိုက်လေယာဉ် ပျက်ကျသည်ဟု စစ်ကောင်စီထုတ်ပြန်

Dawei Watch

June 10, 2025

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် တိုက်လေယာဉ်တစ်စင်း လေ့ကျင်ပျံသန်းနေစဥ် ပျက်ကျကြောင်း စစ်ကောင်စီက ယနေ့ ဇွန်လ ၁၀ ညနေပိုင်းတွင် ထုတ်ပြန်သည်။ လေ့ကျင်ပျံသန်းနေစဉ် ရုတ်တရက်စက်ချို့ယွင်းကာ ပျက်ကျမီးလောင်ခဲ့ခြင်းဖြစ်ပြီး ပျက်ကျသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က မူ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် လေကြောင်းပစ်ကူလာသည့် စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စင်းကို ယနေ့ နေ့လယ် ၁၂နာရီကျော်က ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လေယာဉ်အမျိုးအစားနှင့် လေယာဉ်မှူး သေဆုံးမှု ရှိမရှိတို့ကို စိစစ်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။ ကန့်ဒေါင့်စခန်းကို ဇွန်လ ၂ရက် တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း PLA ထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဗန်းမော်မြို့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ […]

လောင်းလုံးတွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပျောက်ဆုံး

Dawei Watch

June 10, 2025

လောင်းလုံးမြို့တွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံများထံမှ သိရှိရသည်။ ပျောက်ဆုံးနေသူမှာ လောင်းလုံးမြို့ (က) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၃ နှစ်အရွယ်ရှိ ဦးကျော်သိန်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးကျော်သိန်းသည် ‌ဇွန်လ ၆ရက် သောကြာနေ့ နံနက်ပိုင်းတွင် နေအိမ်မှ Wave 100 အမျိုးအစားဆိုင်ကယ်ဖြင့် ထွက်သွား ရာ ယနေ့ ဇွန်လ ၁၀ရက် ညနေအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း မရှိသေးကြောင်း မိသားစုနှင့်နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ဆိုင်ကယ်နဲ့ ထွက်သွားကတည်းက ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူး။ ပါသွားတဲ့ ဖုန်းကိုလည်း ဆက်မရတော့ဘူး” ဟု ၎င်းက ဆိုသည်။ ဦးကျော်သိန်းသည် ကျဘန်းလုပ်ငန်းဖြင့် ဇနီးနှင့် မြေးဖြစ်သူတို့ကို လုပ်ကျွေးနေသူဖြစ်ပြီး လက်ရှိတွင် […]

ကော့ကရိတ်တွင် စာသင်ကြားသည့်နေအိမ် ဗုံးကြဲခံရပြီး ကလေးအပါ ငါးဦးသေဆုံး

Dawei Watch

June 10, 2025

မွန်နှင့် ကရင်ပြည်နယ် အစပ်တွင်ရှိသည့် ပိုင်ရပ်ကျေးရွာတွင် စာသင်ကြားနေသည့် နေအိမ် ဗုံးကြဲခံရပြီး အသက် ၁၀ နှစ်အောက် ကျောင်းသားသုံးဦးအပါအဝင် ငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဒေသခံများထံမှ သိရသည်။ ကော့ကရိတ်မြို့နယ်ထဲတွင် ပါဝင်သည့် ပိုင်ရပ်ကျေးရွာသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ်တွင် တည်ရှိခြင်းဖြစ်သည်။ ဇွန်လ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီတပ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကြားနေသည့် နေအိမ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ အသက် ၁၀ နှစ်အောက် ကျောင်းသား သုံးဦး၊ ဆရာမ တစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ “ကလေးတွေကို အိမ်မှာ စာသင်ပေးနေတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲတော့ အဲဒီအိမ်ပေါ်ကို […]

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ဗောဓိစခန်းကို တော်လှန်ရေးတပ်များသိမ်းပိုက်

Dawei Watch

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ ဇွန်လ၁၀ရက်တွင် သိမ်းယူကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီတပ်ဗျူဟာစခန်းအနီးရှိ အဆိုပါတပ်စခန်းကို ဇွန်လ ၈ ရက်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အမှတ် ၂၅ ခြေလျင်တပ်ရင်းအခြေပြုထားသည့် ဗောဓိတပ်စခန်းကို ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။ ဗောဓိစခန်းသိမ်းပိုက်မှုနှင့် ပတ်သက်၍ KNU နှင့် တော်လှန်ရေးတပ်များဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်၏ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းနှစ်ခုသာကျန်ရှိပြီး လက်ရှိတွင် ဗောဓိစခန်းကိုပါ ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။