ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် မြန်မာတစ်ဦး ကားမောင်းလာစဉ် မီးနီစောင့်နေသော ဆိုင်ကယ်ခြောက်စီးကို ဝင်တိုက်

Dawei Watch

February 20, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီး ကားမောင်းလာစဉ် မီးပွိုင့်တွင် မီးနီစောင့်နေသော ဆိုင်ကယ်များကို ဝင်တိုက်သဖြင့် ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၉ ရက် ည ၇ နာရီခန့်က မြန်မာနိုင်ငံသား မောင်းလာသော ပစ်ကပ်ကားသည် ဖူးခက်မြို့ ချလောင်ဒေသ လမ်းဆုံမီးပွိုင့်တွင် မီးနီစောင့်နေသော ဆိုင်ကယ် ခြောက်စီးကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားတိုက်ခံရသောကြောင့် ပစ္စည်းပို့သော ထိုင်းနိုင်ငံသားတစ်ဦး ဆိုင်ကယ်နှင့်အတူ ဒရွတ်တိုက်ပါသွားပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ နောက်ထပ် နိုင်ငံခြားသား ကလေးငယ်တစ်ဦးအပါအဝင် အခြားသူများလည်း ကားတိုက်ခံရမှုကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း‌ ဆိုသည်။ ကားသည် လမ်းကြားမှ ရုတ်တရက်မောင်းလာပြီး မီးနီတွင် စောင့်နေသော ဆိုင်ကယ်များကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဆိုင်ကယ်မောင်းလာသူအချို့မှာ ဆိုင်ကယ်ပေါ်မှ […]

၁၅ ရက်အတွင်း အဏုမြူသဘောတူညီချက်ပေးရန် အီရန်ကို ထရမ့် သတိပေး

Dawei Watch

February 20, 2026

အီရန်အနေဖြင့် ၎င်း၏ အဏုမြူစီမံကိန်းနှင့် ပတ်သက်၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီချက်တစ်ရပ် ရရှိအောင် ဆောင်ရွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။ ယင်းသို့ မလုပ်ဆောင်ပါက အင်မတန် ဆိုးရွားသည့် အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်အင်အားတိုးချဲ့မှုများကြောင့်ပိုမိုကျယ်ပြန့်သည့် စစ်ပွဲတစ်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ မြင့်တက်နေစဉ် ထရမ့်က ယင်းသို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အမေရိကန်၏ တိုက်ခိုက်မှုကို ခံရပါက အရှေ့အလယ်ပိုင်းဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို လက်တုံ့ပြန်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အီရန်ဘက်က တုံ့ပြန်သည်။ ထိပ်တိုက်ရင်ဆိုင်တင်းမာမှုများကို အဆုံးသတ်ရန် အီရန်နှင့် ဆွေးနွေးမှုများ အဆင်ပြေချောမွေ့လျက် ရှိသော်လည်း အီရန်အနေဖြင့် ခိုင်မာလေးနက်သည့် သဘောတူညီချက်တစ်ရပ် ရရှိအောင် လုပ်ဆောင်ရမည်ဟု […]

ရေဖြူ၊ ရာဖူးရွာတွင် မသန်စွမ်းအမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ် ပစ်သတ်

Dawei Watch

February 20, 2026

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ရာဖူးရွာတွင် ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ်ပိုင်းက စကားမပြောနိုင်သည့် အမျိုးသားတစ်ဦးကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်သတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ သေဆုံးသူသည် ရာဖူးကျေးရွာအုပ်စုတွင် ရာဘာအစေးလိုက်ဝယ်နေသည့် အဝယ်တော်ကားမှ အလုပ်သမား အသက် ၃၀ ကျော်အရွယ် ကိုရွှေအ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ “စစ်တပ်စစ်ကြောင်းဝင်လာတာကို လန့်ပြီး ထွက်ပြေးလို့ ရွာလယ်မှာပဲ ပစ်ခံလိုက်ရပြီး သေသွားတယ်။ သူက ရာဖူးမှာ နေတာတော့ ကြာပြီ။ စကားမပြောတတ်ဘူး။ ကိုရွှေအလို့ပဲ ခေါ်ကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယခင်က ကလိန်အောင်-မလွှဲတောင် ကားလမ်းမ၏ အရှေ့ဘက်၊ အနောက်ဘက် တောထဲတွင် နေရာယူထားရာမှ ယခုရက်ပိုင်းအတွင်း ကားလမ်းမပေါ် ပြန်နေရာယူလာကြောင်း၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှစကာ […]

စခန်းကြီးပဝါရဏာ ဂိုဏ်းချုပ်ဆရာတော် ဈာပန တပေါင်းလပြည့်နေ့ ကျင်းပမည်

Dawei Watch

February 20, 2026

စခန်းကြီးပဝါရဏာဂိုဏ်း၏ ၁၁ ပါးမြောက် ဂိုဏ်းချုပ် မော်ကြီးဆရာတော်၏ ဈာပနကို တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ကျင်းပမည်ဟု ဈာပနစီစဉ်သူများထံမှ သိရသည်။ စခန်းကြီးပဝါရဏာဂိုဏ်းမှာ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ်အတွင်း ကျောင်းတိုက်ပေါင်း တစ်ရာကျော်မှ သံဃာတော်များဖြင့် စုစည်းထားခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၂၃ ရက်တွင် ဆရာတော်၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်မည့် စံကျောင်းပြသာဒ်သို့ ပင့်ဆောင်၍ ရက်သတ္တပတ်ကြာ အပူဇော်ခံပြီး တပေါင်းလပြည့်နေ့တွင် ကျေးရွာအုပ်စုအတွင်း လှည့်လည်ကာ သာဓုကီဠန အန္တိမ အဂ္ဂိဈာပနပူဇော်ပွဲကျင်းပမည်ဖြစ်သည်။ အရိုးပြာရေမျောပူဇော်ပွဲကိုမူ ဖောင်းတောကျေးရွာအုပ်စု ဓမင်းဆိပ်ရွာဆိပ်ကမ်း၌ မတ်လ ၄ ရက်တွင် ကျင်းပမည်ဟု စီစဉ်သူများက ဆိုသည်။ ပူဇော်ခံထားရှိမည့် ရက်သတ္တပတ်အတွင်း ညတရားပွဲ၊ အငြိမ့်ပွဲနှင့် ကျေးရွာအလိုက် ဒုံး (အလောင်ထမ်း အမျိုးသား၊ […]

ထားဝယ်သား ပန်းချီဆရာကြီး သိန်းမြင့်သိန်း ကွယ်လွန်

Dawei Watch

February 19, 2026

ထားဝယ်ဒေသခံ ဝါရင့်ပန်းချီဆရာတစ်ဦးဖြစ်သည့် ပန်းချီသိန်းမြင့်သိန်းသည် ရန်ကုန်မြို့နေအိမ်၌ပင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ကွယ်လွန်သွားကြောင်း မိသားစုနှင့် ပန်းချီလုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။ ဆရာသိန်းမြင့်သိန်းသည် ကွယ်လွန်ချိန်တွင် အသက် ၈၀ အရွယ်ရှိပြီဖြစ်ပြီး ဆေးရုံတက်ကာ ဆေးဝါးကုသခံယူနေရခြင်းမျိုးမဟုတ်ဘဲ ရုတ်တရက် ကွယ်လွန်ခြင်းဖြစ်ကြောင်း ပန်းချီအသိုင်းအဝိုင်းက ဆိုသည်။ ဆရာ၏ဈာပနကို ဖေဖော်ဝါရီလ ၂၂ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ရေဝေးသုသာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း မိသားစုက လူမှုကွန်ရက်တွင် အသိပေးထားသည်။ ဆရာသိန်းမြင့်သိန်းသည် ထားဝယ်မြို့ဇာတိဖြစ်ပြီး တနင်္သာရီတိုင်းမှ ပန်းချီဆရာများဖြစ်သည့် ဦးငွေကိုင်၊ ဦးခင်လှိုင်၊ ဦးအောင်ထွေး အပါအဝင် ဆရာများထံတွင် ပန်းချီပညာ လေ့လာသင်ယူခဲ့သည်။ ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ မန္တလေးမြို့၊ အနုပညာသင်တန်းကျောင်းတွင် Fine Art […]

သင်္ကြန်မတိုင်မီဖွဲ့မည့် မြန်မာအစိုးရအဖွဲ့သစ်တွင် သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်ချုပ်တို့ ပါဝင်မည်ဟု ထိုင်းဆို

Dawei Watch

February 19, 2026

စစ်ကော်မရှင်၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့အသစ်တွင် နိုင်ငံတော်သမ္မတ၊ ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ပါဝင်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew က ပြောသည်။ အစိုးရအဖွဲ့သစ်တွင် ဝန်ကြီးချုပ်ပါဝင်လာမည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ ဖွဲ့ဖို့ရှိနေသည်ဟု စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ပြောခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkaew တို့နှစ်ဦး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် တွေ့ဆုံခဲ့ပြီးနောက် စစ်ကော်မရှင်က စီစဉ်သည့် ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ်အကြောင်းကို ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စု ကိုးကားလေ့ရှိသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး မရှိဘဲ၊ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များသာရှိသည်။ ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံတွင် မပါသည့် […]

ထိုင်း မဲရုံအချို့တွင် မဲပြန်ပေးရန်နှင့် မဲပြန်ရေတွက်ရန် ရွေးကော်ထုတ်ပြန်

Dawei Watch

February 19, 2026

ထိုင်းရွေးကောက်ပွဲတွင် မဲမသမာမှုစွပ်စွဲချက်များကြောင့် မဲရုံအချို့ မဲပြန်ပေးရန်နှင့် မဲပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံအမှတ် ၆ တွင် လွှတ်တော်အမတ်နှင့် ပါတီကိုယ်စားပြုအမတ်အတွက် မဲပြန်ပေးရမည်ဖြစ်သည်။ နောက်ထပ် မဲရုံ ၇ ရုံတွင် မဲရလဒ်များကို ပြန်ရေတွက်ရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ မဲပြန်ရေတွက်ရမည့် မဲရုံများမှာ ပရာကျွတ်ခီရီခန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက အမှတ် ၂ နှင့် ၈ မဲရုံများ၊ ဖက်ချဘွန်ခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၁ ၊ အမှတ် ၄ မဲဆန္ဒနယ်မြေက မဲရုံ အမှတ် ၂၊ ကန်ဖမ်းဖက်ခရိုင် […]

အီရန်ကိုတိုက်ရန် အမေရိကန် အသင့်ဖြစ်ပြီ ထရမ့်၏ ဆုံးဖြတ်ချက်စောင့်နေ

Dawei Watch

February 19, 2026

အမေရိကန်က အီရန်ကို ယခုသီတင်းပတ်အကုန်တွင် စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်ရန် အသင့်အနေအထား ရှိနေပြီ ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။ သို့သော် တိုက်ခိုက်မှု ပြုမပြုနှင့် ပတ်သက်၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် အတည်ပြုဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်ရသေးကြောင်း အဆိုပါ သတင်းများတွင် ဖော်ပြသည်။ အီရန်၏ အဏုမြူစီမံကိန်းကို ရပ်တန့်ရန် သမ္မတထရမ့်က အကြိမ်ကြိမ် တောင်းဆိုထားပြီး သဘောတူညီချက်တစ်စုံတစ်ရာ မရရှိပါက စစ်အင်အားအသုံးပြုမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။ အမေရိကန်စစ်တပ်သည် လာမည့်ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ စတင်နိုင်ရန် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်လေယာဉ်နှင့် စစ်သင်္ဘောများကို လုံလောက်စွာ စုဖွဲ့ထားပြီးဖြစ်ကြောင်း The New York Times၊ CBS News နှင့် CNN သတင်းဌာနတို့က ဖော်ပြထားသည်။ အမေရိကန်အဆင့်မြင့်အရာရှိတစ်ဦးကို ကိုးကား၍ […]