ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းစက်ရုံတွင် မတော်တဆမှုကြောင့် လက်တစ်ဖက်ဆုံးရှုံးသော မြန်မာလုပ်သား တစ်နှစ်ကျော်ကြာအထိ နစ်နာကြေးမရ

Dawei Watch

December 30, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ဂက်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆမှုကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့သော မြန်မာအလုပ်သမားတစ်ဦး တစ်နှစ်ကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ကိုနေသူလင်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဂက်အိုးစက်ရုံတွင် သံပြားများကို စက်ကြီးဖြင့် ပုံသွင်းနေစဉ် ခြေထောက် မတော်တဆဖြစ်ပြီး ခလုတ်နှိပ်မိရာမှ ညာဘက်လက်ကို စက်နှင့် ဖိမိခဲ့သည်။ မတော်တဆမှုကြောင့် လက်ဖဝါးတစ်ခုလုံး ကြေမွသွားခဲ့ပြီး လက်ဖြတ်တောက်လိုက်ရကာ ပါနန်းဆေးရုံတွင် တစ်လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။ ကိုနေသူလင်း၏ ဆေးကုသမှု စရိတ်များကို စက်ရုံဘက်က ကျခံပေးခဲ့သလို လုပ်အားခ ၄၅ ရက်စာအတွက်လည်း လစာ တစ်ဝက်နှုန်းဖြင့် စက်ရုံက ထောက်ပံ့ပေးခဲ့ကြောင်း ဆိုသည်။ […]

ဆိုမာလီလန်းကို နိုင်ငံအဖြစ် အစ္စရေးက ကမ္ဘာ့ပထမဆုံး အသိအမှတ်ပြု

Dawei Watch

December 30, 2025

အာဖရိကဦးချိုဒေသရှိ ဆိုမာလီယာနိုင်ငံမှ ခွဲထွက်ထားသော ဆိုမာလီလန်းဒေသကို နိုင်ငံအနေဖြင့် အစ္စရေးက ကမ္ဘာ့ပထမဆုံး တရားဝင်အသိအမှတ်ပြုလိုက်သည်။ ယင်းမှာ ဆိုမာလီလန်းအတွက် ထူးခြားသော သံတမန်ရေးရာ အောင်မြင်မှုတစ်ခုဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြသည်။ အစ္စရေးနှင့် ဆိုမာလီလန်းတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် ပူးတွဲသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားသည်။ ယင်းမှာ “အေဘရာဟမ် သဘောတူညီချက်” နှင့် ကိုက်ညီကြောင်းလည်း ၎င်းက ပြောသည်။ အစ္စရေး၏ ထုတ်ပြန်ချက်မှာ ၎င်းတို့၏ အချုပ်အခြာအာဏာကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဆိုမာလီယာအစိုးရ တုံ့ပြန်သည်။ အစ္စရေး၏ လုပ်ရပ်သည် တရားမဝင်သော လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း ဆိုမာလီယာအစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ဆိုမာလီလန်းသည် ၁၉၉၁ ခုနှစ်တွင် ဆိုမာလီယာမှ […]

ရွေးကောက်ပွဲနေ့ တိုင်းအစိုးရရုံး တိုက်ခိုက်ခံရမှုတွင် လဝက အရာရှိတစ်ဦး ဒဏ်ရာရ

Dawei Watch

December 30, 2025

ရွေးကောက်ပွဲနေ့ (ဒီဇင်ဘာ ၂၈) နံနက်ပိုင်းက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး လဝက အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည် ။ Fixed Wing ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အစိုးရအဖွဲ့ရုံး၏ အစည်းအဝေးခန်းမ မျက်နှာကျက်များ ပေါက်သွားကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်တကွ စစ်ကော်မရှင်က ဒီဇင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည် ။ ယင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူရှိကြောင်း ရုံးအနီး နေထိုင်သူများ နှင့် ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ” မနက် ၈ နာရီလောက်လာထိပြီး ရုံးခေါင်မိုးပေါ်က ရေတိုင်ကီတွေပေါက်ထွက်ကုန်တယ် ။ ပြီးမှ မျက်နှာကျက်ကို နည်းနည်းပေါက်ကျတာ ။ ရေတိုင်ကီ ခံသွားလို့တော်သေးတယ် ။ တိုက်ရိုက်ကျရင် အခုထက်ပိုနာကြမယ် ။ […]

ရေဖြူ ဇာဒီရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးဆက်တိုက်ပစ်ခတ်

Dawei Watch

December 29, 2025

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့ ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သည် ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဇာဒီရွာသို့ ရောက်လာပြီး ညနေ ၃နာရီခန့်တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ တစ်နာရီကျော် ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်ဘက်ကမူ ရေတပ်စစ်သင်္ဘောနှင့် တပ်စခန်းများဘက်က ယနေ့ ည ၆ နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြင့် ဇာဒီရွာ အနီးပတ်ဝန်းကျင်ကို ဆက်တိုက်ပစ်ခတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု ရှိမရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “လက်နက်ကြီးက ညအထိပစ်နေတုန်းပဲ။ တိုက်ပွဲက ညနေကတည်းက ငြိမ်သွားပြီ။ မွန်းတည့်က မီး (လျှပ်စစ်မီး) ပြန်လာပြီး […]

ရေဖြူ ရာဖူးရွာတွင် တပ်စွဲနေသည် စစ်အာဏာရှင်တပ်ကို ရေးဘီလူးနှင့် KNLA တိုက်ခိုက်

Dawei Watch

December 29, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းရှိ ရာဖူးရွာတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေး အင်အားစုများက ဒီဇင်ဘာလ ၂၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရာဖူးရွာရှိ နေအိမ်အချို့တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား ၅၀ခန့် တပ်စွဲထားပြီး မွန်ပြည်နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည့် ရေးဘီလူးတပ်ဖွဲ့ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားချိန် မိနစ် ၂၀ ခန့်ကြာပြီး စစ်အာဏာရှင်တပ်ဘက်က တပ်ကြပ်ကြီး တစ်ဦးအပါဝင် သုံးဦးသေဆုံးပြီး တော်လှန်ရေးတပ်ဘက်က အထိအခိုက် မရှိကြောင်း ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည် ။ “သတင်းအတိအကျနဲ့ အလစ်အငိုက် ဝင်တိုက်ခဲ့တာပါ” […]

ကော့သောင်းတွင် မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ ခန့်ကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းထား

Dawei Watch

December 29, 2025

ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ အောင်ချမ်းသာကျေးရွာအုပ်စုတွင် စစ်အုပ်စုပြုလုပ်သည့် ရွေးကောက်ပွဲကို မဲပေးရန်သွားသည့် ဆီအုန်းလုပ်သား ၁၇၀ နီးပါးကို မျက်နှာဖုံးအုပ် လက်နက်ကိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခမောက်ငယ် ပျိုးဥယျာဉ်ဇုန်၊ မာရမ်းပျိုးဥယျာဉ်ဇုန်တို့တွင်လုပ်ကိုင်နေသည့် ဆီအုန်းအလုပ်သမား ၁၇၀ နီးပါးကို ကော့‌သောင်းမြို့နယ်သွားသည့် လမ်းပိုင်တစ်‌နေရာတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါဆီအုန်းအလုပ်သမားများသည် ခမောက်ကြီးမြို့ ၃၈မိုင် ယုဇနဆီအုန်းကုမ္ပဏီအတွင်း ဖွင့်လှစ်ထားသည့် မဲရုံတွင် မဲပေးရန် ကားများဖြင့် သွားကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆီအုန်းခြံကအလုပ်သမားတွေ လမ်းမှာဖမ်းဆီးခံရတယ်လို့တော့ သတင်းကြားတယ်။ ကျွန်တော်တို့နဲ့လည်း နည်းနည်းဝေးတော့ အတိအကျတော့မသိရဘူး။PDF တွေလမ်းမှာ ကားတွေကိုရပ်ခိုင်းပြီး ခေါ်သွားတယ်လို့တော့သိရတယ်”ဟု ၎င်းကပြောသည်။ စစ်အုပ်စုလော်ဘီချန်နယ်များတွင်မူ မဲသွားပေးမည့် ဆီအုန်းခြံအလုပ်သမား ၁၇၀ ခန့်က ၃၈ […]

သရက်ချောင်းမြို့ရှိ ပန်းတောစစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

Dawei Watch

December 29, 2025

သရက်ချောင်းမြို့မရပ်ကွက် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ပန်းတော စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ် ယနေ့ နံနက် အစောပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၆ နာရီခွဲခန့်တွင် ပန်းတောရပ်ကွက် သံတံတားတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို မိနစ် ၃၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ဒီဘက်က (စစ်အာဏာရှင်တပ်) လက်နက်ကြီးတွေ ပြန်ပစ်တယ်။ လူထိခိုက်မှု ဘာမှမကြားရဘူး” ဟု ၎င်းက ပြောသည်။ ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်း ခေတ္တပိတ်ဆို့ခဲ့ပြီး နံနက် ၉နာရီဝန်းကျင်တွင် ပြန်လည်သွားလာ၍ ရကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသည်။ ပန်းတောစစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် […]

လောင်းလုံး ထိန်တွင်းရွာတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

December 28, 2025

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အသက်၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့နယ်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၁ ကျင်းပနေချိန် ယနေ့ နံနက် ၁၀ နာရီကျော်တွင် ထားဝယ်မြစ် တစ်ဖက်ကမ်းရှိ ထိန်တွင်းကျေးရွာဘက်တွင် ဒရုန်းတစ်စီးပျံသန်းခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ ရပ်ခတ်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်နှင့် ထားဝယ်မြို့ ရှိ စစ်အာဏာရှင်တပ်တို့က လက်နက်ကြီးဖြင့် အချက်ရေ ၂၀ ကျော် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပစ်ခတ်ရာတွင် လက်နက်ကြီးကျည် တစ်လုံးသည် ထိန်တွင်းကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ […]