ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နိုင်ငံအဆင့် သန့်ရှင်းစိမ်းလန်း စိုပြည်ကျောင်းဆု ကျွန်းစု အ.ထ.က ဆွတ်ခူး

diz_admin

June 8, 2020

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ပထမဆု ကို ကျွန်းစုမြို့ ပထက်ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်းက ဆွတ်ခူးခဲ့ ကြောင်း ယင်းကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု (National Clean and Green School Award) အားချီးမြှင့်ခြင်း ဖြစ်သည်။ အဆိုပါဆုအတွက် ပါဝင်ယှဉ်ပြိုင် သော ကျောင်းပေါင်း ၂၉ ကျောင်းရှိ သည့်အနက် အခြေခံပညာမူလတန်း ကျောင်း လေး‌ကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း လေးကျောင်းတို့ မှာ ဆုရရှိခဲ့ကြကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ လူမှုကွန် […]

မြန်မာပွန်ပီပက် ကုမ္ပဏီ၏ အယူခံ အမှုနှစ်ဘက် အပြီးသတ် လျှောက်လဲချက် ယခုအပတ် ကြားနာမည်

diz_admin

June 8, 2020

ထားဝယ်ခရိုင် တရားရုံးတွင် အမှုရှုံးသဖြင့် အယူခံတင်သွင်းထားသော ဟိန္ဒားသတ္တုမိုင်း တူးဖော်ခွင့်ရ မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီ၏ အယူခံအမှုနှင့်ပတ်သက်ပြီး နှစ်ဘက် အပြီးသတ်လျှောက်လဲချက်ကို တိုင်း တရားလွတ်တော်က ဇွန်လ ၈ ရက်တွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။ ကွမ်းသီးပင်များ သေဆုံးမူကြောင့် လျော်ကြေးရလိုကြောင်း မြန်မာပွန်ပီ ပက်ကုမ္ပဏီကို ထားဝယ်မြို့နယ် ကင်ပွန်း ချုံရွာနေ ကရင်တိုင်းရင်းသား စောဒါးရွှေ က ၂၀၁၅ ခုနှစ်တွင် တရားစွဲခဲ့သည်။ ယင်းအမူတွင် မြန်မာပွန်ပီပက် ကုမ္ပဏီက စောဒါးရွှေအား လျော်ကြေးငွေ ကျပ်သိန်းတစ်ထောင်ကျော် (ကျပ် ၁၁၄၈ သိန်း) ပေးရန် ထားဝယ်ခရိုင် တရားရုံးက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် အမိန့် ချမှတ်ခဲ့သည်။ ယင်းထားဝယ်ခရိုင်တရားရုံးအမိန့် ကို ကုမ္ပဏီကဘက် မကျေနပ်သဖြင့် တိုင်းတရားလွှတ်တော်ထံ […]

ကိုဗစ်ကာလ ထိုင်းတွင် အကျဉ်းကျပြီး ပြန်လာသူများကို HIV နှင့် TB ရောဂါစစ်

diz_admin

June 8, 2020

ကိုဗစ်ကာလ ထိုင်းနိုင်ငံတွင် အကျဉ်းကျပြီး ပြန်ဝင်လာသူများကို HIV နှင့် TB ရောဂါစစ်ဆေးပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ခုခံကျ /ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။ လက်ရှိတွင် ကော့သောင်းနယ်စပ် ဝင်ပေါက်နှင့် မြဝတီနယ်စပ်မှ ဝင်ရောက် လာသည့် အကျဉ်းကျပြီး ပြန်လာသူများ ကို ကိုရိုနာရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး နေသည်။ ယင်းသို့စစ်ဆေးပြီး ကိုရိုနာရောဂါ ပိုးမတွေ့သူများကိုHIV နှင့် TB ကိုပါ စစ်ဆေးပေးနေကြောင်း အထက်ပါ စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။ HIV ပိုးရှိ/မရှိကို အမြန်စစ်ဆေး သည့်ကိရိယာ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး TB ရောဂါကိုမူ သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အကျဉ်းကျပြီး […]

ဗိုက်ပူ အဝလွန် ရဲတပ်ဖွဲ့ဝင်များ ဝိတ်လျှော့ရမည်

diz_admin

June 8, 2020

ကိုယ်အလေးချိန်လွန်နေသည့်၊ ဗိုက်ပူနေသည့် ရဲတပ်ဖွဲ့ဝင်များ အချိန် လေးလအတွင်း ကိုယ်အလေး ချိန်လျှော့ရန် ဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရ သည်။ ယင်းကဲ့သို့ ကိုယ်အလေးချိန်လျှော့ ရန် မေလ အလယ်ပိုင်းက ညွှန်ကြားထား ပြီး အချိန်လေးလအတွင်း ဝိတ်မလျှော့ ပါက ရဲစည်းကမ်းအရ အရေးယူမည်ဟု ညွှန်ကြားထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီးစိန်ဝင်းက ဆို သည်။ ကိုယ်အလေးချိန် စံသတ်မှတ်ရာ တွင် Body Mass Index (BMI) ခန္ဓာ (ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုး အစား) တွက်ချက်နည်းဖြင့် အဝလွန်/ မလွန် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရ သည်။ ဥပမာ အရပ်အမြင့် ငါးပေ လေး လက်မရှိသူသည် […]

တိုင်းအတွင်းရှိ အလုပ်သမား တစ်ထောင်ကျော်ကို လူမှုဖူလုံရေးကြေး ပေးမည်

diz_admin

June 8, 2020

တိုင်းအတွင်း လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသူများအနက် ပိတ်ထား သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမား တစ်ထောင်ကျော် (၁၂၄၅) ဦးကို လူမှုဖူလုံရေးကြေး ပေးမည်ဖြစ် ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံး ထံမှ သိရသည်။ ကိုဗစ်ကာလတွင် ပိတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၉၈ ရုံမှ လူမှုဖူလုံရေးကြေးထည့်ဝင်ထားသည့် အလုပ်သမားများကို လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည်ပေးဆောင်မည် ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “လက်ရှိကတော့ ထောက်ပံ့ရန်ရှိတဲ့ စာရင်းတွေကို တင်ထားဆဲပဲ ရှိသေး တယ်။ အကုန်လုံး အသေးစိတ်အချက် အလက် မှန်ကန်ရင် ရမှာပေါ့” ဟု တာဝန်ရှိသူက ပြောသည်။ ပိတ်ထားကြောင်း တင်ပြလာသည့် စက်ရုံ၊ အလုပ်ရုံ၊ […]

VMS ပိတ်ထားသည့် ငါးဖမ်း ရေယာဉ်များအား အရေးယူတော့မည်

diz_admin

June 8, 2020

VMS ခြေရာခံစနစ် ပိတ်ထားသည့် ငါးဖမ်းလှေများအား စတင်အရေးယူ တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ ဇွန်လ၁ရက်နေ့မှစ၍ ငါးမဖမ်းရရာ သီသုံးလစတင်ပြီဖြစ်သည့်အတွက် မေလ ၃၁ရက်နေ့နောက်ဆုံးအဖြစ် ကမ်းဝေးငါး ဖမ်းရေယာဉ်များ၊ ငါးသယ်ရေယာဉ်များ ကမ်းသို့လာရောက် ဆိုက်ကပ်ထားကြပြီ ဖြစ်သည်။ ယင်းသို့ ဆိုက်ကပ်ထားချိန်တွင် လည်းVMS ခြေရာခံစနစ် ဖွင့်ထားရမည် ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားထားပြီးဖြစ်သည့် အတွက် ကမ်းကပ်ထားသည့်ရေယာဉ် များအား ဇွန်လ ၁ရက်မှနေ့မှစ၍ စောင့် ကြည့်ရေး စင်တာများမှ စောင့်ကြည့် ကာ စက်ပိတ်ထားသည့်လှေများအား အရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ငါးလုပ်ငန်းဦးစီးဌာန တိုင်း ဦးစီးမှူး ဦးသံချောင်းက ပြောသည်။ “ငါးလတိုင်တိုင် ကျွန်တော်တို့ စောင့်ကြည့်ပြီး ပြစ်မှုကျူးလွန်တဲ့စည်း […]

တနင်္သာရီတိုင်း ကိုဗစ်ရောဂါ ကင်းစင်ပြီ

diz_admin

June 8, 2020

ထားဝယ်မြို့တွင် တစ်ဦးတည်း သော ပိုးတွေ့ လူနာအမှတ် (၁၈၅) ကို ဇွန်လ ၆ ရက်တွင် ဆေးရုံက ဆင်းခွင့် ပြုလိုက်ပြီဖြစ်သောကြောင့် လတ်တ လော တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။ ယင်းလူနာတွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ကြေညာပြီး နောက်ထပ်နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ပြောသည်။ “တနင်္သာရီတိုင်းက အရောင်ပြောင်း သွားတာပေါ့လေ”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။ ဆေးရုံက ဆင်းခွင့်ပြုလိုက်သော လူနာအမှတ် ၁၈၅ သည် အမှတ်(၃) အထက်တန်းကျောင်းတွင် […]

ဆိုင်ကယ်ရှေ့မီးကြီး နေ့ဘက်တွင်ပါ ဖွင့်မောင်းရမည်၊ မထွန်းက ဒဏ်ငွေဆောင်ရမည်

diz_admin

June 8, 2020

လက်ရှိပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေအသစ်အရ ဆိုင်ကယ် ရှေ့မီးကြီးကို နေ့ဘက်မောင်းနှင် ချိန်တွင်ပါ ဖွင့်မောင်းရမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေတွင် ယင်းသို့ ပြဋ္ဌာန်း ထားခြင်း ဖြစ်သည်။ ထိုဥပဒေအရ နေ့ခင်းဘက် ဆိုင် ကယ်မီးမဖွင့်ပါက ငွေကျပ်သုံးသောင်း ထက်မပိုသည့် ငွေဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေတွင် အထက်ပါအချက်ကို ပြဋ္ဌာန်းထား ခြင်းမရှိပေ။ လက်ရှိတွင် မော်တော်ယာဉ်ဥပဒေ အသစ်နှင့် ပတ်သက်ပြီး ပြည်သူများ သိရှိစေရန် ပညာပေးလက်ကမ်းစာစောင် များကို လူစည်ကားသည့် လမ်းဆုံများ တွင် ဖြန့်ဝေနေကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ)မှ ရဲမှူးမိုးကျော်က ဆိုသည်။ […]