BREAKING
November 18, 2025

သတင်း

မြိတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုး‌ပေး၊ အများပြည်သူသိအောင် မကြေညာသဖြင့် ဝေဖန်ခံရ

Dawei Watch

June 18, 2025

မြိတ်မြို့ရှိ ကန်ခေါင်းဆေးရုံဟောင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေသော်လည်း အများပြည်သူသိရှိရန် ဆေးရုံဘက်က ကျယ်ကျယ်ပြန့်ပြန့် အသိမပေးသည့်အပေါ် မြို့ခံအချို့က ဝေဖန်နေကြသည်။ ကိုဗစ်ကာကွယ်ဆေးကို ဇွန်လ ၁၆ ရက်မှစပြီး ရုံးဖွင့်ရက်တိုင်း နံနက် ၁၀ နာရီ‌ကျော်မှ ၁၂ နာရီအထိ ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ကန်ခေါင်းဆေးရုံဟောင်း ကလေးကုသဆောင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေကြောင်း မြိတ်မြို့ခံ ကျန်းမာရေး ဝန်ထမ်းဟု ယူဆရသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ဇွန်လ ၁၃ ရက်က ရေးသားမျှဝေခဲ့သည်။ ယင်းအပေါ် ကူးယူမျှဝေ ရေးသားထားသူများလည်း ရှိသည်။ ကန်ခေါင်းဆေးရုံတွင်မူ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အကြောင်း ကြေညာထားသော်လည်း Dawei Watch က မေးမြန်းခဲ့သည့် ကာကွယ်ဆေးလာထိုးသူ အများစုမှာ လူမှုကွန်ရက်ပေါ်မှသိရှိခြင်း သို့မဟုတ် တဆင့်စကားတို့ဖြင့် လာရောက် ထိုးနှံကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ […]

ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် ADB က ဒေါ်လာသန်း ၁၀၀ ကူမည်

Dawei Watch

June 18, 2025

ငလျင်ဒဏ်ခံစားခဲ့ရသော မြန်မာနိုင်ငံသားများအတွက် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကူညီထောက်ပံ့မည်ဖြစ်ကြောင်း ADB က ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်သည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများနှင့် လူမှုဘဝများ ရေရှည်တည်ထောင်နိုင်ရေး အတွက် ရည်ရွယ်၍ အာရှဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (ADF) အောက်က လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ပြီးခဲ့သော ဧပြီလ ၁ ရက်တွင် ADB က မြန်မာငလျင်ဒဏ်သင့် ပြည်သူများအား ဒေါ်လာသုံးသန်း အရေးပေါ်ထောက်ပံ့ လှူဒါန်းခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ထပ်မံကူညီရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယခု ADB ၏ အကူအညီများကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP)၊ ကုလသမဂ္ဂကလေးများရန်ပုံငွေ (UNCF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် […]

ဘုတ်ပြင်း ကံမော်ကြီးရွာပင်လယ်ပြင်တွင် ပုစွန်ထိုးလှေအုပ်စုလိုက်ဝင်ဖမ်း၊ လက်လုပ်လက်စားများအခက်တွေ့

Dawei Watch

June 18, 2025

ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာ ပင်လယ်ပြင်တွင် မေလလယ်ခန့်မှစတင်ကာ ပုစွန်ထိုးလှေများအစုအဖွဲ့ဖြင့် ပုစွန်ဖမ်း နေသည့်အတွက် လက်လုပ်လက်စားသမားများ အခက်တွေ့နေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကံမော်ကြီးရွာ၏ အနောက်ဘက်ရှိ ပင်လယ်ရေတိမ်နေရာများတွင် ပုစွန်ထိုးလှေ ၃၀ စီးခန့်က ဖမ်းဆီးနေကြသည့်အတွက် ရှပ် (ဂုံးတစ်မျိုး) ၊ ဂုံး၊ ပင်လယ်ကင်းပုစွန်အပါအဝင် ရေတိမ်ဒေသနေ ရေသတ္တဝါများ ရှားပါးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပုစွန်ထိုးလှေတွင် ဝါးလုံးနှစ်လုံးကို ခက်ရင်းခွကဲ့သို့ ချည်နှောင်ထားပြီး ဝါးလုံးအဖျားပိုင်းတွင် ပုစွန်ဖမ်းပိုက် တပ်ဆင် ထားသည်။ ထို့နောက် ပင်လယ်ရေတိမ်ကြမ်းပြင်ကို ပိုက်ပါသည့်အပိုင်းကို ထိုးနှစ်ကာ ပုစွန်ဖမ်းဆီးကြခြင်းဖြစ်သည်။ ပုစွန်ထိုးလှေဖြင့် ပုစွန်ဖမ်းဆီးပါက ပင်လယ်ရေတိမ်ကြမ်းပြင်တွင် ရေမြောင်းပုံသဏ္ဍန်ဖြစ်လာပြီး ရှပ် ၊ သွေးဂုံး၊ ဂဏန်း၊ ပင်လယ်ကင်းပုစွန် စသည့် ရေနေသတ္တဝါများ မရှိတော့သည့်အတွက် ဝမ်းစာရေးအတွက် ရှာဖွေစားသောက်နေသည့် […]

နောက်လမှစ၍ ဘန်ကောက်တွင် တစ်ရက်လုပ်အားခ အနည်းဆုံး ဘတ် ၄၀၀ ရရှိမည်

Dawei Watch

June 18, 2025

လာမည့်ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို တစ်ရက် အခြေခံလုပ်အားခ ဘတ် ၄၀၀ တိုးမြင့်သတ်မှတ်ပေးရန် ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လက်ရှိတွင် ဘန်ကောက်အပါအဝင် နီးစပ်ရာခရိုင်များတွင် တစ်နေ့အခြေခံလုပ်အားခ ၃၇၂ ဘတ်သာ ရရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဘန်ကောက်တွင် တစ်နေ့လုပ်အားခ ဘတ် ၄၀၀ သို့ တိုးလာမည်ဖြစ်ရာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် မူလလုပ်အားခထက် တစ်ရက် ၂၈ ဘတ် ပိုမိုရရှိမည်ဖြစ်သည်။ သို့သော်လည်း အခြားခရိုင်များတွင် မူလက သတ်မှတ်ထားသော တစ်နေ့အခြေခံလုပ်အားခများဖြစ်သည့် ဘတ် ၃၃၇ မှ ၃၈၀ အတွင်းသာ အလုပ်သမားများက ရရှိနေဦးမည်ဖြစ်သည်။ ယခုတစ်နေ့ အခြေခံလုပ်အားခ ဘတ် […]

အရှေ့အလယ်ပိုင်းသို့ အမေရိကန်တိုက်လေယာဉ်များထပ်မံစေလွှတ်၊ အီရန်က မစ်ဆိုင်းဒုံးများ အသင့်ပြင်ထား

Dawei Watch

June 18, 2025

အမေရိကန်စစ်တပ်က F-35 ၊ F-22 တိုက်လေယာဉ်များကို အရှေ့အလယ်ပိုင်းသို့ စေလွှတ်ကာ စစ်အင်အားထပ်မံဖြည့်တင်းလိုက်သည်။ အီရန်အဏုမြူစက်ရုံများအား လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေသည့် အစ္စရေးနှင့်အတူ ပူးပေါင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေကြောင်း သတင်းထွက်ပေါ်လာချိန် ယင်းသို့ တိုက်လေယာဉ်များ စစ်ကူစေလွှတ်လိုက်ခြင်း ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်သည် အင်္ဂါနေ့တွင် အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ဝင်များနှင့် တစ်နာရီကျော်ကြာ အစည်းအဝေးပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ထရမ့်က အရှိန်မြင့်လာသည့် အစ္စရေး – အီရန်စစ်ပွဲတွင် အမေရိကန် လုပ်ဆောင်ရမည့် ရွေးချယ်စရာများကို အမျိုးသားလုံခြုံရေးအဖွဲ့ဝင်များနှင့် ဆွေးနွေးသုံးသပ်ခဲ့သည်။ အရှေ့အလယ်ပိုင်းသို့ တိုက်လေယာဉ်များ ထပ်မံစေလွှတ်လိုက်မှုမှာ ကာကွယ်ရေးအစီအမံတစ်ရပ်သာ ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောသည်။ အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့များကို အီရန်နှင့် မဟာမိတ်များ၏ အလားအလာရှိ လက်တုံ့ပြန်တိုက်ခိုက်မှုများမှ ကာကွယ်ရန် […]

ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှုစာရင်းနှင့် တရားခွင် ရုပ်သံမှတ်တမ်းပေါက်ကြား

Dawei Watch

June 18, 2025

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထောင်တွင်းတရားရုံးအတွင်း တရားရင်ဆိုင်နေသည့် ရုပ်သံမှတ်တမ်းနှင့် ထောင်တွင်းနေ့စဉ်ဖြတ်သန်းမှု စာရင်းမှတ်တမ်းများ ကမ္ဘောကျော် ဂါးဒီးယန်းသတင်းဌာနသို့ ပေါက်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ နီးကပ်လာချိန်တွင် အကျဉ်းထောင်အတွင်း သူမ၏ နေ့စဉ်ဘဝဖြတ်သန်းမှုကို တစေ့တစောင်း မြင်ယောင်ခွင့်ပေးသည့် အဆိုပါ မှတ်တမ်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ ရုပ်သံမှတ်တမ်းနှင့် စာရင်းမှတ်တမ်းများကို CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ဂါးဒီးယန်းသတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ပြင်ပကမ္ဘာနှင့်ထိတွေ့ခွင့်မရှိဘဲ သူမ၏ ရှေ့နေအဖွဲ့နှင့်သာ ရှားရှားပါးပါး တွေ့ဆုံခွင့်ရလေ့ရှိသည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လနှင့် ဒီဇင်ဘာလမှ အဆိုပါ မှတ်တမ်းရုပ်သံဖိုင်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ယာယီအထူးတရားရုံးအတွင်း ဦးဝင်းမြင့်နှင့်အတူ တရားရင်ဆိုင်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်ပေါင်းများစွာဖြင့် […]

ဘန်ကောက်ရောက် စစ်ခေါင်းဆောင်ကို ဆန္ဒပြသည့်မြန်မာနှစ်ဦးအား နှစ်လကျော်ကြာ ဖမ်းထားပြီး အမှုများစွာဖြင့် တရားစွဲ

Dawei Watch

June 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြီးခဲ့သော ဧပြီလက ပြုလုပ်ခဲ့သည့် BIMSTEC အစည်းအဝေးလာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအား နှစ်လခွဲကြာအထိ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုများစွာဖြင့် တရားစွဲခံထားရကြောင်း ဖမ်းဆီးခံထားရသော ကိုနိုင်နိုင်စိုးထံမှ သိရသည်။ ပြီးခဲ့သော ဧပြီလ ၃ ရက်နေ့က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် လာတက်သော BIMSTEC အစည်းအဝေးကျင်းပရာ ရှန်ဂရီလာဟိုတယ်အနီးတွင် ကိုနိုင်နိုင်စိုးနှင့် ကိုဖြိုးပိုင်တို့နှစ်ဦးသည် ဆန္ဒပြရန် ပြင်ဆင်နေစဉ် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးခံရစဉ် မင်းအောင်လှိုင်ဓါတ်ပုံကို တွေ့ရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး အချိန် နှစ်လခွဲကြာ ယနေ့ ဇွန်လ ၁၈ ရက်နေ့အထိ ဘန်ကောက်ရှိ လဝကထိန်းသိမ်းရေးစခန်း (immigration Detention Centre) တွင် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ကိုနိုင်နိုင်စိုးက […]

ကမ္ဘာ့ဒုက္ခသည်များနေ့ မှတ်တမ်းရုပ်ရှင်ပြပွဲ ထားဝယ်သူ တစ်ဦး မှတ်တမ်းရုပ်ရှင် ပါ၀င်

Dawei Watch

June 18, 2025

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ပီတိအိမ် (Joy House ) တွင် ကျင်းပသည့် ကမ္ဘာ့ ဒုက္ခသည်များနေ့ အထိမ်းအမှတ် မှတ်တမ်းရုပ်ရှင်ပြပွဲတွင် ထား၀ယ်သူဆာရာ၏ မှတ်တမ်းရုပ်ရှင် ပါ၀င်ပြသခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို ဇွန်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့ပြီး စုစုပေါင်း မှတ်တမ်းရုပ်ရှင်ဇာတ်ကား ၉ ကားပါ၀င်ပြသခဲ့သည်။ ပြပွဲတွင်ပြသသည့် ဇာတ်ကားအများစုမှာ မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝအခြေအနေများ၊ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လူ့အခွင့်အရေးအခြေအနေများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ ဆာရာရိုက်ကူးတင်ဆက်ထားသည့် မှတ်တမ်းရုပ်ရှင်မှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်လေး အကြောင်းဖြစ်သည်။ “သူရဲ့အဖေကလည်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက် ဖြစ်ပြီး ချင်းတိုင်းရင်းသူ တစ်ဦးလည်းဖြစ်တယ်။ သူမရဲ့ ဘ၀က မိဘတွေက နိုင်ငံရေး အရွှေပြောင်းတွေနဲ့အတူ တောက်လျှောက်မိဘတွေ […]