BREAKING
November 18, 2025

သတင်း

နည်းပညာမြင့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ဖြင့် အစ္စရေးကို အီရန်တိုက်ခိုက်

Dawei Watch

June 19, 2025

အစ္စရေးကို တိုက်ခိုက်ရန် နည်းပညာမြင့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း အီရန်ဘက်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်း တိုက်ခိုက်မှုများတွင် Haj Qassem ဟုခေါ်သည့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို စတင်အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အီရန်အစိုးရနှင့် ဆက်နွှယ်သည့် FARS သတင်းဌာနက ဖော်ပြသည်။ အဆိုပါ ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို အီရန်ဘက်က မေလ အစောပိုင်းကတည်းက ချပြခဲ့သည်။ အဆိုပါ ပဲ့ထိန်းဒုံးအမျိုးအစားသစ်သည် အစ္စရေးတွင် ချထားသည့် အမေရိကန်စစ်တပ်၏ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းတိုက်ခိုက်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက မေလ ၄ ရက်နေ့က ပြောဆိုခဲ့ဖူးသည်။ ယင်းအပြင်အစ္စရေးက အသုံးပြုနေသည့် အမေရိကန်စစ်တပ်၏ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် အခြားနည်းပညာများကိုလည်း ဖောက်ထွင်းတိုက်ခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။ အီရန်၏ ပဲ့ထိန်းဒုံးအမျိုးအစားသစ်သည် ၁၂၀၀ ကီလိုမီတာအမြင့်တွင် ပျံသန်းနိုင်ပြီး […]

အီရန်ကို တိုက်ခိုက်မည့် အစီအစဉ် ထရမ့်သဘောတူ၊ နောက်ဆုံးအမိန့် မချသေး

Dawei Watch

June 19, 2025

အီရန်နိုင်ငံအပေါ် တိုက်ခိုက်ရေးအစီအစဉ်များကို ‌အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူထားပြီဖြစ်သော်လည်း အီရန်ဘက်က နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ခြင်းရှိမရှိကို စောင့်ကြည့်၍ နောက်ဆုံးအမိန့်ကို လက်ကိုင်ထားဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ အစ္စရေး-အီရန် ပဋိပက္ခ ဆက်ဖြစ်နေသည့်အချိန်တွင် အမေရိကန်ဘက်က အီရန်နိုင်ငံကို တိုက်ခိုက်ရေးအပါအဝင် ၎င်းတို့အတွက် ရွေးချယ်နိုင်မည့် အစီအစဉ်များကို ဇွန်လ ၁၇ ရက်နေ့နောက်ပိုင်းတွင် ချပြလာခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ မြေအောက်တွင် တည်ဆောက်ထားသော Fordow အဆောက်အအုံသည် အမေရိကန်အတွက် အဓိက ပစ်မှတ်ဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြသည်။ Fordow သည် အီရန်နိုင်ငံ၏ မြေအောက်ယူရေနီယံသန့်စင်ရေးစက်ရုံဖြစ်ပြီး တောင်ကြီးအောက်တွင် အခိုင်အမာ တည်ဆောက်ထားသော အဆောက်အအုံဖြစ်သည်။ အကယ်၍ အီရန်ကို တိုက်ခိုက်မည်ဆိုပါက နျူးကလီးယားအဆောက်အအုံများကို တိုက်ခိုက်ခြင်းရှိမရှိ သမ္မတ ထရမ့်ကို မေးမြန်းရာ “တိုက်ချင်တိုက်မယ်၊ မတိုက်ချင် မတိုက်ဘူး” […]

ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် အစိုးရအိမ်တော်ရှေ့ဆန္ဒပြ

Dawei Watch

June 19, 2025

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ယနေ့ ဇွန်လ ၁၉ ရက်တွင် ထိုင်းပြည်သူများက အစိုးရအိမ်တော်ရှေ့တွင် ဆန္ဒပြတောင်းဆိုနေကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ပေးရန် ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေး ကျောင်းသားနှင့် ပြည်သူ့ကွန်ရက် (PDRC) အဖွဲ့က ဦးဆောင်၍ ထိုင်းပြည်သူများက ဆန္ဒပြနေခြင်းဖြစ်သည်။ ဆန္ဒပြပွဲတွင် တိုင်းပြည်လုံခြုံရေးအတွက် အပေးအယူလုပ်ခဲ့သည်ကို စွပ်စွဲခဲ့ကြပြီး ဝန်ကြီးချုပ်က နုတ်ထွက်ရေး တောင်းဆိုနေကြကြောင်း ဖော်ပြသည်။ ဆန္ဒပြပွဲများဖြစ်နေသော်လည်း ဝန်ကြီးချုပ် ပေထုတ်တန်ရှင်နာဝပ်က အစိုးရအိမ်တော်တွင် ကျင်းပခဲ့သော လုံခြုံရေးအစည်းအဝေးကို တက်ရောက်လာခဲ့သည်။ အစိုးရအိမ်တော်အနီး လမ်းတစ်လျှောက်ကို ထိုင်းရဲတပ်ဖွဲ့က ပိတ်ဆို့ထားသလို အစိုးရအိမ်တော်ထဲ […]

တနင်္သာရီတွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

June 19, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မောတောင်လမ်းပိုင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၇ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဂျက်တိုက်လေယာဉ်ဖြင့် သိန်ခွန်းနှင့် အေးသာယာရွာအနီးတဝိုက် နေရာများကို ဗုံးကြဲသည့်အပြင် ပွိုင့်ဖိုက် (စက်သေနတ်) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “သိန်ခွန်းစာသင်ကျောင်းက သုံးစား (အသုံးပြုလို့မရ) မရပြီ။ အေးသာယာရွာနားမှာက တောတွေထဲ လာပစ်လို့ ထိခိုက်မှု မရှိဘူး။ လေယာဉ်က လာဝဲလိုက် ကြဲလိုက်လုပ်နေတယ်” ဟု ၎င်းက ပြောသည်။ နောက်တစ်ရက် ဇွန်လ ၁၈ ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင်လည်း ဂျက်တိုက်လေယာဉ်ဖြင့် ကြိမ်ချောင်းရွာဟောင်းနှင့် သိန်ခွန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ကြိမ်ချောင်းရွာသားတစ်ဦးက ပြောဆိုသည်။ “ကြိမ်ချောင်းရွာဟောင်းမှာက လူနည်းနည်းပဲနေကြတယ်။ […]

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် သရက်ချောင်းတွင် သပိတ်လှုပ်ရှား

Dawei Watch

June 19, 2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်အတွင်း ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ် ပြုလုပ်သည်။

ရေဖြူ ပယရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကိုဖမ်းဆီး

Dawei Watch

June 19, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် တိုက်ပွဲဖြစ်ပြီးနောက် ဇွန်လ ၁၇ ရက်တွင် ဒေသခံရွာသားလေးဦး စစ်ကောင်စီတပ်ကဖမ်းဆီးကြောင်း ဒေသခံများထံမှ သိရသည်။ အဖမ်းခံရသူများသည် ပယရွာ၊ ရှားကုန်းရပ်ကွက်က ဇနီးမောင်နှံနှစ်ဦးနှင့် ခွေးမဖောရွာက သားအဖနှစ်ဦးတို့ဖြစ်ကြောင်း ဒေသခံများကပြောသည်။ “တိုက်ပွဲပြီးတဲ့ နှစ်ရက်မှာ စစ်သားတွေက အိမ်တွေဝင်ပြီး လိုက်စစ်တယ်။ ဖုန်းတွေရော စစ်ကြတယ်။ အဲဒီမှာ လေးယောက်ကတော့ အဖမ်းခံလိုက်ရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရသူလေးဦးအနက် ခွေးမဖောရွာက သားအဖနှစ်ဦးသည် ဇွန်လ ၁၈ ရက်ညက ပြန်လွတ်လာကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည် ။ ပယရွာက ဇနီးမောင်နှံနှစ်ဦးကိုမူ စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ပယရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရေဖြူမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအင်အားစုများက ဇွန်လ ၁၅ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ […]

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်ဆေးရုံကြီးတွင် စုပေါင်းသွေးလှူ

Dawei Watch

June 19, 2025

ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံကြီးတွင် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ဒူးရင်းသီး ဈေးမကောင်းသဖြင့် ယိုလုပ်သူများနေ

Dawei Watch

June 19, 2025

မြိတ်၊ တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ဒူးရင်းသီးဈေးကောင်းမရသဖြင့် ဒူးရင်းယိုလုပ်သူ ပိုများလာကြောင်း ဒူးရင်းခြံပိုင်ရှင်များနှင့် ဒူးရင်းသီးကုန်သည်များထံမှ သိရသည်။ ဒေသထွက် ဒူးရင်းသီးကို မြိတ်မြို့အပါအဝင် မြို့ကြီးများကို တင်ပို့ကြခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများနှင့် စစ်ကောင်စီကစစ်ကြောင်းထိုးနေမှုများကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲနေသည့်အတွက် ဈေးကောင်းမရဖြစ်နေကြောင်း ဒူးရင်းခြံပိုင်ရှင်အချို့က ဆိုသည်။ ယမန်နှစ်က ကျပ်တစ်သောင်းခန့်ဈေးပေါက်သည့် ဒူးရင်းသီးတစ်လုံးမှာ လက်ရှိတွင် ကျပ်ငါးထောင်ဝန်းကျင်သာ ဈေးရှိတော့ကြောင်း ဒူးရင်းခြံပိုင်ရှင်အချို့က ဆိုသည်။ “ဈေးကောင်းမရမယ့်အတူတူ ယိုထိုးမယ်ဆိုပြီး ဒူးရင်းယို ထိုးလိုက်တယ်။ ယိုထိုးရတာတော့ အလုပ်တော့ရှုပ်တယ်။ မိုးကလည်းရွာ ဈေးကလည်းမကောင်း ဒူးရင်းသီးတွေကလည်း ရေဖျင်း(ရေဝင်)ဖြစ်ချင်သလိုတွေ ဖြစ်လာတယ်။ ယိုထိုးလိုက်တာအကောင်းဆုံးပဲဆိုပြီး ထိုးလိုက်တယ်”ဟု မြိတ်မြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် ဒူးရင်းယိုတစ်ပိဿာလျှင် ငွေကျပ်ငါးသောင်းဝန်းကျင် ပေါက်ဈေးရှိနေကြောင်း ၎င်းကဆိုသည်။ ဘုတ်ပြင်းမြို့နယ်ရှိ ဒူးရင်းခြံပိုင်ရှင်တစ်ဦးကလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒူးရင်းသီးဈေးကောင်းမရ […]