ကျောက်မီးသွေးစက်ရုံအပါအဝင် ထားဝယ်စီမံကိန်းကို အရှိန်မြှင့်မည်ဟု ရုရှားပြော
Dawei Watch
June 21, 2025ရုရှားနှင့် မြန်မာစစ်ကောင်စီကြား ချုပ်ဆိုသည့် ရင်းနှီးမြှုပ်နှံမှုစာချုပ်အရ ကျောက်မီးသွေးစက်ရုံ အပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဝန်ကြီးက ပြောသည်။ နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာစာချုပ်ကို ဇွန်လ ၂၀ ရက်တွင် ရုရှားစီးပွားရေးဝန်ကြီး Maxim Reshetnikov နှင့် စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဂ်မြို့တွင် လက်မှတ်ရေးထိုးကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ မြန်မာ့ကမ်းလွန်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရန်၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေးကဏ္ဍများအပါအဝင် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ သဘောတူညီချက်အရ မဂ္ဂါဝပ် ၆၆၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်နေသည့် ထားဝယ် အထူးစီးပွားရေးဇုန်ကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်လည်း ပါဝင်သည်ဟု ရုရှားစီးပွားရေးဝန်ကြီးက […]


