ရှင်တောင့်ပုံတောင်တက်ကားကိစ္စ တရားစွဲဆိုထားမှု တရားခံပြသက်သေ စစစ်မည်
diz_admin
January 14, 2020ရှင်ကိုးရှင်စာရင်းဝင် ရှင်တောင့်ပုံ ဘုရားတောင်တက်ကားကိစ္စနှင့် ပတ်သက်၍ စွဲဆိုထားသည့်အမှုကို ဇန်နဝါရီလ ၁၀ ရက် ရုံးချိန်းတွင် တရားခံပြသက်သေအား စတင်စစ်ဆေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ် တရားရုံးထံမှ သိရသည်။ ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးဥပဒေ ကို ချိုးဖောက်သည်ဟုဆိုကာ မြို့နယ် ပုဂ္ဂလိကယာဉ်များပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ (ယကက) မှ ဦးဖေသိန်းက တရားလိုလုပ်ကာ စွဲဆို ထားသည့်အမှုဖြစ်ကြောင်း အထက်ပါ တရားရုံးထံမှ သိရသည်။ အဆိုပါအမှုတွင် စွပ်စွဲခံရသူ ဦးဇော်ဝင်းစိန်ဘက်မှ တရားခံပြသက်သေ နှစ်ဦးတင်သွင်းထားပြီး ၂၅ ကြိမ်မြောက် ရုံးချိန်းတွင် စတင် စစ်ဆေးမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်တရားရုံးမှ သတင်း ပြန်ကြားရေးအရာရှိ ဦးဝေဇင်ဦးက ဆိုသည်။ ယင်းအမှုတွင် စွပ်စွဲခံရသူ ဦးဇော် ဝင်းစိန်က ရှင်တောင့်ပုံတောင်တက်ယာဉ် အသင်းဝင်ထားခြင်းမရှိဘဲ တောင်ပေါ် သို့ ကားပြေးဆွဲ နေသည်ဟုဆိုကာ ပုဂ္ဂလိက […]


