ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂျင်းစားခရု များပြားလာခြင်းကြောင့် ဂျင်းမွေးမြူသူများ အခက်ကြုံ

diz_admin

July 27, 2020

ဂျင်းဟုဒေသခံများခေါ်သည့် ဂုံးကောင်များအား သတ်ဖြတ်စားသောက်လေ့ရှိသည့် ဂျင်းစားခရု ယခုနှစ်တွင်ပိုမို များပြားလာသည့်အတွက် အခက်ကြုံနေရကြောင်း ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ ဂျင်းမွေးမြူသူများထံမှ သိရသည်။ ဂျင်းစားခရုများသည် ဂျင်းသားပေါက်သည့်နေရာများတွင် ယခင်ကတည်းကအနည်းအကျဉ်းနေထိုင်ကျက် စားလေ့ရှိသော်လည်း ယခုနှစ်ဂျင်းသား ပေါက်ရာသီတွင်မူ ၎င်းခရုများထူးထူး ခြားခြားများပြားလာကြောင်း ယင်းရွာသားများကဆိုသည်။ ယင်းသို့များပြားလာသည့်အတွက် ရွာသားများအား ခရုတစ်ကီလိုလျှင် ကျပ်တစ်ထောင်အခကြေးငွေပေးကာ ကောက်ရှင်းခိုင်းနေရကြောင်း ရေကန်တောင်ကျေးရွာနေအစုအဖွဲ့ပိုင် ဂျင်းမွေးမြူရေးလုပ်ကိုင်သူ ဦးလှဝေက ပြောပြသည်။ “တစ်နေ့ကို လူတစ်ဆယ်လောက်နဲ့ ကောက်တာ ကီလိုနှစ်ရာလောက်ရတယ်” ဟု၎င်းက ပြောသည်။ ကောက်ယူရရှိသည့် ခရုများကို ကျေးရွာနေလူအချို့ ကြော်လှော်စားသုံးကြသော်လည်း ယင်းခရုများသည် ဈေးကွက်တွင် ရောင်းတန်းမဝင်ကြောင်း ဦးလှဝေက ဆိုသည်။ “အရေးကြီးတာက ဒီခရုတွေကိုဖယ် ရှားပစ်ဖို့ပဲ။ အဲဒီလိုမလုပ်နိုင်ရင်တော့ ဆုံးရှုံးမှု တော်တော်များလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။ ရေကန်တောင်ကျေးရွာအနီး ရွှံ့သောင်ပေါ်ရှိ […]

မြိတ်မီးလင်းရေးကုမ္ပဏီ မြေယာလုပ်ပိုင်ခွင့် မရသေးဟုဆို

diz_admin

July 27, 2020

ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ မြိတ်မြို့တွင် လျှပ်စစ်မီးပေးနေသည့် Petro & Trans မီးလင်းရေးကုမ္ပဏီသည် လက်ရှိအချိန်တွင် မြေနေရာလုပ်ပိုင်ခွင့် မရရှိသေးကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ တိုင်းအစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည့်အတိုင်း မြိတ်မြို့နယ်အား HFO စက်ကြီးများဖြင့် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီမှ မြေ ၄ ဒသမ ၈၅ ဧကကို ကလွင်ကျေး ရွာအုပ်စုအတွင်း လျာထားခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ လျှပ်စစ်ဖြန့်ဖြူးရေး၊ အထွေထွေမန်နေဂျာ ဦးတင်ထွန်းဦးက ပြောသည်။ “စာချုပ်မှာပါတဲ့တည်နေရာဟာ လယ်ယာမြေ ဖြစ်နေပါတယ်။ ဒါကြောင့် အခြားနည်းအသုံးပြုခွင့် ဆောင်ရွက်ပြီးမှသာလျှင် ဖြန့်ဖြူးခွင့် ပြုမယ်ဆိုပြီး ညွှန်ကြားလာပါတယ်” ဟု၎င်းက ပြောသည်။ မြိတ်မြို့နယ်အတွက် HFO လောင်စာဖြင့် အသုံးပြုပြီး ၂၀ မဂ္ဂါဝပ် […]

ထီးခီးတွင် မိုင်းဟောင်းပေါက်ကွဲပြီး တစ်ဦးသေဆုံး

diz_admin

July 27, 2020

ထိုင်းနယ်စပ်အနီးရှိ ထီးခီးဒေသတွင် မိုင်းဟောင်းတစ်လုံးပေါက်ကွဲသဖြင့် ငှက်ပစ်ထွက်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထီးခီးဒေသတွင် ကျပန်းအလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးက ဇူလိုင်လ ၂၂ ရက် ညတွင် မယ့်သမီးခီးချောင်းဖျားသို့ ငှက်ပစ်ထွက်ခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။ “ယခင်က မိုင်းဟောင်းတွေထောင် ထားတယ်ဆိုပြီးတော့ သွားရောက်ခြင်း မပြုဖို့ ကန့်သတ်ထားတဲ့နယ်မြေပေါ့။ နေရာကတော့ မယ့်သမီးခီးချောင်းဖျားကို ညအချိန် ငှက်ပစ်ထွက်တာပေါ့” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။ ယင်းည ၁၁ နာရီခန့်တွင် ငှက်ပစ်ထွက်သည့် အမျိုးသား ၃ ဦးအနက် အသက် ၃၇ နှစ်အရွယ် အမျိုးသားက မိုင်းနင်းမိပြီး ခြေပြတ်ဒဏ်ရာရရှိကာ အခြားအမျိုးသားတစ်ဦးက ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ မိုင်းပေါက်မှုကြောင့် ဒဏ်ရာပြင်းထန်သည့်အမျိုးသားကို အတူသွားသည့် […]

အာဇာနည်နေ့အခမ်းအနား အချိန်စောပြီးဥသြဆွဲမှု ၎င်းတွင်တာဝန်ရှိဟု ဝန်ကြီးချုပ်ပြော

diz_admin

July 27, 2020

ထားဝယ်မြို့တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားတွင် အချိန်စောပြီးဥသြဆွဲခဲ့သည့်ကိစ္စက ၎င်းတွင်တာဝန်ရှိကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ဝန်ခံပြော ကြားလိုက်သည်။ အာဇာနည်နေ့ အခမ်းအနားတွင် သတ်မှတ်အချိန်ထက် ၁၇ မိနစ်ခန့် အချိန်စောပြီး ဥသြဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်းကိစ္စမှာ ၎င်းတွင်တာဝန်ရှိကြောင်းကို ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ဦးစီးကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ် ဒါနဲ့ ပတ်သက်ပြီးတော့ ဒီတစ်ခုလုံးရဲ့ အားသာချက် အားနည်းချက်တွေဟာ ကျွန်တော့်တာဝန်ပါ” ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ မရိုးသားသည့် ပိုင်ဆိုင်မှုရှိက သူခိုးဟုခေါ်ပါ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပသည့် အာဇာနည်ရင်ပြင်နှင့် တိုင်းအစိုးရအဖွဲ့ရုံးရှေ့ရှိ ကျောက်တိုင်တွင် မီးသတ်တပ်ဖွဲ့မှ […]

ဓားသွေးကျောက် နှစ်လောင်းပြိုင်လူသတ်မှု လူလေးဦးကို ဖမ်းဆီး

diz_admin

July 27, 2020

ထားဝယ်မြို့နယ်ရှိ ဓားသွေးကျောက် ကျေးရွာတွင်ဖြစ်ပွားသည့် နှစ်လောင်းပြိုင်လူသတ်မှုဖြစ်စဉ်တွင် ကျူးလွန်သူလေးဦးကို ဖမ်းမိထားသည်ဟု တနင်္သာရီတိုင်း ဒုတိယရဲတပ်ဖွဲ့ မှူးက ပြောကြားသည်။ အဆိုပါကျေးရွာရှိ နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှုဖြစ်စဉ်၌ အဓိကတရားခံ ၂ ဦးနှင့် ဆက်စပ်တရားခံ ၂ ဦးကို ယခုလလယ်ပိုင်းတွင် ဖမ်းမိထားကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့ကို စစ်ဆေးချက်များအရ အဓိကကျသည့်တရားခံ၏ ဖခင်သေဆုံးသည့်ကိစ္စအပေါ် ပုဂ္ဂိုလ်ရေးအမုန်းတရားကြောင့် လူငှားကာ သတ်ဖြတ်ခိုင်းသည်ဟု ထွက်ဆိုထားကြောင်း ဒုတိုင်း ရဲတပ်ဖွဲ့မှူးက ပြောသည်။ အညာဖျားကျေးရွာအုပ်စုရှိ ဓားသွေးကျောက်ကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် နံနက်စောစောအချိန်က အသက် ၇၈ နှစ်အရွယ်နှင့် ၃၈ နှစ်အရွယ် သားအဖနှစ်ဦးကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ် သတ်ဖြတ်ခံခဲ့ရသည်။ လက်ရှိဖမ်းဆီးထားသူ ၄ ဦးအပြင် အဓိကတရားခံ ၂ […]

ကိုဗစ်ကပ်ဘေးအကြား မှောင်ခို KTV ဆိုင်များ

diz_admin

July 27, 2020

ကိုဗစ်ကပ်ဘေးကြောင့် KTV ဆိုင်များ ပိတ်ထားရန် ပြီးခဲ့သည့် မတ်လအတွင်း တိုင်းအစိုးရက ညွှန်ကြားထားသည်။ ထို့အပြင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် KTV ဆိုင်၊ Bar၊ နိုက်ကလပ်များ ဖွင့်လှစ်မှုမရှိစေရေး အလေးထားစိစစ်ကြပ်မတ်ရန် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင်လ ၂၁ ရက်နေ့တွင် ထပ်မံညွှန်ကြား ထားသည်။ သို့ရာတွင် ထားဝယ်မြို့ရှိ KTV ဆိုင်အားလုံးနီးပါးက ထိုညွှန်ကြားချက်နှင့် ဆန့်ကျင်ကာ ပေါ်ပေါ်တင်တင်ပင် ဖွင့်လှစ်နေသည်။ တနင်္သာရီအပတ်စဉ်၏ စုံစမ်းချက်အရ ဇူလိုင်လ ၂၃ ရက်ညက ထားဝယ်မြို့သစ် ဧရိယာအတွင်းရှိ KTV ဆိုင် ၆ ဆိုင် ဖွင့်လှစ်ထားသည်။ ယင်းဆိုင်များဖွင့်ထားသည်မှာ တစ်လကျော်ပြီဖြစ်ကြောင်း KTV ဆိုင်များသို့ အမြဲသွားလေ့ရှိသည့် အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါဆိုင်အများစုတွင် […]

ကိုဗစ်ကာလအလှူငွေ ကျပ်သိန်း ခြောက်ရာကျော်ရရှိ

diz_admin

July 27, 2020

တနင်္သာရီတိုင်းအစိုးရကို လာလှူထားသည့် ကိုဗစ်အလှူငွေ ကျပ်သိန်းခြောက်ရာကျော်ရရှိထားကြောင်း တိုင်းအစိုးရ အဖွဲ့အတွင်းရေးမှူးက ပြောကြားသည်။ ကိုဗစ်ကပ်ဘေးအတွက် ကုမ္ပဏီလုပ်ငန်းရှင်များ၊ စေတနာရှင်အသင်းအဖွဲ့များက တိုင်းအစိုးရထံ လှူဒါန်းကြခြင်း ဖြစ်သည်။ အဆိုပါ စေတနာရှင်များလှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်းပေါင်း ၆၀၉ သိန်းကျော်နှင့် ကျန်းမာရေးသုံးပစ္စည်းများ လာလှူထားကြောင်း တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ဆိုသည်။ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာလုပ် ဆောင်ချက် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းကနေသင်ယူဖို့ တကကသိုလ်ကျောင်းသားတွေရဲ့ အခက်အခဲများ တိုင်းအစိုးရလက်ခံရရှိသည့် အလှူငွေများကို ပြည်ထောင်စုထံတင်ပြရပြီး တိုင်းအစိုးရအနေဖြင့် တိုက်ရိုက်သုံးစွဲခွင့်မရှိကြောင်း ၎င်းက ပြောသည်။ “ဗဟို (ပြည်ထောင်စု) ကနေမှ ဒါကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သုံးစွဲနေပါတယ်” ဟု ဦးခင်မောင်ကျော်က ဆိုသည်။ ကျန်းမာရေးသုံးပစ္စည်းများကို […]

မရိုးသားသည့် ပိုင်ဆိုင်မှုရှိက သူခိုးဟုခေါ်ပါ

diz_admin

July 27, 2020

-ဝန်ကြီးချုပ် တိုင်းအစိုးရတာဝန်ထမ်းဆောင်စဉ် မရိုးသားသည့် ပိုင်ဆိုင်မှုရှိပါက သူခိုးဟု ခေါ်နိုင်ကြောင်း တနင်္သာရီတိုင်း ဝန်ကြီးချုပ်က စိန်ခေါ်လိုက်သည်။ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း တင်ပြထားသည့် ပိုင်ဆိုင်မှုထက် ကျော်လွန်နေပြီး မရိုးသားသည့် အထောက်အထားများရှိပါက စုံစမ်းဖော်ထုတ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာ လုပ်ဆောင်ချက်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ကိုလည်း စုံစမ်း နိုင်ပါတယ်။ အဲဒီထက်ပိုပြီးတော့ မရိုးမသားတဲ့နည်းတွေနဲ့ ရယူပြီးတော့ ပိုင်ဆိုင်ထားတာရှိရင် ကျွန်တော်တို့ကိုလည်း Challenge (စိန်ခေါ်) လုပ်ပါတယ်။ မီဒီယာတွေ စာလုံးအမည်းကြီးနဲ့ သူခိုးလို့ခေါ်နိုင်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ လူထုကိုယ်စားပြု အမတ်မင်းများ အလိုရှိသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရစဉ်ကပင် ပိုင်ဆိုင်မှု အထောက်အထားများကို […]