လော့လော့ ပုစွန်မွေးမြူကန်နှင့် တပ်သိမ်းမြေကိစ္စ တောင်သူလယ်သမားသမဂ္ဂ ကူမည်
diz_admin
February 11, 2020မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ အုပ်စု လော့လော့ကျေးရွာရှိ ပုစွန် မွေးမြူရေးကန်နှင့် တပ်သိမ်းမြေယာများ ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂမှ ကူညီမည် ဖြစ်ကြောင်း ယင်းသမဂ္ဂ နာယက ဦးဆန်းဆင့်ထံမှ သိရသည်။ သိမ်းဆည်းမြေယာများအား သက် ဆိုင်ရာဒေသရှိ သမဂ္ဂများမှ အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီး နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ဟင်နရီဗန်ထီးယူ၊ ပြည်ထဲရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ မြေယာအမှုတွဲများ ပေးပို့သွားမည်ဖြစ်ကြောင်း တောင်သူ လယ်သမားသမဂ္ဂ နာယက ဦးဆန်းဆင့်က ပြောပြသည်။ “စစ်ဆေးပြီးတော့ မှန်ကန်တဲ့ဟာတွေ ကို တင်ပေးသွားမယ်”ဟု ဦးဆန်းဆင့်က ပြောသည်။ ဦးဆန်းဆင့်သည် သာသနာရေး ဝန်ကြီးဟောင်းဖြစ်ပြီး နိုင်ငံပိုင်ငွေ အလွဲ သုံးစားပြုမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် […]


