တစ်ပတ်အတွင်း ကိုဗစ်လူနာသစ် ၁၀ ဦးတိုး
diz_admin
January 18, 2021တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၁၀ ဦး တိုးလာကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းအရ သိရသည်။ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်အတွင်း ထားဝယ်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅ ဦး၊ မြိတ် မြို့နယ်တွင် ၄ ဦး၊ တနင်္သာရီမြို့နယ်တွင် ၁ ဦး ထပ်တိုးလာခဲ့သည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် နေ့အထိ စာရင်းများအရ တနင်္သာရီတိုင်းတွင် ကိုဗစ် အတည်ပြုလူနာ ၇၂၇ ဦးရှိပြီး ဆေးရုံတက်ရောက်ကုသနေသူ ၂၇ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။ ပိုးတွေ့လူနာအများစုမှာ ရန်ကုန်ပြန်များ၊ ကုန်ကားသမားများ၊ ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားများတွင် အများဆုံးတွေ့ရပြီး နိုင်ငံခြားပြန်နှင့် သင်္ဘောသားပြန်များတွင် တွေ့ရ နည်းသည်ဟု […]


