ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပြည်သူ့ဝန်ထမ်းများ ပါဝင်လာည့် ထားဝယ်ဆန္ဒပြပွဲ

diz_admin

February 10, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ထားဝယ်မြို့တွင် ခြောက်ရက်မြောက်ဆန္ဒပြပွဲတွင် ပြည်သူ့ဝန်ထမ်းများ ပါဝင်လာသည်။ စစ်အာဏာသိမ်းပြီး ၁၀ ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူလူထုအပြင် မြေစာရင်းဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရှေ့နေများ၊ နည်းပညာတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း စသည့်ဌာနများမှ ဝန်ထမ်းအချို့ ပူးပေါင်းပါဝင်လာသည်။ ကရင်တိုင်းရင်းသားတို့လည်း ပါဝင်လာသည်။ ထို့အပြင် ပညာရေးဝန်ထမ်းဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်း အစရှိသည့် ပြည်သူ့ဝန်ထမ်းများလည်း ပါဝင်သည်။ ၎င်းတို့သည် ယမန်နေ့ဆန္ဒပြပွဲတွင်လည်း ပါဝင်ခဲ့ပြီးဖြစ်သည်။ ယင်းအပြင် LGBT များ၊ ဂီတအသင်းနှင့် အခြားအသင်းအဖွဲ့များလည်း ပါဝင်သည်။ ယနေ့ဆန္ဒပြရာတွင် ပင်မသပိတ်စစ်ကြောင်းက နံနက် ၈ နာရီခွဲခန့်တွင် ဥတ္တံတားကြီးလမ်းဆုံမှ နိဗ္ဗာန်လမ်းအတိုင်းချီတက်ပြီး ဗဟိုလမ်းဆုံအရောက်တွင် ဆန်းချီလမ်းဆုံဘက်သို့ ချီတက်သွားသည်။ စထွက်ထွက်ချင်းပင် ရဲတပ်ဖွဲ့ကားတစ်စီးက အရှေ့မှကန့်လန့်ခံတားဆီးခဲ့သေးသော်လည်း ဆန္ဒပြသမားတို့က လွတ်နေသည့် လမ်းကြောင်းမှ […]

၂၀၂၀ ခုနှစ်အတွင်း ထားဝယ်ခရိုင်တွင် မီးလောင်မှုနှစ်ဆယ်ကျော်

diz_admin

February 10, 2021

ပြီးခဲ့သည့်နှစ်က ထားဝယ်ခရိုင်အတွင်း မီးလောင်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီး ဌာနထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာ ကာလအတွင်း လောင်ကျွမ်းသည့်အကြိမ် ရေဖြစ်ပြီး ရှို့မီးကြောင့် လောင်ကျွမ်းမှု အများဆုံးဖြစ်ကြောင်း ယင်းဌာန မှတ်တမ်းအရ သိရသည်။ မီးလောင်မှုကြောင့် ဒုက္ခသည် ၉၃ ဦးရှိခဲ့ပြီး သေဆုံးသူမရှိခဲ့ပေ။ ခရိုင်အတွင်း မြို့နယ်လေးခုရှိသည့်အနက် ထားဝယ်မြို့နယ်တွင် မီးလောင်မှု ၁၂ ကြိမ်ဖြင့် အများဆုံးဖြစ်ကာ ရေဖြူ မြို့နယ်တွင် လောင်ကျွမ်းခဲ့ခြင်းမရှိကြောင်း ယင်းဌာနထံမှ သိရသည်။ ၂၀၁၉ ခုနှစ်တွင် မီးလောင်မှု ၂၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ခရိုင်မီးသတ် စာရင်းအရ သိရသည်။

ဒီရေတောအား ခွင့်ပြုချက်မဲ့ ရှင်းလင်းမြေဖို့နေမှု အမြန်ဆုံးတားဆီးပေးရန် တိုင်ကြား

diz_admin

February 10, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ ဒီရေတောအား ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်း နေခြင်းအား အမြန်ဆုံးတားဆီးပေးရန် ဒေသခံများက တိုင်ကြားလိုက်သည်။ အောက်ကျောက်ဝပ်ကျေးရွာအုပ်စု၊ ထောင့်နန်းကျေးရွာရှိ ဒီရေတောအား အခြားဒေသခံ လေးဦးက ခွင့်ပြုချက်မရှိဘဲ မြေဖို့ရှင်းလင်းနေသည့်အတွက် ဒေသခံတစ်ရာနီးပါး လက်မှတ်ထိုးကာ လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူးထံ ဇန်နဝါရီလ ၂၈ ရက်က တိုင်ကြား လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ရှင်းလင်းမြေဖို့နေမှုကြောင့် ဒီရေတောပျက်စီးကာ ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်လာနိုင်ခြင်း၊ ရေကြီးမှုကဲ့သို့သော သဘာဝဘေးဖြစ်လာနိုင်ခြင်းနှင့် ဒီရေတောရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့ပါးလာနိုင်ခြင်းတို့အပေါ် ဒေသခံများက စိုးရိမ်နေကြကြောင်း တိုင်ကြားစာတွင် ဖော်ပြသည်။ ယင်းဒီရေတောမှာ ဒေသခံများ၏ စားဝတ်နေရေးနှင့် သဘာဝဘေးကို ကာကွယ်ပေးနေသည့် အဓိကအသက် သွေးကြောဖြစ်နေသည့်အတွက် ကန့်ကွက်တိုင်ကြားရခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ကိုဝိုင်းချို က ဆိုသည်။ “မိုး‌တွင်းဆို ပင်လယ်ထွက် မရတော့ဘူး။ […]

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ သိန်း ၇၀ဝ ကျော်ရ

diz_admin

February 10, 2021

ထားဝယ်ခရိုင်တွင် ကိုဗစ်ကာကွယ် ဆေးဝယ်ရန် လာရောက်လှူဒါန်းထားသည့် အလှူငွေ ကျပ်သိန်း ၇၅၀ ရရှိ ထားပြီဖြစ်ကြောင်း COVID-19 ထိန်းချုပ် ကာကွယ်ရေးလူထုအခြေပြုအထောက်အကူပြုအဖွဲ့(ထားဝယ်ဒေသ) ထံမှ သိရသည်။ ထားဝယ်ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များမှ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် လာရောက်လှူဒါန်းသည့်ငွေ အနည်းဆုံး ကျပ်ထောင်ဂဏန်းမှ အများဆုံး ကျပ်သိန်း ၅၀ ခန့်အထိ လှူဒါန်းကြသည် ဟု အထက်ပါအဖွဲ့မှ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။ “လာလှူသူတွေကိုတော့ လိုက်ပြီး တော့ယူပေးလိုက်တယ်ပေါ့။ သက်သက်မဲ့တော့ သွားပြီးတော့ လာလှူကြ ဘာကြဆိုတော့ သွားပြီးတော့ မတိုက်တွန်းချင်ဘူး။ အခုလည်း စီးပွားရေးအရလည်း အားလုံးကို အကျပ်အတည်းတွေလည်း ရှိနေတယ်ပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ ဆန္ဒရှိသူ လာလှူကြပေါ့နော်” ဟု ဦးကျော်ကျော်ဦးက ဆိုသည်။ နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာကွယ် […]

မြိတ်တွင် ကိုဗစ်ကာကွယ်ဆေး အလှူငွေ ကျပ်သိန်းပေါင်း သုံးထောင်နီး ပါးရ

diz_admin

February 10, 2021

ကိုဗစ်နိုင်တီး ကာကွယ်ဆေး ဝယ်ယူ ရရှိရေးအတွက် အလှူငွေများစတင် လက်ခံခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၂၈ ရက်နေ့အထိ ကျပ်သိန်းပေါင်း သုံးထောင်နီးပါးရရှိထားကြောင်း မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီထံမှ သိရသည်။ ကိုဗစ်နိုင်တီး ကာကွယ်ဆေးဝယ်ယူရေးအတွက် မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီနှင့် မြိတ်ဒေသကိုဗစ်နိုင်တီး ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပြုကော်မတီတို့မှ ငွေကျပ်သိန်းတစ်ရာမတည်ခဲ့ပြီး အလှူငွေ များအား လက်ခံပေးလျက်ရှိရာ ဇန်နဝါရီ လ ၂၈ ရက်နေ့အထိ စုစုပေါင်းရရှိငွေ ကျပ်သိန်းပေါင်း ၂၉၀ဝ ကျော် ရရှိထား ပြီး ဖြစ်ကြောင်း သိရသည်။ “ဆေးဝါးဒါနတစ်ခုဖြစ်တော့ ထည့်ကြတာ” ဟု မြိတ်ခရိုင် Covid 19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီ၏ […]

မောတောင်- စင်ခွန်းဂိတ် ပြန်ပိတ်

diz_admin

February 10, 2021

လတ်တလောဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်- စင်ခွန်းနယ်စပ်ဂိတ်အား ဖေဖော်ဝါရီ လ ၆ ရက်နေ့မှစပြီး ရက်အကန့်မသတ်မရှိ ပြန်လည်ပိတ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့ပြီးနောက် ထိုင်းဘက်မှ စင်ခွန်းဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖေဖေါ်ဝါရီလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားသည်။ သို့သော် ထိုရက်တွင်ပင် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်း အကြာတွင် ပြန်ပိတ်ခဲ့ရခြင်း ဖြစ်သည်။ ဖွင့်လှစ်မည်ဟု ကြေညာထားသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြိတ်မှ ရေထွက်ကုန်များ‌ ရောက်ရှိလာကြခဲ့သည့်အတွက် နှစ်ရက်တာ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မောတောင်‌ မြို့မရပ်နေသူ အသက် ၄၀ ရှိ […]

မြိတ်တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်

diz_admin

February 10, 2021

မြိတ်-တနင်္သာရီ ကားလမ်းမကြီးပေါ်ရှိ ပသောင်းကျေးရွာတွင် ဇန်နဝါရီ လ ၃၁ ရက်နေ့ နံနက် နှစ်နာရီခွဲ အချိန်ခန့်တွင် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာထံမှ သိရသည်။ ပသောင်းကျေးရွာရှိ နှစ်ထပ် နေအိမ်တစ်ဆောင်၏ အောက်ထပ်အတွင်းရှိ လျှပ်စစ် မိန်းခုံရှော့ ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ ကွန်ကရစ်ခင်း နှစ်ထပ်အိမ်တစ်ဆောင်အပါအဝင် စုစုပေါင်း နေအိမ်သုံးဆောင် မီးလောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီး ဌာနထံမှ သိရသည်။ မီးလောင်မှုကြောင့် တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ထို့ပြင် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းထားသည့် ငါးခန်းတွဲ ဈေးဆိုင်ခန်းတစ်ဆောင်၊ ကွမ်းယာဆိုင်တစ်ဆိုင်၊ ကုန်စုံဆိုင်တစ် ဆိုင်၊ မော်တော်ဆိုင်ကယ်နှစ်စီး၊ စက်ဘီးနှစ်စီး၊ စပါးတင်းတစ်ရာကျော်နှင့် ကုန်ခြောက်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ […]

စစ်ကြောင်းပိုများလာသော ထားဝယ်သပိတ်

diz_admin

February 10, 2021

ပင်မ စစ်ကြောင်းတွင် ပူးပေါင်းပါဝင်လာသော စစ်ကြောင်း ပိုများလာပြီး အခြားလမ်းကြောင်းဖြင့် ချီတက်သော သီးခြားစစ်ကြောင်းများလည်း ထားဝယ် သပိတ် ခြောက်ရက်မြောက်နေ့တွင် ပိုများလာသည်။ စစ်ကြောင်းများတွင် ရှေ့နေများ၊ မြေစာရင်းဌာန၊ ထားဝယ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပြည်တွင်း အခွန်များ ဦးစီးဌာန စသည့် ဌာန အချို့လည်း ပါဝင်လာသည်။ အသေးစိတ်ကို ဆက်လက် တင်ဆက်ပါမည်။ Dawei watch