မူးယစ်ဆေးအမှုများတွင် အမျိုးသမီးဖမ်းမိမှု ပိုများလာ
diz_admin
January 20, 2020မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင် အမျိုးသမီးတရားခံဖမ်းမိမှု ပိုများလာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ၂၀၁၈ ခုနှစ်တွင် အမျိုးသမီး တရားခံ ၁၀၂ ဦးသာ ဖမ်းမိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၃၅ ဦးအထိ တိုးလာကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။ အမျိုးသမီးများက ငွေကြေးအခက် အခဲကြောင့် မူးယစ်ဆေးရောင်းချသူများ ရှိသကဲ့သို့ ခင်ပွန်းဖြစ်သူက မူးယစ်ဆေး ရောင်းချရာ ဇနီးဖြစ်သူက ပူးတွဲရောင်းချ နေခြင်းတို့ကြောင့်လည်း အမျိုးသမီး တရားခံဦးရေ များလာခြင်းဖြစ်နိုင်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး စိန်ဝင်းက ဆိုသည်။ “ပတ်ဝန်းကျင် အခြေအနေအရ ဒီလုပ်ငန်းက ငွေရလွယ်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်”ဟု ဒုရဲမှူးကြီး စိန်ဝင်းက သုံးသပ်သည်။ ၂၀၁၉ […]