ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားတစ်စု ငါးခြောက်လှန်းစက် စမ်းသပ်တီထွင်
diz_admin
February 20, 2020ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားလူငယ်တစ်စုက ဒေသတွင်း အသုံးပြုနိုင်မည့် Dry Machine ဟုခေါ်သော ငါးခြောက်လှန်းစက်ကို စမ်းသပ်တီထွင်ခဲ့ကြောင်း ယင်းစီမံကိန်း တွင် ပါဝင်သည့် ကိုအောင်ခန့်ကိုက ပြောသည်။ ဇန်နဝါရီလက ပြုလုပ်သည့် ကျောင်း Project Show တစ်ခုတွင် သူငယ်ချင်း ၈ ယောက်ဖြင့် Dry Machine ဟု ခေါ်သော ငါးခြောက်လှန်းစက်ကို ပြုလုပ် ပြသခဲ့ခြင်းဖြစ်သည်ဟု ကိုအောင်ခန့်ကို က ပြောသည်။ ငါးခြောက်လှန်းရာတွင် နေရောင် ရှိသည့် နေ့ဘက်တွင်သာလှန်းနိုင်ပြီး ညဘက်တွင်ပါ လှန်းနိုင်ရန် လျှပ်စစ်မီး ကို အသုံးပြုကာ ငါးခြောက်လှန်းသည့် စက်ကို တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “လက်ရှိမှာဆိုတော့ အထက်မြန်မာ ပြည်က ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကား ပြောဆိုထားတာတွေရှိတယ်။ သူတို့ အနေနဲ့ […]


