မလွှဲတောင် အများသုံးအိမ်သာ ဝန်ဆောင်မှု လုပ်ချင်က ဆက်သွယ်ပါ
diz_admin
February 25, 2020တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ် ကြားရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်အနီး တွင် တည်ဆောက်ထားသည့် အများသုံး အိမ်သာကို လုပ်ကိုင်လိုပါက ဆက်သွယ် နိုင်ကြောင်း လမ်းအထူး ၂၃ အဖွဲ့ထံမှ သိရသည်။ အထက်ပါ အများသုံးအိမ်သာကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလတွင် တည်ဆောက်ထားပြီး အိမ်သာအသုံးပြုပါက ငွေကျပ် ၁၀၀ နှုန်း ကောက်ခံနေသည်။ အိမ်သာဆောက်ပြီးချိန်တွင် တစ်နေ့ တာဝင်ငွေကို သိနိုင်ရန် ဌာနဝန်ထမ်းများ ဖြင့် စမ်းသပ်ကောက်ခံရာ တစ်ရက်လျှင် နှစ်သောင်းကျပ်ဝန်းကျင် ရရှိကြောင်း လမ်းအထူးအဖွဲ့ ၂၃ မှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်လင်း(မြို့ပြ)က ဆိုသည်။ လက်ရှိတွင် အများသုံးအိမ်သာဝန် ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည့်သူ မရှိသေးသည့်အတွက် ယင်းဂိတ်အနီးရှိ ကျေးရွာမှ ဒေသခံတစ်ဦးကို လုပ်ကိုင်ခွင့် ပေးထားရကြောင်း ၎င်းက ပြောသည်။ […]


