မွန်တွင် စစ်ဆေးရေး ပိုမိုတင်းကြပ်
diz_admin
September 9, 2021မွန်ပြည်နယ်အတွင်း တပ်ကောင်စီက လုံခြုံရေးပိုမိုချထားပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာလိုက်ပြီးနောက် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် မြို့နယ်အများစုတို့တွင် စက်တင်ဘာ ၈ ရက်နေ့တွင် လုံခြုံရေးပိုမိုချထားကာ စစ်ဆေးမှုလည်း ပိုမိုတင်းကြပ်လာခဲ့သည်။ “မြို့ထဲနေရာတော်တော်များများမှာ စစ်သားတွေ ရဲတွေ ချထားတာတွေ့ရတယ်၊ တချို့နေရာမှာဆိုရင် သွားလာနေတဲ့သူတွေကို တားပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတာလည်းရှိတယ် အင်အားတွေလည်း များတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ မြို့ပေါ်အနှံ့ လုံခြုံရေးများ တင်းကြပ်ထားသည့်အပြင် မြို့အဝင်အထွက်နေရာများတွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “မြို့အဝင်အထွက်နေရာတွေမှာလည်း ခါတိုင်းထက် စစ်ဆေးမှု ပိုးကြပ်လာတယ်” ဟု လူငယ်တစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြကာ […]


