ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ဖုန်းဆိုင် ဖောက်ခံရပြီး တရားခံဖမ်းမိ

diz_admin

September 14, 2021

မြို့မြို့ရှိ ဖုန်းအရောင်းဆိုင် အဖောက်ခံရပြီးနောက် ရက်ပိုင်းအတွင်း တရားခံကို ဖမ်းဆီးရခဲ့မိကြောင်း ဖုန်းဆိုင်ပိုင်ရှင် ထံမှသိရသည်။ မြိတ်မြို့၊ တလိုင်းစုရပ်ကွက်ရှိ လူကြီးမင်းဖုန်းဆိုင်သည် စက်တင်ဘာလ ၇ ရက် နံက် ၃ နာရီက ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်နေ့ ညနေတွင် တရားခံအား မြိတ်မြို့ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဖုန်းဆိုင်ပိုင်ရှင် ကိုစိုးမင်း ကပြောသည်။ “ရဲစခန်းက ကျွန်တော့ကို ဖုန်းဆက်ပြီး တရားခံ ဖမ်းမိပြီလို့ အကြောင်းကြားလာတယ်”ဟု ၎င်းကပြောသည်။ ဖုန်းဆိုင်အဖောက်ခံရသည့် ညက ဖုန်းဆယ်လုံးခန့်နှင့် ငွေသားကျပ်သိန်းခြောက်ဆယ် ပါသွားပြီး တရားခံအားဖမ်းမိသည့်အချိန်တွင် ဖုန်းအားလုံးပြန်ရခဲ့ပြီး ငွေသားသိန်းခြောက်ဆယ်မှာ ငွေသားအတိုင်း ရှိမနေတော့ကြောင်း ကိုစိုးမင်း ကပြောပြသည်။ “သူကရွှေတွေ ဝယ်ထားတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးလည်း ဝယ်ထားတယ်”ဟု ၎င်းကပြောသည်။ ဖုန်းဆိုင်ဖောက်ထွင်းသူသည် […]

သရက်ချောင်း သဲချောင်းကြီး ရဲစခန်းကို PDF ဝင်စီးရှာဖွေ

diz_admin

September 12, 2021

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရဲစခန်းကို စက်တင်ဘာ ၁၀ ရက် နေ့လယ် ၁၀ နာရီခွဲခန့်က ဝင်‌ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေး(TYC-PDF) က သတင်းထုတ်ပြန်ထားသည်။ သဲချောင်းကြီးရဲစခန်းမှာ စစ်တပ်များ အဓိကထား စခန်းချသည့်နေရာဖြစ်သောကြောင့် စခန်းကို ဝင်ရောက်ရှာဖွေစီးနင်းခဲ့ခြင်းဖြစ်ပြီး စခန်းတွင် စစ်တပ်များ မရှိဘဲ၊ ပန်းရံလုပ်နေသူများသာရှိကြောင်း အထက်ပါအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။ “ရုံးခန်းထဲ ဝင်ကြည့်တာတော့ လူနေထိုင်ထားတာရှိတယ်၊ နောက်ပြီး ဖဲဝိုင်းတဝိုင်းရှိတယ်၊ ထမင်းတွေချက်ထားတာရှိတယ်၊ ကျွန်တော်တို့ ဝင်စီးချိန်မှာတော့ သူတို့တွေထွက်ပြေး‌သွားတာပေါ့၊ ကျွန်တော်တို့က သေနတ်ပစ်ဖောက်ပြီး ဝင်တာကိုး” ဟု ၎င်းက ပြောသည်။ ရဲစခန်းတွင် တပ်ဖွဲ့ဝင်များ မရှိသော်လည်း ရဲမှတ်တမ်း စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ ထို့အပြင် တပ်ကောင်စီခန့် သဲချောင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်မိုးနှင့် ဦးမင်းထွေးမှာ သတင်းရသဖြင့် ကြိုရှောင်သွားသည့်အနေအထားရှိပြီး […]

မွန်တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

diz_admin

September 12, 2021

အမျိုးသားညိညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်ပြိးနောက် မွန်ပြည်နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ NUG အစိုးရ၏ အရေးပေါ်အခြေအနေကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်းတွင် စစ်တပ်ကလည်း တစ်ပြည်နယ်လုံးကို လုံခြုံရေး ပိုမိုတင်းကြပ်ထားလိုက်သည်။ ထိုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့်ကြား၌ပင် စက်တင်ဘာ ၁၀ ရက်နေ့ ည ၁၀ နာရိခန့်က သထုံမြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ “အသံတော့ ကြားရတယ်၊ ဗုံးလား ဘာလားတော့ မသိဘူး၊ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့တော့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့ပေါ်တွင် NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့်နောက် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ […]

ထားဝယ်မြို့ပေါ်တွင် လူငယ်နှစ်ဦးကို သေနတ်ပစ် ဖမ်းဆီး

diz_admin

September 11, 2021

ထားဝယ်မြို့သစ် ၄ လမ်းတွင် ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးကို စစ်တပ်အဖွဲ့ဝင်တို့က သေနတ်နှင့်ပစ်ခတ်ကာ ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ထားဝယ်မြို့သစ် ၄ လမ်း၊ Hi တည်းခိုခန်းအနီးတွင် ဆိုင်ကယ်စီးလာသူလူငယ်နှစ်ဦးကို သေနတ်ဖြင့်ပစ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။ “သေနတ်နဲ့ပစ်ပြီးဖမ်းတာ တစ်ယောက်က ပေါင်ထိသွားတယ်၊ တစ်ယောက်က ဆိုင်ကယ်ထဲ ခြေဝင်သွားတယ်၊ ကျွန်တော်ထွက်ကြည့်လိုက်တာနဲ့ ပစ်ပြီးပြီ၊ ပစ်ပြီးတာနဲ့ ကျည်ခွံကိုပြန်ကောက်သွားတယ်၊ လူက တိုက်အိမ်ဆောက်နေတဲ့ အိမ်ရှေ့က သဲပုံထဲမှာလဲနေတယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။ ထားဝယ်မြို့သစ် ၄ လမ်းတွင် စစ်သားများကိုတွေ့သဖြင့် ဆိုင်ကယ်မောင်းပြီး ပြန်လှည့်ပြေးစဉ် ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။ […]

လောင်းလုံး အင်းဇောက်တွင် လင်မယားနှစ်ဦး သေနတ်ပစ်ခံရ

diz_admin

September 10, 2021

လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာအုပ်စု၊ ဝဗျောကျေးရွာတွင် ယနေ့ နံနက်ပိုင်းက လင်မယားနှစ်ယောက် သေနတ်ပစ်ခံရပြီး အမျိုးသားဖြစ်သူ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။ ယင်းပစ်ခတ်ခံရမှာကြောင့် သေဆုံးခဲ့သူမှာ ဝဗျောကျေးရွာနေအသက် ငါးဆယ်ဝန်းကျင်ခန့်အရွယ်ရှိ ဦးသက်မိုး (ခ) ဦးဂျပန်ဖြစ်ပြီး ၎င်းနဲ့အတူ ဇနီးဖြစ်သူ ဒေါ်မိုးမှာလည်း စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု အထက်ပါမိသားစုဝင်က ပြောသည်။ ယနေ့ နံနက်ပိုင်းက ဆိုင်ကယ်စီး အမျိုးသား နှစ်ဦးက သေနတ် ရှစ်ချက်ခန့် ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း ၎င်း ကပြောသည်။ “ဆိုင်ကယ်ရပ်ပြီး ဂျပန်ရှိလား လို့ မေးတယ်။ သေနတ်သံကြားလို့ထွက်လာတော့ မောင်းပြေးသွားတယ်”ဟု အထက်ပါမိသားစုဝင် တစ်ဦးဖြစ်သူ အမျိုးသမီးကပြောသည်။ ဦးသက်မိုးသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်လေ့ရှိသူဖြစ်ကြောင်း ရပ်ရွာအတွင်း လူသိများပြီး အခြားအရပ်တပါးတွင် ခဏ […]

မြိတ်ကျေးရွာအချို့ ပေါ်တာအဆွဲခံရမည်ကို စိုးရိမ်

diz_admin

September 10, 2021

မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် တပ်ကောင်စီမှ ပေါ်တာဆွဲမည့် သတင်းကြောင့် စိုးရိမ်နေကြကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။ ပေါ်တာအတွက် ကျေးရွာတစ်ရွာလျှင် လူသုံးဆယ်ပေးရမည်ဖြစ်ကြောင်း ရွာသားအချင်းချင်း ပြောဆိုမှုများရှိနေကြောင်း ကျောက်ဖျာကျေးရွာအုပ်စုရှိ လွတ်လွတ်နှင့် သမုတ်ကျေးရွာနေသူ အချို့က ပြောပြသည်။ ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သမုတ်ကျေးရွာနေ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား တပ်ကောင်စီဘက်မှ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း သမုတ်ရွာနေသူအချို့က ပြောပြသည်။ အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့အား မည်သို့သော အကြောင်းကြောင့် လာရောက်ခေါ်ဆောင်သည်ကို အကျိုးအကြောင်း အသေအချာ မသိရှိသေးကြောင်း သမုတ်ရွာနေ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောပြသည်။ ယင်းကဲ့သို့ ကျေးရွာအတွင်း ပြောဆိုနေကြသည့် ပေါ်တာဆွဲမည့်သတင်းနှင့် ညအချိန်လာရောက်ခေါ်ဆောင်မှုတို့ကြောင့် ကျေးရွာနေ အမျိုးသားအများစုသည် တိမ်းရှောင်နေကြရကြောင်း လွတ်လွတ်ကျေးရွာနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက […]

သရက်ချောင်း တောင်ပျောက်တိုက်ပွဲ စစ်တပ် ခြောက်ဦးသေဆုံးဟု PDF ထုတ်ပြန်

diz_admin

September 10, 2021

တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲတွင် စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကြောင်း ထားဝယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့ က သတင်းထုတ်ပြန်လိုက်သည်။ ယင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု အပြင် သုံးဦးဒဏ်ရာရသော်လည်း ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF) ဘက်က ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူမရှိကြောင်း Dawei People Defense Alliance အဖွဲ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ တောင်ပျောက်တိုက်နယ်သည် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အတွင်း တည်ရှိပြီး ထားဝယ်မြို့မှ မိုင်ငါးဆယ်ခန့် အကွာတွင် တည်ရှိသည်။ တိုက်ပွဲဖြစ်ရာအနီးတဝိုက်ရှိ ပြည်သူတစ်ဦး၏ နေအိမ်ကို စစ်တပ်က မီးရှို့ခဲ့ပြီး အခြားပြည်သူတစ်ဦး၏ နေအိမ်မှ ငွေကျပ် ၁၂ သိန်းနှင့် ဆန်အိတ်များကို ယူသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် ဒေသခံရွာသား ၈ […]

လောင်းလုံး သဘော့ဆိပ်က အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

September 9, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး ယနေ့ စက်တင်ဘာလ ၉ ရက် နေ့လယ် ၁၁ နာရီကျော်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သဘော့ဆိပ်ကမ်းခြေဆင်းလမ်းဘက်မှ သူ့နေအိမ်ရှိသည့် ရှိုင်သာယာကမ်းစပ်သို့ သားအစ်ဖနှစ်ဦး ဆိုင်ကယ်စီးပြီး ပြန်လာချိန် နေအိမ်အနီးအရောက်တွင် သေနတ်ပစ်ခံလိုက်ရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “လာပစ်သွားတာက လူသုံးယောက်။ ဆိုင်ကယ်တစ်စီးမှာ သုံးယောက်ထိုင်လိုက်ပြီးလာတာ။ ပစ်ပြီးတာနဲ့ မောင်းပြေးသွားတယ်။ သူ့သားမှာကတော့ မထိဘူး” ဟု ပစ်ခတ်မှုဖြစ်စဉ်ကို မလှမ်းမကမ်းမှ မြင်တွေ့ခဲ့သူတစ်ဦးက ဆိုသည်။ သေဆုံးသူ ဦးမျိုးဇော်ဦးသည် အုပ်ချုပ်ရေးမှူးဖြစ်ပြီးနောက် မည်သို့ ရရှိလာသည်ကို မသိရသော တူးမီးသေနတ်တစ်လက်နှင့် သေနတ်အတို တစ်လက်ကို ကိုင်ဆောင်ကာ ရွာအတွင်း သွားလာနေလေ့ရှိသည်ဟု ဒေသခံအချို့ကပြောသည်။ ပစ်ခတ်ခံရချိန်တွင်လည်း တူမီးသေနတ်အား ကိုင်ဆောင်ထားသည်ကို […]