ထားဝယ်၊ သရက်ချောင်းတွင် တိုက်ပွဲ ဆက်ဖြစ်
diz_admin
September 7, 2021ထားဝယ်ဒေသ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်တပ်တို့ကြား ညနေပိုင်းတွင် တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်အတွင်းရှိ ဝင်းကဖော်၊ ကျောက်အိုင်၊ မယ်ကဲ၊ သဲချောင်းကြီး၊ အလယ်စု၊ ရေပူစသည့်ကျေးရွာများတွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ညနေ ၃ နာရီခန့်တွင်လည်း တောင်ပျောက်နှင့် ကျွဲခြံရွာအကြားတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီခန့်တွင် ဝင်းကဖော်ရွာနှင့် ကျောက်အိုင်ရွာကြားတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ “ညနေ ၃ နာရီမှာတစ်ကြိမ်ဖြစ်တယ်၊ တောင်ပျောက်နဲ့ ကျွဲခြံနဲ့ကြားမှာ၊ ခုနက ည ၇ နာရီကျော်လောက်က ဝင်းကဖော်နဲ့ ကျောက်အိုင်နဲ့ကြားမှာ တိုက်ပွဲတစ်ခုဖြစ်တယ်၊ PDF ဒီဘက်က ပစ်ပြီးနဲ့ ပြန်ဆုတ်တယ်၊ […]


