ရေဖြူ ပုဂေါဇွန်းရွာသားတစ်ဦး စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းပြန်ပို့
diz_admin
October 22, 2021ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းကျေးရွာသား အသက် ၇၀ ဝန်းကျင်ရှိ ဦးကြည်သိန်းအား စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းကို ပြန်ပို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လ ပြည့်နေ့က ရလိုင်ကျေးရွာအုပ်စု ခမောင်းချောင်းရွာသား စစ်သတင်းပေးဟုဆိုသူ ဦးမိုးဟိန်း ပစ်သတ်ခံရပြီးနောက် စစ်သားများက ပုဂေါဇွန်းနှင့် ရလိုင်ရွာအတွင်း လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးမိုးဟိန်းအား ပစ်သတ်သွားသူတို့သည် ပုဂေါဇွန်းကျေးရွာအုပ်စု ဝက်ချောင်းရွာဘက်ထွက်ပြေးသွားသည်ဆိုသည့် သတင်းကြောင့် ဝက်ချောင်းရွာအတွင်း စစ်သားများက လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းည ၁၀ နာရီခန့်တွင် စစ်သားများ ဝက်ချောင်းရွာအတွင်း ရောက်လာခဲ့ပြီး ယင်းရွာသား အသက် ၇၀ ဝန်းကျင်အရွယ် ဦးကြည်သိန်းဆိုသူအား ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ […]


