ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ရိုးရာသပိတ်မျှောပွဲ မကျင်းပဖြစ်

diz_admin

October 18, 2021

နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ၊ ကျန်းမာရေးအခြေအနေများကြောင့် ယခုနှစ်တွင်လည်း ထားဝယ် သပိတ်မျှောပွဲတော် မကျင်းပဖြစ်တော့ကြောင်း ယမန်နှစ်က သပိတ်မျှောပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူ တစ်ဦးက ပြောသည်။ ယခုနှစ်တွင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရန်မရှိသော်လည်း မိမိရပ်ကွက်၊ ကျေးရွာ အနီးဝန်းကျင်၊ ကမ်းနားလမ်း၊ ရွှေဂူချောင်း စသည့် မြစ်များ၊ ချောင်းများအတွင်းသို့ ဒေသခံများက မိမိအစီအစဉ်ဖြင့် သပိတ်မျှောကြမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီဝင်တစ်ဦးက ပြောသည်။ “အရင်တုန်းကမျိုး၊ အခမ်းအနားတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ မီးပုံးပျံလွှတ်တာမျိုးတွေ၊ အရင်တုန်းကလုပ်တာမျိုးတွေတော့ လောလောဆယ်လုပ်ဖို့အစီအစဉ်မရှိဘူးပေါ့နော်၊ ဒါတွေကလည်း လုပ်မယ်ဆို အနည်းဆုံး တစ်ပတ်လောက်ကြိုတင်ပြီး ပြင်ဆင်ရတာမျိုး” ဟု ကော်မတီဝင်က ဆိုသည်။ ကိုဗစ်ကူးစက်မှုများ မဖြစ်စေရန်၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေများကြောင့် ပွဲတော်မကျင်းပဖြစ်ကြောင်း ၎င်းက ပြောသည်။ ထားဝယ်မြို့နယ်ကို လက်ရှိအချိန်ထိ Stay […]

ကွမ်းသီးစိမ်းအနု ယမန်နှစ်ထက် ဈေးပိုရ

diz_admin

October 18, 2021

မြိတ်ဒေသရှိ ကွမ်းသီးစိမ်းအနုများ ယမန်နှစ်ထက် ဈေးပိုပေးကာ ဝယ်ယူနေကြောင်း သက်ဆိုင်ရာ အဝယ်ဒိုင်ထံမှ သိရသည်။ ကွမ်းသီးစိမ်းအနု တစ်လုံးကို ယမန်နှစ်က ၂၅ ကျပ်မှ ကျပ် သုံးဆယ် အထိသာ ဝယ်ယူခဲ့သည်။ သို့သော် ယခုနှစ် ကွမ်းသီးပေါ်ချိန်တွင်မူ တစ်လုံးလျှင် ကျပ်လေးဆယ်မှ ငါးဆယ်အထိ ဈေးတိုးပေး ဝယ်ယူလျှက်ရှိနေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးစိမ်းအဝယ်ဒိုင် ပိုင်ရှင်ကပြောသည်။ “ဒီနှစ်ဈေးက အရမ်းလှုပ်လာတယ်”ဟု မြိတ်မြို့၊ အထက်ရေပုန်းရပ်၊ စပါးရွေဝါလမ်းတွင် ကွမ်းသီးအစိမ်းနု အမြောက်အများ ဝယ်ယူနေသည့် ဦးဝင်းညွန့် ကပြောသည်။ ယမန်နှစ်က တရုတ်နိုင်ငံ ဝယ်လက်တစ်ခုတည်း ရှိရာမှ ယခုနှစ်တွင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံများကပါ ဝယ်ယူမှုရှိလာသည့်အတွက် ယင်းသို့ ကွမ်းသီစိမ်းနု ဈေးကွက်လှုပ်လာခဲ့ကြောင်း ၎င်းကရှင်းပြသည်။ ပြီးခဲ့သည့် နှစ်က ကွမ်းသီးစိမ်းနု […]

မွန်ပြည်နယ်က အထင်ကရ ဘုရာပွဲတော်များ ကျင်းပမည်

diz_admin

October 18, 2021

မွန်ပြည်နယ်အတွင်း သီတင်းကျွတ်ကာလ နှစ်စဉ်နှစ် ကျင်းပလေ့ရှိသည့် အထင်ကရ ဘုရားပွဲတော်များဖြစ်သည့် ကျိုက်ထီးရိုးဘုရာနှင့် ကျိုက်ခမီဘုရားပွဲတော်ကို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရာဂေါပကအဖွဲ့တို့ထံမှ သိရသည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် ယမန်နှစ်က အထင်ကရ ကျိုက်ထီးရိုးဘုရားပွဲနှင့် ကျိုက္ခမီရေလယ်ဘုရားပွဲတော် ကျင်းပခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် ကျင်းပသွားရန် ရှိကြောင်း ဘုရာဂေါပကအဖွဲ့တို့ထံမှ သိရသည်။ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ “ဒီနှစ် ဘုရားပွဲကို ကျင်းပနေကြ သီတင်းကျွတ်လပြည့်နေ့မှာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ကျိုက်ထီးရိုးဘုရာဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယမန်နှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် ကျိုက်ထီးဘုရားပွဲတော် ကျင်းပခြင်းမရှိခဲ့သည့်အပြင် ဘုရားဖူးခြင်းကိုလည်း ကန့်သတ်ချက်ဖြင့် ခွင့်ပြုခဲ့သည်။ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သိန်းနှင့်ချီ လာရောက်လေ့ရှိပြီး […]

ကမြောကင်းရွာ အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ ဗုံးပေါက်စဉ်က ရရှိခဲ့သည့်ဒဏ်ရာဖြင့် သေဆုံး

diz_admin

October 16, 2021

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းမင်း၏ ဇနီးဖြစ်သူမှာ နေအိမ်အရှေ့တွင် ဗုံးပေါက်ကွဲရာမှ ရရှိသည့်ဒဏ်ရာဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က သေဆုံးသွားကြောင်း ယင်းကျေးရွာ၏ နာရေးကူညီမှုအသင်းထံမှ သိရသည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ခေါ် ဒေါ်မိစုမှာ ဒဏ်ရာရရှိခဲ့သည်။ ဒေါ်ကြည်ဌေးမှာ ဗုံးပေါက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာမှ သေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ပေါက်ကွဲမှုဖြစ်တဲ့နေ့က ဒဏ်ရာရသူ‌‌ ဆုံးပြီလို့သိရတယ်။ ကျွန်တော်တို့ မီးသင်္ဂြိုဟ်ပေးဖို့စောင့်နေပါတယ်”ဟု ၎င်းက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကို အုပ်ချုပ်ရေးမှူးနေအိမ်နှင့် […]

ထားဝယ်သုံးမြို့နယ်တွင် နိုင်ငံခြားသားများ နေခွင့်မပြု

diz_admin

October 15, 2021

လုံခြုံရေးအခြေအနေကြောင့် ထားဝယ်ခရိုင်အတွင်း ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်တွင် နေထိုင်သည့် နိုင်ငံခြားသားများအားလုံး ထွက်ခွာသွားပေးရန် ညွှန်ကြားထားကြောင်း တိုင်းကောင်စီလူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ပြောကြားသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းရှိသေးသော နိုင်ငံခြားသားများအနေဖြင့်မူ ယင်းသုံးမြို့နယ်မှလွဲပြီး အခြားနေရာသို့ ပြောင်းရွေ့နေထိုင်ခွင့်ရှိကြောင်း ၎င်းက ပြောသည်။ “အဲဒီသုံးမြို့နယ်(ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်း) မှာမနေရင်ရပြီ။ သူ့မှာ ပါ့စပို့၊ ဗီဇာသက်တမ်းရှိသေးတယ်ဆိုရင် အခြားနေရာကို ပြောင်းနေလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းမြို့နယ် သုံးခုတွင် နိုင်ငံခြားသားအချို့ ကုမ္ပဏီထောင်ပြီး အခြေချနေထိုင်သူများရှိသည်ဟုဆိုသည်။ ထားဝယ်ဒေသဟု အသိများသော ထားဝယ်ခရိုင်တွင် လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့ရှိသည်။ သရက်ချောင်းမြို့နယ်တွင် နယ်မြေခံ PDF နှင့် စစ်တပ်တို့အကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားနေပြီး လောင်းလုံးနှင့် ထားဝယ်မြို့နယ်တို့တွင်လည်း ပေါက်ကွဲမှု၊ အသတ်ခံရသည့်အမှုများ မကြာခဏ […]

Stay at home ကာလ မီးအိမ်လုပ်ငန်း အခက်တွေ့

diz_admin

October 15, 2021

မြိတ်မြို့အား Stay at home မြို့နယ်အဖြစ် သတ်မှတ်ထားသည့်အတွက် မီးအိမ်လုပ်ငန်းမှာ အခက်အခဲတွေ့နေရကြောင်း သိရသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် အသုံးပြုကြသည့် လက်လုပ်မီးအိမ်(မီးပုံး)မှာ ပြီးခဲ့သည့်နှစ်က ကိုဗစ်ဂယက်ကြောင့် ဈေးကွက်ပျက်လုနီးဖြစ်ခဲ့ရပြီး ယခုနှစ်တွင် Stay at home ကာလနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။ Stay at home ကာလ၌ မိသားစုတစ်စုလျှင် တစ်ဦးသာ အပြင်ကတ်ပြားဖြင့် သွားလာခွင့်ပေးထားသည့်အတွက် မီးအိမ်များ လှည့်လည်ရောင်းချရာတွင် အခက်အခဲတွေ့နေရခြင်းဖြစ်ကြောင်း ဇေယျာသီရိ ၃ ရပ်ကွက်နေ လက်လုပ်မီးအိမ်များ ယက်လုပ်ရောင်းချနေသူ ဒေါ်မြဝင်းက ပြောပြသည်။ “ကတ်ပြားက တပြားပဲရှိတာ” ဟု ဒေါ်မြဝင်းက ပြောသည်။ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချရန်အတွက် ဈေးရောင်းကတ်ပြား ထပ်မံပြုလုပ်ရမည်ဖြစ်ပြီး အစစ်အဆေးများသည့်အတွက် လိုက်လံရောင်းချရန် မဝံ့မရဲဖြစ်နေရကြောင်း ဒေါ်မြဝင်းက ပြောပြသည်။ ယင်းကဲ့သို့ အခက်အခဲများရှိနေသဖြင့် […]

ရေး-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ဗုံးခွဲခံရ

diz_admin

October 15, 2021

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသအခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီနောက် ယာဥ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံတို့က ပြောသည်။ ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့ မွန်လွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က ဗုံးခွဲဖျက်ဆီးခံရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားပေါ်ကြမ်းခင်းတွင် ခြောက်ပေခန့် အပေါက်ဖြစ်သွားသည့် အပြင် တံတားယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။ လက်ရှိတွင် တံတားကြံ့ခိုင်မှုအနေအထားအရ တန်ချိန်များသည့် ယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့လည်း ဒေသခံတို့က ပြောသည်။ “အခုလောလောဆယ်ကတော့ ကားကြီးတွေကို ပေးမဖြတ်တော့ဘူး။ ကားအငယ်တွေကိုလည်း တစ်စီးပြီးမှ တစ်စီး ပေးဖြတ်ခိုင်းနေတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် စစ်တပ်က ရှာဖွေစစ်ဆေးမှုများ […]

ပင်လယ်ကျွန်းပေါ်ရှိ ကျေးရွာတစ်ချို့ လျှပ်စစ်မီးတစ်ယူနစ် တစ်ထောင်ဝန်းကျင်ဖြစ်

diz_admin

October 15, 2021

ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်ရှိ သွားလာခက်ခဲသော ပင်လယ်အတွင်း ကျွန်းများပေါ်ရှိ ကျေးရွာတစ်ချို့တွင် လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ်တစ်ထောင်ဝန်းကျင်အထိ ပေးဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဘုတ်ပြင်းမြို့နယ်ရှိ ကြိမ်မဲတောင်ကျေးရွာတွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ်တစ်ထောင် ပေးဆောင်နေရသည်ဟု ကြိမ်မဲတောင်ရွာသူ အသက် ၅၅ နှစ်ရှိ အမျိုးသမီးကပြောသည်။ “အရင်လက ကိုးရာ ခုဒီလမှာ တစ်ထောင်ဖြစ်သွားပြီ”ဟု ၎င်း ကပြောသည်။ အဆိုပါကျေးရွာတွင် အိမ်ခြေသုံးရာကျော်ခန့်ရှိပြီး ဆိုလာဖြင့် မီးသုံးစွဲကြသူများလည်းရှိကြောင်း သိရသည်။ အလားတူ အလယ်မန်ရွာတွင်လည်း ယခင်လက လျှပ်စစ်မီးတစ်ယူနစ် ခုနှစ်ရာကျပ်ကောက်ခံခဲ့ရာမှ ယခုလတွင် တစ်ယူနစ်ကို ရှစ်ရာငါးဆယ်ကျပ်အထိ တိုးမြင့်လိုက်သည်ဟု မီးစက်ပိုင်ရှင် ဦးဘငယ် ကပြောသည်။ “ဆီဈေးကလည်း တစ်အားတက်လာတယ်။ သယ်ယူခစရိတ်ကလည်း ရှိသေးတယ် တစ်ချို့ရွာတွေဆို တစ်ထောင်ဖြစ်နေပြီ” ဟု ၎င်းကပြောသည်။ အလယ်မန်ရွာတွင် အိမ်ခြေရှစ်ရာနီးပါးရှိပြီး ဆိုလာဖြင့် မီးသုံးစွဲကြသူများလည်း […]