ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျောင်းပြန်ဖွင့်နိုင်ရန် တိုင်းအတွင်းရှိ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်

diz_admin

October 12, 2021

အခြေခံပညာ ကျောင်းများပြန်ဖွင့်နိုင်ရန် တိုင်းအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ကျောင်းသား သုံးသောင်းငါးထောင်ကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ကျောင်းပြန်ဖွင့်သည့်အခါ ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ ကျောင်းသူ/ကျောင်းသားမျာကို ကိုဗစ်ကာကွယ်ဆေး ကြိုတင်ထိုးနှံပေးခြင်းဖြစ်သည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ဆိုသည်။ “ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ရည်ရွယ်ပြီး ကာကွယ်ဆေးထိုးပေးတဲ့သဘောပါ” တာဝန်ရှိသူက ပြောသည်။ ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများကို မြို့နယ်ပညာရေးဦးစီးဌာနက စီစဉ်နေပြီး ကာကွယ်ဆေးထိုးမည့်ရက် အတိအကျကိုမူ မသိရသေးကြောင်း ၎င်းက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးကို အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ အသက် ၁၂ နှစ်နှင့် အထက်ရှိ ကျောင်းသူ/ကျောင်းသားများကို ထိုးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်းတွင် ကျောင်းသူ/ကျောင်းသား တစ်သိန်းတစ်ထောင်ကျော်ရှိပြီး ၁၂ နှစ်နှင့် အထက်ရှိ […]

ကထိန်ခင်းမရှိသော သံဃာတော်များ ဆက်သွယ်နိုင်

diz_admin

October 12, 2021

ထားဝယ်ခရိုင် လေးမြို့နယ်အတွင်း ဝါဆိုဝါကပ်ပြီး ကထိန်ခင်းမရှိသော ကျောင်းများရှိ သံဃာတော်များအနေဖြင့် ဇေယျဝတီ စာသင်တိုက်သို့ ဆက်သွယ်နိုင်ကြောင်း ကျောင်းတိုက် ဆရာတော်ဦးပညာသီရိက မိန့်ကြားသည်။ ဇေယျဝတီကျောင်းတိုက်တွင် ကထိန်လှူမည့် အလှူဒါယကာများ ပေါ်ပေါက်လာသောကြောင့် ကထိန်မရှိသည့် ကထိန်ခံသံဃာတော်များ စာရင်းပေးသွင်နိုင်သည်ဟု ဆရာတော်ကမိန့်ကြားသည်။ “ကျောင်းတွေမှာအလှူလုပ်မှာမဟုတ်ပါဘူး။ ကထိန်ခံသံဃာတော်များကို ပင့်ပြီးကထိန်လှူမှာဖြစ်တယ်”ဆရာတော်က မိန့်သည်။ သီတင်းကျွတ်လပြည့်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိသည် ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနပြုရာ ကထိန်ခင်းကာလဖြစ်သည်။ ကထိန်အလှူပေးကြရာတွင် တစ်ဦးတည်းသော်လည်းကောင်း၊ အများဒါယာကာစုပေါင်းသော်လည်းကောင်း၊ ကျောင်းအလိုက်၊ ရုံးအလိုက်လှူဖွယ်ဝတ္ထုအစုစုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ ဘုန်းကြီးကျောင်းများသို့ သွားရောက်ပြီး လှူဒါန်းလေ့ရှိကြသည်။ ယခုနှစ်တွင်မူ ကိုဗစ်ကပ်ဘေးကြောင့် လူအများစုဝေးခြင်းကို ကန့်သတ်ထားကာ လာမည့် ကထိန်ကာလအတွင်း ကထိန်ပွဲကျင်းပရန် မသေချာသေးပေ။ ထိုကြောင့် ဘာသာရေးထုံးတမ်း အစဉ်အလာအရ ကထိန်မရှိသောကျောင်းမှ ကထိန်ခံသဃာတော်များ ကထိန်အလှူခံနိုင်ရန်အတွက် ဆရာတော် ဦးပညာသီရိ […]

ဟိန္ဒူဘုရား ထားဝယ်မြို့အတွင်း ပူဇော်မခံတော့

diz_admin

October 11, 2021

ထားဝယ်မြို့အတွင်း နှစ်စဉ်လှည့်လည်အပူဇော်ခံလေ့ရှိသည့် ဟိန္ဒူမမဘုရားအား ယခုနှစ်တွင် လှည့်လည်ပူဇော်ခံတော့မည် မဟုတ်ကြောင်း အဆိုပါဘုရားကျောင်း တာဝန်ရှိသူထံမှ သိရသည်။ ကိုဗစ်ကပ်ဘေးနှင့် လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် မြို့အတွင်း လှည့်လည်ပူဇော်ခံခြင်းမလုပ်တော့ဘဲ ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက်ရှိ ဘုရားကျောင်းအတွင်း ဘာသာရေးထုံးတမ်းများအရ အပူဇော်ခံတော့မည်ဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။ ယမန်နှစ်ကလည်း ကိုဗစ်ကပ်ဘေးကြောင့် ပျော်ပွဲရွှင်ပွဲပါဝင်သည့် ပွဲတော်နှင့် မြို့အတွင်း လှည့်လည်ပူဇော်ခံခြင်းမရှိခဲ့ပေ။ “ဒီနှစ် ဘုရားမလှည့်ဘူးခင်ဗျား၊ ကျွန်တော်တို့ ထုံးတမ်းအစဉ်အလာအတိုင်း ကျောင်းထဲမှာပဲ လုပ်မယ်ခင်ဗျား” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဘုရားကျောင်းအတွင်း ဘာသာရေးထုံးတမ်းများအရ အပူဇော်ခံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် ကန်တော့ပွဲများကို ဘုရားကျောင်းတွင်ပင် ဝယ်ယူပူဇော်နိုင်ပြီး ကန်တော့ပွဲတစ်ပွဲလျှင် ကျပ်ငါးထောင်နှုန်းဖြင့် ရောင်းချနေကြောင်း ယင်းတာဝန်ရှိသူက ပြောသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက […]

ကျောက်ဆင်ရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

October 11, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး အောက်တိုဘာလ ၁၁ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အသက်လေးဆယ်ဝန်းကျင်အရွယ် ဦးရီဦး ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ရွာထဲကနေပြီး ဆိုင်ကယ်နဲ့ သူ့အိမ်ပြန်တဲ့အချိန်မှာ အနောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ လိုက်လာပြီး ပစ်သွားကြတာ။ သူ့အိမ်မရောက်ခင် နှစ်အိမ်ကျော်လောက်မှာ ပစ်ခံရတာ။ သေနတ်သုံးချက်ထိတယ်လို့ ပြောနေကြတယ်” လို့ ဒေသခံတစ်ဦးက ဆိုသည်။ မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။ ဦးရီဦးသည် စက်တင်ဘာလ ၉ ရက်က ပစ်သတ်ခံခဲ့ရသည့် သဘော့ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦးနှင့် တစ်ဖွဲ့တည်းဖြစ်ပြီး ကျောက်ဆင်ရွာသားများ ထောက်ခံစာလိုအပ်ပါက ၎င်းထံတွင် သွားယူရသည်ဟုဆိုသည်။ လက်ရှိတွင်မူ ထောက်ခံစာမရေးပေးတော့ကြောင်း ဒေသခံအချို့က ပြောသည်။ ဦးရီဦးသည် ယခင်က အလှူနှင့် […]

မော်လမြိုင် မြို့ပေါ် ရပ်ကွက် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 10, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးလှဝင်းမှာ အောက်တိုဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲခန့်က နေအိမ်အနီး ပစ်ခတ်ခံခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတို့ ထံမှ သိရသည်။ ၎င်း၏နေအိမ်နှင့်မလှမ်းမကမ်း မောင်ငံမီးပွိုင့်အနီးတွင် သေနတ်သမားတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပစ်ခတ်သူမှာ မွန်ပြည်နယ် နွေဦးတော်လှန်ရေး တပ်ဦးမှ ဖြစ်ကြောင်း ယင်းတပ်ဦးက ထုတ်ပြန်ထားသည်။ သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ပစ်ခတ်ခံရသည့် ဦးလှဝင်းသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ “သေနတ်သံကြားတော့ ကိုယ်လည်း သွားလဲမကြည့်ရဲဘူး။ နောက်မှ သိရတာက မီးပွိုင့်အနီးမှာ လူတစ်ဦး ပစ်သတ်ခံရတယ်၊ ဖြစ်ပြီးတော့ ရဲတွေ ဘာတွေလည်း စစ်နေတာပေါ” ဟု မောင်ငံရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဦးလှဝင်းသည် စစ်အုပ်စုနှင့် ပူးပေါင်းပြီး […]

ရေးတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိရောက်

diz_admin

October 8, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မဟာဓာတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီများက လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏီ လျှပ်စစ်ဖြန့်ဖြူးရေးမရောက်သည့် ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။ လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာများတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၈၀၀ မှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားကြောင်း မီးသုံးစွဲသူများထံမှ သိရသည်။ “ရွာမှာက ကုမ္ပဏီက ဖြန့်ဖြူးတဲ့ မီးမရောက်ဘူး၊ ရွာက ကိုယ်ထူကိုယ်ထနဲ့ သွယ်ထားတဲ့မီး၊ အခုဆို‌ဈေးတွေ တက်တော့ စက်တင်ဘာလကစပြီး တစ်ယူနစ် ၁၀၀၀ ဈေးတက်သွားတယ်” ဟု […]

ထားဝယ်မြစ် ရေလယ်ကျွန်းပေါ် မတက်ရန် တားမြစ်၊ ဓနိသကြားချက်သူများ အခက်တွေ့

diz_admin

October 8, 2021

ထားဝယ်မြစ် ရေလယ်ကျွန်းများပေါ် မတက်ရန် တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သူများ မိသားစုဝင်ငွေထိခိုက်ကာ အခက်တွေ့လာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက ညည်းတွားနေကြသည်။ အဆိုပါ မြစ်လယ်ကျွန်းများတွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်မှာ ၃၀ ရက်နေ့အထိ ထားဝယ်အခြေစိုက် အမြောက်တပ်မှ အမြောက်ပစ်လေ့ကျင့်မည်ဟု ထုတ်ပြန်ထားသည်။ ကမြောကင်းတံတားမှ လောင်းလုံးမြို့အကြားရှိ ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်း‌ကျွန်း၊ ဓနိကျွန်း၊ ရွှေကျွန်းနေရာလေးခုတွင် ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ အထက်ပါကျွန်းများတွင် ဓနိပင်များရှိသည့်အတွက် ဒေသခံများက ဓနိသကြားချက်လုပ်သည့် လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ထိုသို့ထုတ်ပြန်ပြီးနောက် အထက်ပါကျွန်းများ ပတ်လည်တွင် ဆိုင်းဘုတ်အနီများထောင်ကာ လူတက်ရောက်နေထိုင်ခွင့်ကိုပါ ကန့်သတ်လိုက်ကြောင်း ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။ ယင်းကဲ့သို့တားမြစ်ထားခြင်းကြောင့် ဓနိသကြားချက်သည့် လုပ်ငန်းများရပ်နားထားရပြီး မိသားစုဝင်ငွေထိခိုက်ရကြောင်း ဓနိသကြားချက်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။ “တစ်သက်မှာ တစ်ခါမှ အခုလိုမကြုံဖူးဘူး။ အဖေ့လက်ထက်က စလုပ်လာတာ။ […]

ထားဝယ်ဆိပ်ကမ်းသာလမ်း၌ ရေကူးကန်ဆောက်မည်

diz_admin

October 8, 2021

လာမည့် ဘဏ္ဍာနှစ်တွင် ထားဝယ်မြို့ ဆိပ်ကမ်းသာလမ်းနံဘေးတွင် ပြိုင်ပွဲလုပ်နိုင်သည့် ဒိုင်ဗင်ရေကူးကန်နှင့် ရိုးရိုးရေကူးကန်ကြီး တည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနထံက သိရသည်။ အလျား မီတာ ၅၀၊ အနံ ၂၅ မီတာခန့်ရှိ လူဆယ်ယောက်ခန့်တစ်ပြိုင်တည်း ရေကူးပြိုင်နိုင်မည့် ကန်တည်ဆောက်မည်ဖြစ်ပြီး ၂၅ မီတာပတ်လည် ဒိုင်ဗင်အားကစားနည်း ရေကူးကန်ကိုလည်း ယင်းနေရာတွင် တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။ “ရေကူးအားကစားသမားတွေထွက်လာအောင်ပေါ့၊ တို့ဆီမှာ ရေကူးကန်ကလည်းမရှိဘူး၊ ဒိုင်ဗင်သမားတွေလည်း မရှိဘူး၊ ဒိုင်ဗင်ကန်လည်းမရှိဘူး၊ ရေကူးကန်လည်းမရှိဘူး၊ နိုင်ငံကိုယ်စားပြု ရေကူးအားကစားသမားတွေထွက်လာဖို့အတွက် ဒါကို အစပျိုးပြီးတော့ လုပ်တာပေါ့” ဟု ဦးစိုးမိုးနိုင်က ပြောသည်။ ရေကူးကန်တည်ဆောက်မည့်နေရာတွင် အလျား ၃၇၈ ပေ၊ အနံ ၁၅၀ ပေခန့်ရှိ မိုးလုံလေလုံအားကစားရုံလည်း တည်ဆောက်သွားမည်ဖြစ်ပြီး […]