သရက်ချောင်းမြို့နယ် ကမြိုင်ရွာ မိုင်တဲတာဝါတိုင်ဗုံးခွဲခံရ
diz_admin
October 31, 2021ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကမြိုင်ကျေးရွာရှိ မိုင်တဲတာဝါတိုင်သည် အောက်တိုဘာ ၃၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဗုံးခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲသံကို ကြားရသော်လည်း မိုင်တဲတာဝါတိုင်မှာ ပြိုလဲကျသွားခြင်း မရှိကြောင်း ကမြိုင်ကျေးရွာနေ အမျိုးသမီး တစ်ဦးက ဆိုသည်။ “ဗုံးပေါက်ကွဲသံကြားပြီး မီးခိုးတွေတွေ့လိုက်တယ်၊ တိုင်တော့ မလဲကျဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ တာဝါတိုင်မိုင်းခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်သည် ကိုမသိရဘဲ ဗုံးပေါက်ကွဲသံကြားပြီးနောက် စစ်ကားနှစ်စီး ရောက်လာသည်ဟု ၎င်းက ဆိုသည်။ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာရှိ မိုင်တဲတာဝါတိုင် မိုင်းခွဲခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ကျွဲမင်းကုန်းရွာရှိ မိုင်တဲတာဝါတိုင်တွင် မပေါက်ကွဲသေးသည့် မိုင်းတလုံးကို စစ်ကောင်စီအဖွဲ့ဝင်များက […]


