ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အလုပ်ထုတ်ခံရသည့် စိုက်ပျိုးရေး ဝန်ထမ်းများထံမှ လျော်ကြေးတောင်း

diz_admin

July 4, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခြင်းကြောင့် အလုပ်ထုတ်ခံရသည့် တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများထံမှ ‌တစ်ဦးလျှင် ဆယ်သိန်းကျပ် လျော်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်မည်ဟု စာချုပ်ချုပ်ဆိုထားပြီး သတ်မှတ်ကာလ မပြည့်ခင် အလုပ်ထွက်လိုက်သဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ လျော်ကြေးတောင်းခြင်းဖြစ်ကြောင်း အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ တနင်္သာရီတိုင်း စိုက်ပျိုးရေး ဦးစီးဌာနတွင် CDM လုပ်သူ ဝန်ထမ်း ၁၆၀ ကျော် အလုပ်ထုတ်ခံရပြီး လျော်ကြေးပေးရမည့်သူမှာ ၃၀ ကျော်ရှိကြောင်း ၎င်းကပြောသည်။ လျော်ကြေးငွေမှာ ရာထူးအလိုက် အနည်းအများကွာခြားမှုရှိပြီး အနိမ့်ဆုံး ဆယ်သိန်းကျပ်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်ယင်းလျော်ကြေးအပြင် နှစ်လစာချေးငွေလည်း ပြန်ဆပ်ရန်ရမည်ဟု အကြောင်းကြားထားကြောင်း ဆိုသည်။ အလုပ်ထုတ်ခံရသည့် ဝန်ထမ်းတို့ဘက်ကမူ လျော်ကြေးငွေနှင့် နှစ်လစာချေးငွေများကို ပြန်ပေးမည်မဟုတ်ဟု ပြောဆိုကြသည်။ “ချေးငွေကို သူတို့လက်ထက်မှယူထားတာမဟုတ်လို့ ပြန်မဆပ်ဘူး။ အလုပ်ထွက်တာကလည်း […]

တနင်္သာရီတိုင်းအတွင်း ပါဆယ်စနစ် ပြန်သတ်မှတ်

diz_admin

July 4, 2021

ကိုဗစ်ကပ်ဘေးကူးစက်မှုမြင့်တက်နေသည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် ပါဆယ်သာ ရောင်းချရန် ပြန်သတ်မှတ်လိုက်သည်။ ဆိုင်ထိုင်စားသောက်ခြင်းအား တားမြစ်ကန့်သတ်ရန် တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွန်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာခရိုင်များကို ညွန်ကြားခဲ့ခြင်းဖြစ်သည်။ ပါဆယ်စနစ်ဖြင့်သာရောင်းချရန် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ဇူလိုင်လ ၅ ရက်နေ့တွင် စတင်အသိပေးအကြောင်းကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ဆိုသည်။ “မနက်ဖြန်ကစပြီး ထုတ်ဖြစ်မယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်တနင်္သာရီတိုင်းအတွင်း ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ ၈၄ ဦးရှိကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ကိုဗစ်ကပ်ဘေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပွားချိန်ကလည်း ဆိုင်များတွင် ပါဆယ်သာရောင်းချရန် ကန့်သတ်ခဲ့ဖူးသည်။ သို့ရာတွင် ယင်းအချိန်က လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ လိုက်နာမှု […]

ပျောက်ဆုံး သရက်နှစ်ခွရွာသား နှစ်ဦး တစ်ပတ်ကြာသည်အထိရှာမတွေ့သေး

diz_admin

July 4, 2021

ထားဝယ်ဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာသား လူငယ်နှစ်ဦးသည် ဇွန်လ ၂၇ ရက်နေ့က အိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးနေသည်ဟု အဆိုပါလူငယ်နှစ်ဦး၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါလူငယ်နှစ်ဦးမှာ တစ်ရွာတည်းသား သူငယ်ချင်းများ ဖြစ်ကြပြီး ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်က သူငယ်ချင်းဖြစ်သူ၏ မွေးနေ့ပွဲကို သွားမည်ဟု နေအိမ်မှ အသီးသီးထွက်သွားရာ ဇူလိုင်လ ၄ ရက်နေ့အထိ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရကြောင်း ၎င်းတို့၏ မိသားစုဝင်ဖြစ်သူ အမျိုးသားတစ်ဦးက ပြောသည်။ အမှတ် ၄၀၁ တပ်ရင်း၊ တနင်္သာရီတိုင်းရဲတပ်ဖွဲ၊ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့၊ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့စခန်းတို့တွင် အကြိမ်ကြိမ် စုံစမ်းမေးမြန်းခဲ့သော်လည်း ယနေ့အထိ သဲသဲကွဲကွဲ အဖြေမသိရသေးကြောင်း အထက်ပါအမျိုးသားက ဆိုသည်။‌ယင်းနေ့က ပေါက်တိုင်းတံတားဂိတ်တွင် အဖမ်းခံရသည်ဟု သတင်းထွက်နေခဲ့သော်လည်း မိသားစုဝင်များအနေဖြင့် သီးခြားအတည်မပြုနိုင်ခဲ့ပေ။ […]

မြိတ် Fever Clinic ပြန်ဖွင့်မည်

diz_admin

July 3, 2021

လတ်တလောဖြစ်ပေါ်နေရသည့် ကိုဗစ်ကူးစက်ရောဂါအခြေအနေတို့ကြောင့် ဇူလိုင်လ ၅ ရက်နေ့မှ စ၍ အခမဲ့ ဆေးကုခန်း ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ သံဃာ့ဆေးရုံရှိ အနံ့ပျောက်၊ ဖျားနာ လူနာများအတွက် အခမဲ့ဆေးကုပေးသည့် Fever Clinic က ထုတ်ပြန်ပြောဆိုလိုက်သည်။ အဆိုပါ ဖျားနာဆေးကုခန်းအား ပြီးခဲ့သည့် မေလ တတိယအပတ်မှစပြီ ယာယီပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။ ဖျားနာဆေးကုခန်းအား အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ သုံးရက်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Fever Clinic အား မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စေတနာ့ဝန်ထမ်းဆရာဝန်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြိတ်နှင့် ပရဟိတ စေတနာ့ဝန်ထမ်း အဖွဲ့များ ပူးပေါင်းကာ […]

တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်လူနာ ၁၃၀ ကျော်တိုး

diz_admin

July 3, 2021

တနင်္သာရီတိုင်းတွင် ဆယ်ရက်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၈ ဦးတိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ဇွန်လ ၂၃ ရက်မှ ဇူလိုင် ၂ ရက်နေ့အထိ ကိုဗစ်လူနာသစ် တစ်ရာ့သုံးဆယ်ကျော် တိုးလာခြင်းဖြစ်သည်။ ထားဝယ်တွင် ဆယ်ရက်အတွင်း ကိုဗစ်ပို့တွေ့လူနာသစ် ၃၅ ဦး၊ သရက်ချောင်းတွင် ၁၅ ဦး၊ ရေဖြူတွင် ၁ ဦး၊ မြိတ်တွင် ၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၁ ဦး၊ ကော့သောင်းတွင် ၁၉ ဦး၊ ပုလောတွင် ၁၂ ဦး၊ ကျွန်းစုတွင် ၃ ဦးရှိပြီး တနင်္သာရီမြို့နယ်နှင့် လောင်းလုံးမြို့နယ်တွင် ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာသစ် မရှိကြောင်း အထက်ပါဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇူလိုင်လ ၂ […]

ဇာဒီက ကျန်းမာရေးမှူးဟောင်း ထောင်၂ နှစ် ချမှတ်ခံရ

diz_admin

July 3, 2021

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စု ဇာဒီကျေးရွာနေ ကျန်းမာရေးမှူးဟောင်းဖြစ်သူ အသက် ၅၀ အရွယ် ဦးအောင်မင်းသည် ထောင် ၂ နှစ် ချမှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ ဦးအောင်မင်းကို မေလ ၃၁ ရက်က နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ကံပေါက်ရဲစခန်းမှ ထားဝယ်အကျဉ်ထောင်သို့ပို့လိုက်ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲခံရကြောင်း ဦးအောင်မင်း၏ ဇနီးဖြစ်သူ ကပြောသည်။ ဇာဒီကျေးရွာ ဆန္ဒပြစစ်ကြောင်းနှင့်ပူးပေါင်း ဆန္ဒပြသည်ဟုဆိုကာ ဦးအောင်မင်းအား ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ “မဟုတ်ဘဲနဲ့ အခုလို လုပ်ခံရတာဆိုတော့ စိတ်ထဲမှာ မကျေနပ်ဘူးပေါ့။ ခံချင်စိတ်လဲမရှိဘူးပေါ့” ဟု ၎င်းကဆိုသည်။ ဦးအောင်မင်းသည် လွန်ခဲ့သည့်ငါးနှစ်ကတည်းက ကျန်းမာရေးမှူးအဖြစ်မှ အလုပ်ထွက်ကာ ရွာတွင်ဆေးဝါးကုသပေးခြင်းအပြင် ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်ဟုဆိုသည်။

မွန်တွင် တစ်မနက်အတွင်း ကိုဗစ်လူနာ ၅ ဦး သေဆုံး

diz_admin

July 3, 2021

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက် ဇူလိုင်လ ၃ ရက်နေ့ တစ်မနက်တည်းတွင် အတည်ပြုလူနာ ၅ ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာများသည် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ကျော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်သည်ဟု ကူညီပေးနေသည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်လူနာ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၃ ရက်နေ့နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ကနဦးက သေဆုံးလူနာများသည် ရောဂါအခံရှိသည့် အသက် ၅၀ နှစ်နှင့်အထက် အသက်ကြီးသူများသာဖြစ်သော်လည်း ယခုအခါ လူလတ်ပိုင်းအရွယ်လူနာလည်း သေဆုံးလာသည်။ “အခြေအနေကတော့ ကူးစက်မှုနှုန်းမြန်ပြီး […]

မောင်မယ်ရှောင်ရွာရှိ လောင်းကစားဝိုင်းအနီးတွင် ဗုံးပေါက်၊ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

diz_admin

July 3, 2021

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာရှိ လောင်းကစားဝိုင်း အနီးတွင် ယနေ့ ညနေ သုံးနာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် မောင်မယ်ရှောင်ရွာသား သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ” ကြက်ဝိုင်းနဲ့ လေးပြားဝိုင်းကြားမှာ ပေါက်တာလို့ပြောတယ်။ ဗုံးပေါက်လို့ ဆိုပြီး လူတွေ ထွက်ပြေးလာကြတယ်” ဟု မောင်မယ်ရှောင်ရွာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။ မောင်မယ်ရှောင်ရွာတွင် ယခုနှစ် ဧပြီလမှ စ၍ လောင်းကစားဝိုင်းများ ပြုလုပ်လာကြပြီး ရွာရှေ့ပိုင်းနှင့် ရွာနောက်ပိုင်း နှစ်နေရာတွင် လောင်းကစားပြုလုပ်နေကြကြောင်း သိရသည်။ Dakkhina Insight