ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကရပ်ပြင်လမ်းဆုံနေအိမ်တွင် သေနတ်ပစ်ခံရသည့် အမျိုးသား သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရ

diz_admin

November 7, 2021

ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့် နေအိမ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် အိမ်ရှင်အမျိုးသားသေဆုံးသွားပြီး သားဖြစ်သူဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့၏မိတ်ဆွေဖြစ်သူထံမှ သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း အနီးအနားနေသူအချို့ထံမှ သိရသည်။ ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၅၄ နှစ်ခန့်အရွယ် အိမ်ရှင်အမျိုးသားမှာ ရရှိသည့်ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း အထက်ပါမိတ်ဆွေက ပြောသည်။ အိမ်ရှင်ဖြစ်သူ ဦးခင်မောင်အေးတွင် သေနတ်ဒဏ်ရာ ၂ ချက်ထက်မနည်းထိမှန်ခဲ့ပြီး သားဖြစ်သူတွင် တစ်ချက် ထိမှန်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “သူ့သားကတော့ လက်ရှိအချိန်ထိ စိုးရိမ်စရာ မရှိဘူး” ဟု အထက်ပါမိတ်ဆွေက ပြောသည်။ လက်ရှိပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။ […]

ထားဝယ်မြို့ လယ်ရှိ နေအိမ်တွင် သေနတ်ပစ်ခံရ

diz_admin

November 7, 2021

ထားဝယ်မြို့ ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့်နေအိမ်အတွင်းသို့ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံရကြောင်း ကနဦးသတင်းအရ သိရသည်။ နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅မိနစ်ခန့်တွင် ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း အနီးအနားနေသူအချို့ထံမှ သိရသည်။ ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၅၀နှစ်ဝန်းကျင်ရှိ အမျိုးသား တစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ကနဦးသိထားရကြောင်း အိမ်အနီးနေထိုင်သူတစ်ဦးက ဆိုသည်။ သေနတ်ပစ်ခတ်သံ ၄ ချက်ခန့်ကြားရပြီးနောက် အိမ်အပြင်ထွက်ကြည့်ချိန်တွင် ရွှေတောင်စားလမ်း‌ဖက်မှ သေနတ်သံ နောက်တစ်ချက် ထပ်ကြားရကြောင်း အနီးအနားတွင် နေထိုင်သူတစ်ဦးက ပြောသည်။ “ကိုခင်မောင်အေး(ဆန်ဆိုင်ပိုင်ရှင်) ကိုယ်တိုင်က လဲ‌ကျတယ်။ဆေးရုံကား လာခေါ်သွားပြီလောလောဆယ် တော့လေ”ဟု ၎င်းက ဆိုသည်။ လက်ရှိပစ်ခတ်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်က လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

ပေါင်တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲခံရ

diz_admin

November 6, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာအနီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ယမန်နေ့ညပိုင်းခန့်က ဖောက်ခွဲ ဖျက်စီးခံရကြောင်း သိရသည်။ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတားကို နိုဝင်ဘာ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်သည်။ “ညက အသံတော့ ကြားလိုက်တယ်၊ ဘာမှန်းတော့ မသိဘူး မနက်ကျမှ ရထားလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိရတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။ မီးရထားလမ်းပိုင်း ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးမှုရှိသည့်အပြင် တံတားဘောင်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။ အဆိုပါ မီးရထားလမ်းပိုင်း ဖောက်ခွဲခံမှုဖြစ်စဥ်သည် KNU တပ်မဟာ (၁) တပ်ခွဲ (၃) နှင့် ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့ (Special Force […]

မြိတ်တွင် အထက်တန်းကျောင်းရှေ့ ဗုံးပေါက်

diz_admin

November 6, 2021

မြိတ်မြို့ပေါ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ရပ်ကွက်သားများ ထံမှသိရသည်။ မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးပေါ်ရှိ၊ အထက(၇)အထက်တန်းကျောင်းရှေ့တွင် နိုဝင်ဘာ ၅ ရက်ည ၈ နာရီက ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ယင်းရပ်ကွက်နေပြည်သူများ ကပြောသည်။ “အသံလည်း တစ်အားမကျယ်ဘူး။ ပေါက်သွားတာက”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ ယင်းသို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲနှင့်စစ်သားများ ချက်ချင်းရောက်လာကာ ဦးမြတ်လေးလမ်းဆုံ၌ လမ်းသွားလမ်းလာများအား ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး အနီးအနားရှိ နေအိမ်တစ်ချို့ကိုလည်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်သားများကပြောပြသည်။ “လူတွေဖမ်းဆီးသွားတာတွေတော့ မကြားရသေးဘူး”ဟု အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။ ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကိုတော့ မသိရသေးပေ။ ကျောင်းမတက်ကြရန် စာဖြန့်ဝေလှုပ်ရှားမှုများ မြိတ်မြို့ရှိ ကျောင်းများရှေ့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက် […]

သရက်ချောင်းမြို့နယ် စစ်တပ်မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

November 6, 2021

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဖြစ်သည့် စုံစင်ဖျားရွာနှင့် သဲချောင်းကြီးရွာကြားတွင် နိုဝင်ဘာ ၆ ရက် ယနေ့ နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ‌‌ဒေသခံရွာသားအချို့၏ ပြောပြချက်အရသိရသည်။ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လမ်းတစ်‌‌လျှောက် လိုက်လံပစ်ခတ်ခဲ့သဖြင့် ဥယျာဉ်ခြံအတွင်း ခြံခုတ်နေသည့် စုံစင်ဖျားရွာ ဒေသခံအမျိုးသားတစ်ဦးကို သေနတ်ကျည်ထိမှန်ခဲ့သည်ဟု ယင်းကျေးရွာမှ အမျိူးသားတစ်ဦးက ပြောသည်။ “သူတို့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပစ်ပြီးထွက်လာတယ်၊ ကျွန်တော်တို့ စုံစင်ဖျားရွာသားတစ်ယောက် ထိမှန်တယ်လို့ ကြားရတယ်၊ ဒါနဲ့ ရငဲဆေးရုံကို အရေးပေါ်ကားနဲ့ တင်သွားတယ်” ဟု ၎င်းက ပြောသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လမ်းတွင်တွေ့သည့် ရော်ဘာအစေးလှီးသူ အချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ကာ […]

လောင်းလုံး ဒေသခံအချို့ ပြန်လွတ်

diz_admin

November 5, 2021

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် လောင်းလုံးမြို့နယ်မှ ဒေသခံအချို့ ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးမိခင်နှင့် စစ်ပြဲကျေးရွာသား ၈ ဦး ယနေ့ ‌နိုဝင်ဘာလ ၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်တွင်ပြန်လွတ်လာကြောင်း ဒေသခံအချို့ကပြောသည်။ လောင်းလုံးမြို့ခံအချို့လည်း ယမန်နေ့က ပြန်လွတ်လာကြောင်းကြားသိရသော်လည်း လူဦးရေအတိအကျမသိရသေးကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ပြန်လွတ်တဲ့သူတွေရှိတယ်လို့ကြားရတယ်။ ဒါပေမယ့် သတင်းအချက်အလက်တိတိကျကျမရတော့ ဘယ်သူတွေလွတ်တယ်ဆိုတာ မပြောနိုင်ဘဲ ဖြစ်‌နေတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယနေ့လွတ်မြောက်လာသူများမှာ နိုဝင်ဘာလ ၂ ရက်က ဖမ်းဆီးခံရသူများဖြစ်ပြီး လောင်းလုံးရဲစခန်းတွင် စစ်ဆေးမေးမြန်းခံရပြီး လွတ်‌မြောက်လာခြင်းဖြစ်ကြောင်း ဆိုကြသည်။ နိုဝင်ဘာလ ၃ ရက်က ဖမ်းဆီးခံထားရသည့် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာက ၂ နှစ်အရွယ် ကလေးနှင့် မိခင်ဖြစ်သူ၊ ဦးဇော်ဝင်းတို့သုံးဦးမှာမူ […]

ရေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

November 4, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ အောင်သုခရပ်ကွက်နေ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်း၏ နေအိမ်တွင် ရှိနေစဥ် သေနတ်သမားတို့က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။ “ခြေထောက် ထိသွားတယ်လို့ သိရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဇော်ဝင်းကို ၎င်းတို့ ပစ်ခတ်ခံကြောင်း ထုတ်ပြန်ထားသည်။ ဦးဇော်ဝင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းပြင် ရေးမြို့နယ်အတွင်းရှိ […]

ထားဝယ်တွင် စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

November 3, 2021

ထားဝယ်မြို့နယ်၊ ဟာမြင်းကြီးကျေးရွာအုပ်စု၊ မြေးခန္တီရွာအနီးတွင် နိုဝင်ဘာလ ၃ ရက် နံနက်ခြောက်နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သစ်ကတို့ရွာနှင့် မြေးခန္တီရွာအနီးတွင် ခြေလျင်ခရီး တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို (Local-PDF) ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။ စစ်ကောင်စီဘက်က ငါးဦးသေဆုံးကြောင်း ဒေသခံရွာသား တစ်ဦးက ဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “ဘယ်လိုလုပ်အတည်ပြုရလဲဆို အလောင်းလဲ မြင်ရတယ်၊ ပြီးတော့ အလောင်းတော့ မသယ်ထုတ်သေးဘူး၊ သူတို့ အင်အားထပ်ဖြည့်နေတယ်ဆိုကြားတယ်၊ စဝင်လာတည်းက လက်နက်ကြီးနဲ့ရော လက်နက်ငယ်နဲ့ရော ပစ်နေတယ်၊ အခုလောလောဆယ်တော့ နားထားတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည်နှင့် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်နေသဖြင့် […]