ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် အဝေးပြေးယာဉ်လိုင်း ပုံမှန် ပြန်ပြေးရန် တင်ပြထားဟုဆို

diz_admin

November 9, 2021

တနင်္သာရီတိုင်းအတွင်းရှိ ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများပုံမှန် ပြန်လည်ပြေးဆွဲခွင့်ပြုရန် တိုင်းဒေသကြီး ကိုဗစ်ကော်မတီနှင့် တိုင်းဒေသကြီးကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်မတီထံ တင်ပြထားကြောင်း တိုင်းဒေသကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနထံမှ သိရသည်။ ခရီးသွားပြည်သူများ လွယ်ကူမြန်ဆန်စွာ ခရီးသွားလာနိုင်ရေး၊ အဆင့်ဆင့် ခရီးသွားရာတွင် စရိတ်စက ကုန်ကျမှုများမည်စိုးသဖြင့် ကိုဗစ်အရှိန်လျော့လာပြီး လုံခြုံရေးအခြေအနေတွေ အဆင်ပြေလာပြီဆိုပါက ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများကို ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲခွင့်ပြုရန် ပြီးခဲ့သည့်ရက်ပိုင်းက သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆွေးနွေးထားပြီး စာဖြင့်လည်း တင်ပြထားသည်ဟု အထက်ပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသူဇက ပြောသည်။ “လောလောဆယ်တော့ ကျွန်တော်တို့ညှိနှိုင်းတင်ပြ ဆောင်ရွက်ထားတာရှိပါတယ်၊ တစ်တိုင်းလုံးကို အဆုံးအဖြတ်ပေးရတာဖြစ်တဲ့အတွက် အခုထိတော့ ကျွန်တော်တို့ကို ခွင့်ပြုမှုတော့ မရှိသေးဘူး” ဟု ဦးသူဇက ဆိုသည်။ ကိုဗစ် တတိယလှိုင်းဖြစ်ပွားချိန် ဇူလိုင်လ ၁၇ ရက်ကစပြီး အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်တင်ခြင်းကို ယာယီရပ်ဆိုင်းထားပြီး ကုန်စည်တင်ဆောင်ပြေးဆွဲခြင်းကိုသာ ကိုဗစ်စည်းကမ်းချက်နှင့်အညီ […]

မြိတ်တွင် PDF အဖွဲ့နှင့် ပတ်သက်ဟုဆိုကာ စည်ပင်ကော်မတီဥက္ကဋ္ဌ အပါအဝင် နေအိမ်အချို့ အသိမ်းခံရ

diz_admin

November 9, 2021

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် ပတ်သက်သည်ဟုဆိုကာ မြိတ်မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးမြတ်ကိုကို၏ နေအိမ်အပါအဝင် နေအိမ်ချို့အား စစ်ကောင်စီက နိုဝင်ဘာလ ၈ ရက်နေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ကန်ဖျားရပ် ထုံးဖိုလမ်းရှိ ဦးမြတ်ကိုကို၏နေအိမ်နှင့် ပါရမီရပ် ပေခြောက်ဆယ်လမ်းမကြီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဒေါ်ရှင်ဌေးနေအိမ် (ပန်းအိမ်မက် တည်းခိုရိပ်သာ) တို့အား သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။ “ဒေါ်ရှင်ဌေးအိမ်မှာ စာပြားနီကပ်ထားတာ တွေ့ရတယ်” ဟု ပေ‌ခြောက်ဆယ်လမ်းနေ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ‘ဤမြေနေရာနှင့် အဆောက်အဦးသည် အကြမ်းအဖက်အုပ်စု PDF အဖွဲ့အစည်းနှင့် ပတ်သက်ဆက်စပ်နေသောကြောင့် နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်သည်၊ မကျူးကျော်ရ ရောင်းဝယ်ခြင်းမပြုရ’ဟု စာသားပါ ဗီနိုင်းပြားဖြင့် နေအိမ်အရှေ့တွင် ရေးကပ်ထားသည်ကို တွေ့ရသည်။ ဦးမြတ်ကိုကိုနှင့် ဒေါ်ရှင်ဌေးတို့အပါအဝင် စစ်အာဏာရှင် အလိုမရှိကြောင်း […]

ထားဝယ်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၏ မိသားစုဝင်နှစ်ဦး အဖမ်းခံရ

diz_admin

November 9, 2021

ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်သူ မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူတို့ ဖမ်းဆီးခံရကြောင်း ဆွေမျိုးတော်သူတစ်ဦးက ပြောသည်။ အသက် ၄၀ ကျော်အရွယ် ဒေါ်သက်သက်ထွေးနှင့် အသက် ၁၆ နှစ်အရွယ် မရွှေရည်မိုးတို့နှစ်ဦးအား ‌နိုဝင်ဘာလ ၈ ရက် ည ၈ နာရီဝန်းကျင်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဆိုသည်။ ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာရှိနေအိမ်တွင်လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ “လာဖမ်းတာကတော့ အိမ်စီးကားနှစ်စီးနဲ့ အရပ်ဝတ်တွေနဲ့လာတယ်။ လာပြီးနေအိမ်မှာ ရှာ‌တာတွေလုပ်တယ်။ ရှာပြီးတာနဲ့ ဖုန်းတွေသိမ်းပြီးတော့မှ သားအမိနှစ်ယောက်စလုံးကို ခေါ်သွားတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ မသိရီမိုးသည်ဖေဖော်ဝါရီလ နေအိမ်မှဆင်းလာကတည်းက မိသားစုဝင်တို့နှင့် အဆက်အသွယ်မလုပ်တော့ကြောင်း ၎င်းဆွေမျိုးတော်စပ်သူကဆိုသည်။ မသီရိမိုးသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။ အဖမ်းခံထားရသည့် မသီရိမိုး၏ မိခင်နှင့် ညီမဖြစ်သူကို ထားဝယ်မြို့နယ်ရဲစခန်းတွင် […]

ဘီးလင်းတွင် စာသင်ကျောင်း ဗုံးပေါက်၊ PDF မဟုတ်ဟု ထုတ်ပြန်

diz_admin

November 8, 2021

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းတို့ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့ ညဦးပိုင်းအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စာသင်ကျောင်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိတာမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ပေါက်ကွဲတာ ညပိုင်းဖြစ်နေတော့ လူထိတာတော့မရှိဘူး၊ စာသင်ကျောင်းကို တိုက်ခိုက်တာက မဖြစ်သင့်ဘူး၊ အခု ကျောင်းတွေလည်း ပြန်ဖွင့်နေတယ်၊ ကျောင်းတက်တဲ့ ကလေးတွေလည်း ရှိနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ဗုံးခွဲတိုက်ခိုက်မှုသည် ၎င်းတို့ ပြုလုပ်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

မော်လမြိုင်တွင် ရဲဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

November 8, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်တွင် ယနေ့နံနက်ပိုင်းအချိန်ခန့်က ရဲဝန်ထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးကို နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မောင်ငံရပ်ကွက် ရွှေဗျိုးဖြူဘုရားအနီးတွင် သေနတ်သမားနှစ်ဦးက လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းထွန်းဦးသည် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “သေနတ်ပစ်ခံရတဲ့လူက ရဲထွက်လို့ သိရတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ လဲကျ သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဦးသိန်းထွန်းဦးကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။ ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးသည် PDF များကို ခြိမ်းခြောက်တာ […]

မြိတ်တွင် ဗုံးကွဲပြီးနောက် အနီးရှိနေအိမ်မှ မိသားစုကို ဖမ်းဆီး၊ နှစ်ဉီးပြန်လွတ်

diz_admin

November 8, 2021

မြိတ်မြို့ပေါ်အထက်တန်းကျောင်း တစ်ကျောင်းအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် အနီးရှိ နေအိမ်မှ မိသားစုဝင် လေးဉီးကိုဖမ်းဆီးသွားပြီး နှစ်ဉီးပြန်လွတ်လာပြီဖြစ်ကြောင်း ဖမ်းဆီးခံမိသားစုဝင်များ ထံမှသိရသည်။ နိုဝင်ဘာလ ၅ ရက် ည ၈ နာရီအချိန်က မြို့သစ်ရပ်ကွက်၊ ဦးမြတ်လေးလမ်းမကြီးရှိ အထက်တန်းကျောင်းအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းအနီးနေ ဉီးထွန်းမင်း မိသားစုအား စစ်သားနှင့်ရဲများမှ ခေါ်ဆောင်သွားကြောင်း ရပ်ကွက်သားများနှင့် ဉီးထွန်းမင်း၏ မိသားစုဝင် တစ်ဉီးကပြောသည်။ “သမီးနဲ့မြေးဖြစ်သူက ဖမ်းပြီးနောက်တစ်နေ့ ပြန်လွှတ်လာပါတယ်။ ဉီးထွန်းတို့လင်မယားနှစ်ဉီး ကိုတော့ ခုထိစစ်ဆေးနေတုန်းပဲ ဘာအတွက်ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းကပြောသည်။ ဉီးထွန်းမင်း၏နေအိမ်တွင် ၎င်း၏ဇနီးအပါအဝင် သမီးနှင့်မြေးဖြစ်သူတို့နေထိုင်နေကြပြီး လက်ရှိအိမ်ပိတ်ထားကြောင်း ရပ်ကွက်သားများထံမှသိရသည်။ အသက် ၆၀ နီးပါးရှိသည့် ဉီးထွန်းမင်းသည် MABC မြိတ်စက်ဘီးနင်းအဖွဲ့တွင် ဒုဉက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး မြိတ်ခရိုင်ကိုဗစ်ကာကွယ်ရေးအရပ်ဖက်အဖွဲ့၊ […]

ယနေ့ပစ်ခတ်မှု မသက်ဆိုင်ကြောင်း DPDF ထုတ်ပြန်

diz_admin

November 7, 2021

ထားဝယ်မြို့လယ် ကရပ်ပြင်လမ်းဆုံ အနီး ဆန်ဆိုင်ပိုင်ရှင် တစ်ဦး သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့သည့် ပစ်ခတ်မှုမှာ ၎င်းတို့ အဖွဲ့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ထားဝယ်) က ထုတ်ပြန်ခဲ့သည်။ ယနေ့ နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော ယင်းပစ်ခတ်မှုကြောင့် ဆန်ဆိုင်ပိုင်ရှင် ဦးခင်မောင်အေး သေဆုံးပြီး သားဖြစ်သူ ဒဏ်ရာရခဲ့သည်။ မည်သူ၊ မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူငယ်နှစ်ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မျက်မြင် သက်သေ မြို့ခံတို့ထံမှ သိရသည်။

မြိတ်တွင် ဆီစျေးကြောင့် အိမ်သုံးရေစျေးထပ်တက်

diz_admin

November 7, 2021

စက်သုံးဆီစျေး တက်ခြင်းကို အကြောင်းပြုပြီး အိမ်သုံးရေများ တဖြည်းဖြည်း စျေးတက်လာကြောင်း မြိတ်မြို့နေ သူများထံမှသိရသည်။ မြိတ်မြို့တွင် အိမ်သုံးရေစျေး စက်တင်ဘာလအထိ တစ်ယူနစ် ကျပ် ၁၅၀၀ ရှိခဲ့ရာမှ အောက်တိုဘာလတွင် ကျပ် ၁၇၀၀၊ ယင်းနောက် ယခု နိုဝင်ဘာလတွင် တစ်ယူနစ် နှစ်ထောင်ကျပ်ဖြင့် ထပ်တိုးကာ ကောက်ယူနေသည်ဟု ရေသုံးစွဲကြသူများကပြောသည်။ “တစ်လကို တစ်စျေး တင်ချင်သလို တင်နေတဲ့ သဘောမျိုးဖြစ်နေတယ်”ဟု မြိတ်မြို့၊မြို့သစ်ရပ်ကွက်နေ အိမ်ထောင်ရှင်မ တစ်ဉီးကပြောသည်။ မြိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ရေပေးဝေဖြန့်ဖြူးရန်အတွက် မြေအောက်မှ အဝီစိရေများကို မြေပြင်ကန်အမြင့်သို့ ဒီဇယ်လောင်စာဆီသုံး အင်ဂျင်များကို အသုံးပြုကာ မောင်းတင်ကြရသည်။ ထိုကြောင့် မြိတ်မြို့ ရေစျေးမှာ ဆီစျေးအပေါ် မူတည်ကြောင်း အကြောင်းပြကြလေ့ရှိသည်။ စျေးကွက်အတွင်း စက်သုံးဆီစျေးနှုန်း ပုံမှန်ရှိနေရာမှ အောက်တိုဘာလအတွင်း စျေးနှုန်း […]