ဘန်ကောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျ၍ မြန်မာအပါအဝင် ၁၂ ဦး ဒဏ်ရာရ
Dawei Watch
July 7, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ပြိုကျမှုကြောင့် မြန်မာအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က ဘန်ကောက်မြို့ မင်ဘူရီခရိုင်ရှိ မြို့တော်ရေသိုလှောင်ရေး ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ပြိုကျမှုဖြစ်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲရှိ ကွန်ကရစ်လောင်းရန် ထောင်ထားသော စတီးဘောင်များမှာ အလုပ်သမားများ အလုပ်လုပ်နေသည့်အချိန် ပြိုကျလာခြင်းဖြစ်သည်။ ပြိုကျမှုဖြစ်သောအချိန်တွင် အလုပ်သမား ၁၆၀ ဦး အလုပ်လုပ်နေပြီး ၎င်းတို့အနက် ၁၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် မြန်မာအလုပ်သမား ၇ ဦး၊ ထိုင်းအလုပ်သမား ၂ ဦးနှင့် ကမ္ဘောဒီးယားအလုပ်သမား ၃ ဦး ပါဝင်ပြီး အမျိုးသား ၉ ဦး၊ […]


