ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

diz_admin

January 6, 2022

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။ ‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

မြိတ်တွင် စစ်ကောင်စီတပ်သားကို ခဲဖြင့်ပစ်သည့် စိတ်ဝေဒနာရှင် သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

January 5, 2022

မြိတ်မြို့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားကို ခဲဖြင့်ပစ်သည့် စိတ်ဝေဒနာရှင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၅) မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်သားတစ်ဦး လေယာဉ်ကွင်းအနီး လေ တပ်ရှေ့ကင်းပုန်းတွင် ကင်းစောင့်နေစဉ် အမျိုးသားတစ်ဦးက ခဲဖြင့်ပစ်ကာ ထွက်ပြေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ ခဲဖြင့်ပစ်ခံရသဖြင့် အဆိုပါတပ်သား ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၎င်းအား သေနတ်နှစ်ချက် ပစ်ကာ ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာ အနီးဝန်းကျင်က ဒေသခံတို့ထံမှ သိရသည်။ “ခြေသလုံးနဲ့ လက်ဖျံကို အပစ်ခံရပြီး စစ်ဆေးရုံမှာ ကုသနေပါတယ်။ မစိုးရိမ်ရပါဘူး” ဟု အပစ်ခံရသည့် အမျိုးသား၏မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ ခဲဖြင့်ပစ်သူသည် အတွင်းရေပုန်းရပ်နေ အသက် ၃၀ ကျော်အရွယ် […]

တနင်္သာရီတိုင်းတွင် အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ရဲဗလတံဆိပ်ပေး

diz_admin

January 5, 2022

တနင်္သာရီတိုင်းအတွင်း အသတ်ခံရသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်ကောင်စီ ဥက္ကဋ္ဌက ရဲဗလတံဆိပ်ချီးမြှင့်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသတ်ခံရသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် မြို့နယ်ထွေအုပ်စာရေး ၁၂ ဦးတို့ကို လွတ်လပ်ရေးနေ့တွင် ဆုပေးခဲ့ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ကိုးဦးနှင့် မြို့နယ်ထွေအုပ်စာရေး တစ်ဦးတို့မှာ အသတ်ခံခဲ့ရပြီး ကျန်သည့် အုပ်ချုပ်ရေးမှူးနှစ်ဦးမှာ အသတ်ခံရခြင်း ရှိမရှိကိုမူ Dawei Watch က အတည်မပြုနိုင်သေးပေ။ အဆိုပါ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှာ ဒလန်ဟု သတ်မှတ်ခံရသူ အများစုဖြစ်သည်။ ရဲဗလတံဆိပ်ပေးရာတွင် ပါဝင်သည့် ဒေါ်စန်းစန်းဝေမှာ ဘုမ္မော်ရပ်ကွက် စာရေး (ထားဝယ်မြို့နယ်ထွေအုပ် ဝန်ထမ်း) ဖြစ်ပြီး ထားဝယ်မြို့ ရွှေတောင်စားလမ်းတွင် ဆိုင်ကယ်စီးနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးခဲ့သည်။ ရဲဗလတံဆိပ်ရသူများပါဝင်သည့် […]

ကျပ်သိန်း ၅ဝအထိ ငွေချေးနိုင်မည်ဆိုသည့် မူမမှန်သူများ ထားဝယ်ကို ပစ်မှတ်ထားလာ

diz_admin

January 5, 2022

အပေါင်ပစ္စည်းမလိုဘဲ ငွေကျပ်သိန်းငါးဆယ်အထိ ငွေချေးနိုင်မည်ဟုဆိုကာ မူမမှန်သည့် ငွေချေးသူများ Facebook မှတစ်ဆင့် ထားဝယ်ဒေသနေ ပြည်သူများကို ပစ်မှတ်ထားလာသည်။ ဒေသတွင်းနေသူများ ရင်ဖွင့်ပြောဆိုနိုင်စေရန် တည်ထောင်ထားသည့် Facebook Group များတွင် ငွေချေးမည်ဆိုသူများက ချေးငွေ အလွယ်တကူ လျှောက်ထားနိုင်ကြောင်း စည်းရုံးသည့်အကြောင်းအရာ post များကို ယခုရက်ပိုင်းအတွင်း တင်နေသည်ကို တွေ့ရသည်။ ‘ဆရာ ခန့်’ အမည်ဖြင့် Facebook အကောင့်ဖွင့်ထားသူက လိုက်လံစည်းရုံးနေခြင်းဖြစ်သည်။ ချေးငွေလျှောက်လိုလျှင် အိမ်ထောင်စုမူရင်း၊ မှတ်ပုံတင်မူရင်း၊ ချေးမည့်သူ၏ ဓာတ်ပုံနှစ်ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ ဖြည့်ပေးရုံဖြင့် ချေးငွေရရှိမည့်အကြောင်း စည်းရုံးနေသည်။ Dawei Watch ၏ စုံစမ်းချက်အရ ချေးငွေလျှောက်ရန်အတွက် ဖောင်တင်ကြေး (လျှောက်လွှာကြေး) တစ်သောင်းနှစ်ထောင်ကျပ်ကို အရင်လွှဲပေးရမည်ဟု ချေးငွေပေးမည်ဆိုသူက ပြောဆိုခဲ့သည်။ အဆိုပါလျှောက်လွှာကြေးအား ဘဏ် […]

မြိတ်ဒေသထွက် ရှပ် ရှားပါးသဖြင့် ဈေးတက်

diz_admin

January 5, 2022

မြိတ်ဒေသ ရေထွက်စားသောက်ကုန်တစ်ခုဖြစ်သည့် ရှပ် (ဂုံးချော) များ ရှားပါးလာပြီး သယ်ယူစရိတ်လည်း ကြီးမြင့်လာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။ ရှပ်များကို ယခင်က မြိတ်အနီးအနား တောနောက်လယ်ရွာ၊ သရင်ကမ်းနှင့် ယောကြီးဝ မြစ်တို့ရှိ သဘာဝ ရှပ်သောင်တွင် လှေငယ်များဖြင့်သွားရောက်ကာ ရေငုပ်ပြီး ကောက်ယူလေ့ရှိကြသည်။ ယခုအခါ အဆိုပါရှပ်သောင်တွင် ရှပ်များရှားပါးလာပြီး သွားရောက် ငုပ်ယူသူလည်း နည်းပါးလာကြောင်း ၎င်းတို့ထံမှ သိရသည်။ “မြိတ်ဘက်မှာ ရှပ်သိပ်မထွက်တော့ ပုလောဘက်ကပဲ ဝယ်ရောင်းနေရတယ်” ဟု မြိတ်မြို့တပ်ပြင်ဈေးတွင် ရှပ်ဝယ်ယူရောင်းချသည့် မခင်မိုးက ပြောသည်။ ရှပ်ရှားပါးလာသည့်အတွက် ပြီးခဲ့သည့်နှစ်က ဆယ်ပြည်ဝင် ရှပ်တစ်ခြင်း (အလုံးကြီး) ကျပ်တစ်သောင်း လေးထောင်ခန့်ရှိရာမှ ယခုအခါ ကျပ်နှစ်သောင်းနီးပါးအထိ ဈေးတက်သွားကြောင်း ရှပ်ရောင်းဝယ်ကြသူ များက ပြောပြသည်။ […]

ရွှေတစ်ကျပ်သား ၁၈ သိန်းကျော် ပြန်တက်၊ မွန်တွင် အရောင်းအဝယ်ပါး

diz_admin

January 5, 2022

မွန်ဈေးကွက်တွင် မီးလင်းအခေါက် ရွှေဈေး တစ်ကျပ်သား တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းဝန်းကျင် ပြန်လည် မြင့်တက်လာပြီး လက်ရှိတွင် ရွှေအရောင်းအဝယ် နည်းပါးနေကြောင်း ပြည်နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်ပိုင်းခန့်က မီးလင်းအခေါက်ရွှေဈေး တစ်ကျပ်သား ၂၂ သိန်းကျော်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ကျပ်သား ၁၇ သိန်းခွဲဝန်းကျင်အထိ ဈေးပြန်ကျသွားခဲ့သည်။ ထို့နောက် ဒီဇင်ဘာလလယ်ပိုင်းကစပြီး ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းအရောက်တွင် မီးလင်းအခေါက်ရွှေ တစ်ကျပ်သား တစ်ဆယ့်ရှစ်သိန်း နှစ်သောင်းဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ် ရွှေးဈေးကွက်အတွင်း ရွှေအရောင်းအဝယ် နည်းပါးနေကြောင်းလည်း ၎င်းတို့က ပြောသည်။ “အရောင်းအဝယ်က အရင်လို မဟုတ်တော့ဘူး။ အရောင်းအဝယ် နည်းပါးသွားတယ်။ […]

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်လလျှင် မြန်မာငါးရာနီးပါး အဖမ်းခံရ

diz_admin

January 5, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် တစ်လလျှင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံအတွင်းသို့ မောတောင်နယ်စပ်တစ်လျှောက်ရှိ တောလမ်းတို့မှ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလအတွင်းက ၄၅၁ ဦးနှင့် ဒီဇင်ဘာလတွင် ၄၇၀ ဦးတို့ကို ဖမ်းမိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးအား ထပ်မံဖမ်းမိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်နေကြဆဲဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် […]

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ဆက်စပ်သတင်း ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး