ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ငါးမဖမ်းရ ရာသီ ယခင်အတိုင်း ပြန်သတ်မှတ်ပေးရန်တင်ပြ

diz_admin

January 7, 2022

ငါးမဖမ်းရ ရာသီကို လှေရှင်များ၏ တောင်းဆိုချက်အရ ယခင်အတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်တို့ကို ပြန်လည် သတ်မှတ်ပေးရန် တင်ပြထားကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနက တိုင်းအတွင်းရှိ ရေလုပ်သားများ၏ အခက်အခဲကို တင်ပြရန် တောင်းဆိုလာသဖြင့် ရေလုပ်ငန်းရှင်များအား အဖွဲ့ချုပ်က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လှေရှင်များကို ခေါ်ယူဆွေးနွေးခဲ့ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။ ယင်းသို့ ဆွေးနွေးရာ ရေလုပ်သားများ၏ ဆန္ဒအတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်အား ငါးမဖမ်းရ ရာသီအဖြစ် ပြန်လည်သတ်မှတ်ရန် လှေရှင်များက တောင်းဆိုသည့်အတွက် တင်ပြခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်ပုံမှန်သတ်မှတ် ထားသည်ကို စစ်ကောင်စီက […]

သရက်ချောင်းတွင် တိုက်ပွဲဖြစ်၊ ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရ

diz_admin

January 7, 2022

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး ပန်းရန်လုပ်နေသည့် ကလေးသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားရွာဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းကာ ယနေ့ နံနက် ၉ နာရီခန့်က လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မိနစ် ၃၀ ခန့်အကြာ အပြန်အလှန်ပစ်ခတ်ပြီးနောက် စစ်ကူဆင်းလာသည့် စစ်ကောင်စီတပ်ကားမှာ ကင်းရှေ့ရွာနှင့် ဆေးဖြတ်ကုန်းရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ စော်ဖျားနှင့် ကင်းရှေ့တို့မှာ ရွာနီးစပ်များဖြစ်သည်။ ယင်းနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံနက် ၁၀ နာရီခန့်တွင် ကင်းရှေ့ရွာသို့ လက်နက်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း ဒေသခံအချို့က […]

ထားဝယ်တက္ကသိုလ် ကျောင်းဖွင့်ပထမရက် ကျောင်းတက်သူမရှိ

diz_admin

January 7, 2022

ထားဝယ်တက္ကသိုလ်၌ ပထမဆုံး ကျောင်းဖွင့်ရက်တွင် ကျောင်းတက်သူမရှိကြောင်း တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့မှစပြီး တက္ကသိုလ်အားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်ကြောင်း ကြေညာခဲ့သော်လည်း အထူးပြုဘာသာရပ်အချို့ကိုသာ သင်ကြားနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ထားဝယ်တက္ကသိုလ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ် (ဒုတိယနှစ်ဝက်ပညာသင်နှစ်) အတွက် ဥပဒေပညာ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ ၃၀ ကျော်ခန့် ကျောင်းတက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းဥပဒေပညာကျောင်းသား၊ ကျောင်းသူများမှာ အာဏာမသိမ်းမီ ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်များ စပိတ်ချိန်ကတည်းက ကျောင်းအပ်ထားကြသူများဖြစ်ကြောင်း ဥပဒေကျောင်းသူတစ်ဦးက ရှင်းပြသည်။ “သိရသလောက် (ကျောင်းဖွင့်ပထမနေ့) ဘယ်သူ့မှ ကျောင်းသွား မတက်ကြဘူး။ နောက်ပိုင်းဆိုရင်တော့ မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။ တက္ကသိုလ်စဖွင့်နေ့ ကျောင်းတက်ရောက်မူအခြေအနေအား အတည်ပြု မေးမြန်းနိုင်ရန် ထားဝယ်တက္ကသိုလ်တာဝန်ရှိသူတို့ထံ ဒီဇင်ဘာလ […]

ကျိုက္ကော် ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရ

diz_admin

January 6, 2022

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ်ကို လက်နက်ကိုင်လူတစ်စုတို့က ယနေ့ နံနက်ပိုင်းတွင် ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ကျိုက္ကော်ရပ်မြို့မဈေးရှိ ကမ္ဘာ့ရတနာဘဏ်ကိုလက်နက်ကိုင် သုံးဦး မော်တော်ယာဉ်ဖြင့် လာရောက်ကား ဓါးပြတိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဓါးပြတိုက်တဲ့လူတွေက လွတ်သွားတယ်လို့ သိရတယ်။ ဘဏ်က ပိုက်ဆံတွေ ပါသွားတယ်လို့ သိရပေမယ့် ပမာဏတော့ အသေချာမသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်ခံရမှုတွင် ကျပ်သိန်း ၈၀၀ ကျော် ပါသွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်းသီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ဘဏ်ဓါးပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှသိရသည်။ စစ်ဆေးမှုများ လုပ်ဆောင်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။ […]

တောင်ပျောက်တိုက်နယ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် လူခုနစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

diz_admin

January 6, 2022

တောင်ပျောက်တိုက်နယ် ဗျတ်ဝိသားရွာလှေဆိပ်တွင် အသက် ၃ နှစ်နှင့် ၅ နှစ်အရွယ် ကလေးနှစ်ဦး အပါအဝင် မိသားစုဝင် ခြောက်ဦးနှင့် အခြားမိသားစုက လူငယ်အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၅ ရက်တွင် ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းတို့မှာ တောင်ပျောက်တိုက်နယ်တွင် နေထိုင်ရန် အဆင်မပြေသဖြင့် အလယ်စုရွာ အနောက်ကမ်းမှ ဗျတ်ဝိသားရွာလှေဆိပ်သို့ သွားကာ ရေလမ်းမှတစ်ဆင့် ဝင်းဝကျေးရွာရှိ ဆွေမျိုးများ အိမ်တွင် သွားရောက် နေထိုင်ရန် ရွာမှထွက်လာစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ တောင်ပျောက်တိုက်နယ်သို့အဝင်လမ်းတွင် ရှိသည့် သဲချောင်းကြီးရွာ ရဲစခန်းတွင် ထိန်းသိမ်းထားနိုင်ခြေ ရှိကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။ ဖမ်းဆီးခံရသူများတွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၅ နှစ်ကျော်ရှိ ကလေးငယ် […]

ကျိုက်ထို ကင်းမွန်းချောင်း အထကကျောင်းရှေ့ ဗုံးပေါက်၊ သုံးဦး ဒဏ်ရာရ

diz_admin

January 6, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲပြီး ကျောင်းသူတစ်ဦး အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် အဆိုပါ ကျောင်းရှေ့ရှိ လုံခြုံရေးကင်းတဲတွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပေါက်ကွဲမှုကြောင့် ကျောင်းသူတစ်ဦးနှင့် ကျောင်းသားမိဘတစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းရရှိခဲ့သည့်အပြင် ရဲတစ်ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ကျောင်းတက်ချိန်မှာ ဖြစ်သွားတော့ ထိတ်လန့်ကုန်ကြတာပေါ့။ ပေါက်ကွဲမှုဖြစ်သွားတော့ ကျောင်းသားတွေ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု ရရှိခဲ့သူ သုံးဦးကို ကင်းမွန်ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသနေကြောင်း ဒေသခံများထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပိတ်ဆို့ ရှာဖွေ […]

အာဏာသိမ်းမှုဆန့်ကျင်သူ ကိုထွန်းဦး ထောင် ၁၉နှစ်ချခံရ၊ တိုင်းအတွင်း ပြစ်ဒဏ်အကြီးဆုံးချခံရသူဖြစ်လာ

diz_admin

January 6, 2022

ထားဝယ်မြို့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၉နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ လေးခုကျန်နေ သေးကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ထုတ်ပြန်သည်။ ထားဝယ်အကျဉ်းထောင် အထူးတရားရုံး၌ ဒီဇင်ဘာ ၃၀ ရက်တွင် ကိုထွန်းဦးကို အမှု ငါးခုအတွက် ယင်းသို့ ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ပြီး ဆက်လက်ရင်ဆိုင်ရမည့် ပုဒ်မ လေးခုကျန်သေးကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ တနင်္သာရီတိုင်းတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်ခံရသူမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၂၂ ဦးရှိသည်။ ယင်းအနက် ထောင်ဒဏ်အမြင့်ဆုံး ၁၁ နှစ်ချမှတ်ခံရသူ ငါးဦးရှိသည်။ ၎င်းတို့မှာ တိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဦးမြင့်မောင်၊ ထားဝယ်မြို့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အသက် ၁၉နှစ်အရွယ် […]

ဒေါက်တာအေးဇံ၏ ဇနီးနှင့်သား ပြန်လွတ်

diz_admin

January 6, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားဖြစ်သူတို့မှာ ဖမ်းဆီးခံရရာမှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ဒေါက်တာအေးဇံ၏ ဇနီး ဒေါ်ခင်အေးမူနှင့် သားဖြစ်သူ နေဖြိုးဇံ၊ အလုပ်သမားတစ်ဦးတို့ကို ဇန်နဝါရီလ ၃ ရက်နေ့ ညပိုင်းက ကျိုက်ထိုမြို့ သိမ်ဇရပ်အပိုင် သုံးခွကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ ဇန်နဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်သို့ လာရောက် ပို့ဆောင်သွားကြောင်း နီးစပ်သူတို့က ပြောသည်။ “ပြန်လွတ်လာတာ မနေ့ မနက်က။ ကျိုက်ထို ဘူတာလမ်းနေအိမ်ကို သူတို့ လာပြန်ပို့သွားတယ်” ဟု နီစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံမှာ စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ၊ […]