ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကားမှောက်၍ သေဆုံးသည့် မြန်မာလုပ်သားသုံးဦးအတွက် အာမခံကြေးထုတ်ရန် သံအရာရှိရုံးနှိုးဆော်

diz_admin

January 9, 2022

ထိုင်းနိုင်ငံတွင် ကားမှောက်၍ သေဆုံးခဲ့သည့် မြန်မာအလုပ်သမားသုံးဦးအတွက် အာမခံလျော်ကြေးငွေများ ထုတ်ယူရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ဇန်နဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် နှိုးဆော် အသိပေးချက် ထုတ်ပြန်ထားသည်။ အယုဒ္ဓယခရိုင်၊မဟာရတ်မြို့နယ်တွင် ဒီဇင်ဘာလ ၈ ရက် နံနက် ၇ နာရီအချိန်က မြန်မာအလုပ်သမား ၁၈ ဦးကို တင်ဆောင်လာသည့်ကား တိမ်းမှောက်ခဲ့ရာ သုံးဉီးသေဆုံးသွားကြောင်း အဆိုပါရုံးထံမှ သိရသည်။ သေဆုံးခဲ့သူများမှာ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာက ဦးစိန်ဝင်း၏ သားဖြစ်သူ မောင်ရူပ၊ ဘီးလင်း မြို့နယ် ကျခတ်ချောင်းကျေးရွာက ဦးတင်မြင့်၏ သားဖြစ်သူ မောင်လင်းထက်ဦး၊ ဥတ္တရသီရိမြို့နယ် မိုးစွေရွာက ဦးမြင့်ဦး၏ သားဖြစ်သူ ဦးတင်ဇင်ဦးတို့ ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြသည်။ ၎င်းတို့ သုံးဦးအတွက် မော်တော်ယာဉ်ထိခိုက်မှု အာမခံလျော်ကြေးများကို […]

ပုလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦးသေဆုံးဟုPDFထုတ်ပြန်

diz_admin

January 9, 2022

မြိတ်ခရိုင် ပုလောမြို့နယ်၌ အပြင်းအထန် ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က လေးဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသည်ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်နှင့် ပုလော PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၇ ရက် ညနေ ဆားခဲရွာတွင် တိုက်ပွဲ တစ်ကြိမ်၊ ဇန်နဝါရီလ ၈ ရက် ည ၇ နာရီခွဲခန့်က ပဝတ်ဖျားရွာတွင် တစ်ကြိမ်ဖြစ်ပွားကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပဝတ်ဖျားရွာ တိုက်ပွဲမှာ ၂ နာရီကြာမြင့်ခဲ့ကြောင်း PDF က ထုတ်ပြန်သည်။ ယင်းတိုက်ပွဲနှစ်ကြိမ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့ပြီး ၂၀ ဦးကျော် ဒဏ်ရာရကာ ၈ ဦးခန့်မှာ အရေးပေါ်ကုသနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပုလော PDF-PRDF […]

ပုလောတွင် ယနေ့ည တိုက်ပွဲဖြစ်နေ

diz_admin

January 8, 2022

ပုလောမြို့နယ်၊ ပဝတ်ကုန်းဖျားကျေးရွာတွင် ယနေ့ (ဇန်နဝါရီ ၈) ည ၇ နာရီ ကျော်ကစပြီး စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ “အပြန်အလှန်ပဲ ပစ်သံတွေကြားနေရတာ မိနစ်သုံးဆယ်ကျော်ပြီ။ ခုထိ မနားသေးဘူး” ဟု ၎င်းက ဆိုသည်။ ပဝတ်ကုန်းကျေးရွာအနီးရှိ ကဒဲရွာက ပျူစောထီးအဖွဲ့ကို ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၄ ရက် နံနက်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ပျူစောထီးဘက်က တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရခဲ့ပြီး ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ဖြူဖွေး ကျဆုံးခဲ့ကြောင်း PDF က သတင်းထုတ်ပြန်ထားသည်။ ယနေ့ည လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများအပြင် နှစ်ဖက်အထိအခိုက် အကျအဆုံး ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်ပတ်အတွင်း မြန်မာလုပ်သား နှစ်ရာနီးပါး ထပ်မံအဖမ်းခံရ

diz_admin

January 8, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် မြန်မာလုပ်သား ထောင်နှင့်ချီ ဖမ်းဆီးခံထားရသော် လည်း ဆက်လက်သွားနေကြဆဲဖြစ်ပြီး ယခုတစ်ပတ်အတွင်းလည်း နှစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦး၊ ၃ ရက်နေ့တွင် ၆၈ ဦးနှင့် ၇ ရက်နေ့တွင် ၈၅ ဦး စုစုပေါင်း ၁၉၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦး‌ရေ ထောင်ချီ‌ဖမ်းမိထားပြီး ဖြစ်သော်လည်း တရားမဝင်သွားရောက်မှုများ ရှိနေဆဲဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှတစ်ဆင့် ထိုင်းသို့ တရားမဝင် သွားရောက်ကြသဖြင့် ဖမ်းဆီးခံရနေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်ကြသဖြင့် […]

သံသယဖြင့် အဖမ်းခံရသည့် ရလိုင်ရွာသားသုံးဦး ပြန်လွတ်

diz_admin

January 8, 2022

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ရလိုင်ရွာသားတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးနောက် သံသယဖြင့် ဖမ်းဆီးခံရသည့် ရွာသားသုံးဦး ပြန်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ရလိုင်ရွာသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမူနှင့်ဆက်စပ်ပြီး ရလိုင်ကျေးရွာ NLD ရပ်ကျေး အလုပ်အမူဆောင်အဖွဲ့ဝင်များဖြစ်သည့် ဦးတင်စိုး၊ ဦးနေဆန်းလင်း၊ ကိုဝေယံနိုင်တို့သုံးဦး အဖမ်းဆီးခံခဲ့ရသည်။ ၎င်းအမျိုးသားသုံးဦး ဇန်နဝါရီလ ၇ ရက်က ပြန်လွတ်မြောက်လာခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သုံးယောက်စလုံး ပြန်လွတ်လာကြပြီ။ မနေ့က မနက်ပိုင်းလောက်မှာ ပြန်လွတ်လာကြတယ်” ဟု ၎င်းက ပြောကြားသည်။ သေနတ်ပစ်ခံရသူကို မည်သည့်အကြောင်းကြောင့် မည်သူတို့က လာရောက် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ သေနတ်ဖြင့် အပစ်ခံရသူမှာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ပို့လိုက်ရသည်။

တိုက်ပွဲဖြစ်မည် စိုးရိမ်သဖြင့် တကူရွာသားအချို့ တိမ်းရှောင်

diz_admin

January 7, 2022

တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် တနင်္သာရီမြို့နယ်၊ တကူရွာသားအချို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF များ ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးပြီး နှစ်ရက် အကြာ ဇန်နဝါရီလ ၅ ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးသည် တကူကျေးရွာအနီးအနားရှိ တောင်များပေါ်တွင် တစ်နေ့လုံး ပျံဝဲနေခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းလေယာဉ်နှစ်စီးသည် PDF များကို လိုက်လံရှာဖွေ ကင်းထောက်နေခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ဇန်နဝါရီလ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်သား တစ်ရာခန့် မြေပြင်တွင် လိုက်လံရှာဖွေကြပြီး ယနေ့ (ဇန်နဝါရီ ၇) ညနေအထိ ပစ်ခတ်သံများ မကြားရသေးကြောင်း ၎င်းတို့က ဆိုသည်။ “စစ်ကြောင်းတွေ ခွဲပြီးတော့ ရှာနေကြတယ်။ လမ်းပြအဖြစ် ရွာက […]

ပုလောတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

diz_admin

January 7, 2022

ပုလောမြို့နယ်၊ ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် (Palaw-PDF) တို့ ယနေ့ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၆ ရက်မှ စတင်ကာ ပဝတ်ကုန်း၊ ပုလောကုန်း၊ ဇရပ်ဆိပ်၊ ကျောင်းနိမ့်ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်း သုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယနေ့ (ဇန်နဝါရီ ၇) ညနေပိုင်းတွင် ကျောင်းနိမ့်ရွာမှတစ်ဆင့် KNU တပ်မဟာ ၄ တပ်ရင်း (၇) တပ်ခွဲ (၂) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ဆားခဲကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် Palaw-PDF တို့ ညနေ ၃ နာရီ ၃၅ မိနစ်မှ စတင်ကာ မိနစ် ၂၀ ခန့်ကြာ […]

စင်ကာပူကုမ္ပဏီ ဒီဇိုင်းထုတ်သည့် ထားဝယ်အဝေးပြေးဝင်းအသစ် လာမည့်နှစ် အပြီးဆောက်မည်

diz_admin

January 7, 2022

ထားဝယ်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းအသစ်အား ၂၀၂၃ ခုနှစ် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်လုပ်ကိုင်ခွင့်ရထားသည့် ခန့်ရွှေပြည်ကုမ္ပဏီထံမှ သိရသည်။ မြို့အဝင်ဆိုင်းဘုတ် Welcome to Dawei အနီး သဗြေချောင်းရွာရှိ မြေအကျယ်အဝန်း ၅၆ ဧကပေါ်တွင် phase (အဆင့်) နှစ်ခုခွဲကာ တည်ဆောက်မည်ဖြစ်ကြောင်း အထက်ပါကုမ္ပဏီ၏ စီမံကိန်းအချက်အလက် အရ သိရသည်။ ယင်းလယ်ကွက်အား ၂၀၁၆ ခုနှစ်ကတည်းက ဝယ်ယူပြီး အခြားနည်းအသုံးပြုခွင့် လျှောက်ထားခဲ့ကြောင်း ခန့်ရွှေပြည်ကုမ္ပဏီ ဥက္ကဋ္ဌက ပြောသည်။ အဆိုပါမြေ ၅၆ ဧကအနက် ဧက ၂၀ ပေါ်တွင် အဝေးပြေးယာဉ် ရပ်နားစခန်းတည်ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် မြေပြင်ရှင်းလင်းနေကြောင်း ၎င်းက ဆိုသည်။ အဆိုပါ မြေဧက ၂၀ ပေါ်တွင် ခရီးသည်ကားဝင်း၊ ထွက်ခွာဆောင်၊ ကုန်ကားဝင်း၊ ကုန်စိမ်းလက်ကားဈေး၊ ဆီဆိုင်တစ်ဆိုင် […]