ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရော်ဘာ‌အစေးရည် ဈေးပြန်တက်

diz_admin

January 14, 2022

Dawei Watch၊ ထားဝယ်၊ ဇန်နဝါရီ ၁၄ ဒေါ်လာငွေလဲနှုန်း မြင့်တက်နေသည့်အတွက် ထားဝယ်ဒေသ၏ ရော်ဘာအစေးရည်ဈေးလည်း မြင့်တက် နေကြောင်း ရော်ဘာအစေးရည် ဝယ်ယူနေသည့် ကုမ္ပဏီအချို့ထံမှ သိရသည်။ ၂၀၂၁ နှစ်ကုန်က ရော်ဘာအစေးရည် (Dry Rubber Content) တစ်ပေါင်လျှင် ငွေကျပ် ၉၀၀ ဝန်းကျင် သာရှိရာမှ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ကာ ကျပ် တစ်ထောင်ကျော်အထိ ဈေးတက်လာ သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တစ်ပေါင်လျှင် ၁၀၂၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံရှိသကဲ့သို့ ၁၀၅၀ ကျပ်ဖြင့် ဝယ်နေသည့် စက်ရုံလည်းရှိကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်မြို့နယ်ရှိ ရော်ဘာအစေးဝယ်နေသည့် ထားဝယ်နဂါးကုမ္ပဏီနှင့် ထားဝယ်ရွှေပြည် အဆင့်မြင့် မှိုင်းခံစက်ရုံ တာဝန်ရှိသူများကလည်း ဒေါ်လာငွေလဲနှုန်းမြင့်နေခြင်းကြောင့် […]

ပုလော ဂျင်းနီရွာက စစ်ဘေးရှောင်တစ်ရာကျော် အစားအသောက် အကူညီလို

diz_admin

January 14, 2022

ပုလောမြို့နယ် ဂျင်းနီရွာက တိမ်းရှောင်လာသည့် စစ်ဘေးရှောင် တစ်ရာကျော်အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများနှင့် အကူအညီပေးသူများထံမှ သိရသည်။ အဆိုပါ စစ်ဘေးရှောင်ရွာသား တစ်ရာကျော်သည် လက်ရှိအချိန်တွင် နန်းတောင်ရွာ ဘုန်းတော်ကြီးကျောင်း အတွင်း ယာယီနေထိုင်နေကြပြီး အခြေခံစားသုံးကုန်များ လိုအပ်နေကြကြောင်း ၎င်းတို့က ပြောသည်။ ဂျင်းနီရွာအနီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားပြီး တိုက်ပွဲများလည်း ယင်းရွာအနီး တစ်ဝိုက် မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ဇန်နဝါရီလ ပထမအပတ်တွင် ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ဒေသခံများက ပြောသည်။ “ဉယျာဉ်ခြံအလုပ်တွေ အကုန်လုံး ဒီအတိုင်းထားပစ်ပြီး ထွက်ပြေးလာကြတာ” ဟု အဆိုပါစစ်ဘေးရှောင် များကို ကူညီနေသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင် ဒေသခံရွာသားများအား လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းတို့ ကြောင့်လည်း ကြောက်လှန့်ကာ ထွက်ပြေးလာကြကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် […]

ကံပေါက်ဒေသခံများ ရွာထဲ ဝင်ထွက်ခွင့်မရဘဲ သုံးနာရီကျော် ပိတ်မိ

diz_admin

January 13, 2022

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံများ ရွာထဲဝင်ထွက်ခွင့် မရဘဲ သုံးနာရီကျော်ကြာ ပိတ်မိသွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၁၃) မွန်းလွဲ သုံးနာရီခန့်တွင် မောရဝတီရေတပ်စခန်း တည်ရှိရာဘက်သို့ ရဟတ်ယာဉ်နှစ်စီး ဖြတ်ပျံသွားချိန်ကစပြီး ကံပေါက်ဒေသအတွင်းလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ထားဝယ်မြို့သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ရောက်လာရှိနေသည်။ ထို့ကြောင့် မြို့ထဲတွင်လည်း စစ်ဆေးတင်းကြပ်ခဲ့သည်။ ကံပေါက်ဒေသသို့ အဓိကဝင်ပေါက်ဖြစ်သည့် သစ်တောရုံးလမ်းဆုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ကာ ဝင်ထွက်ခွင့် ပိတ်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ညနေ ၆ နာရီတွင် မောရဝတီရေတပ်စခန်းဘက်မှ ရဟတ်ယာဉ်တစ်စီးထွက်ခွာသွားပြီးနောက် ပိတ်ဆို့ထားသည့်လမ်းကိုလည်း ပြန်ဖွင့်ပေးကြောင်း ပိတ်ထားသည့်နေရာသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ “ရွာထဲဝင်မရဘဲ သုံးနာရီလောက် ပိတ်မိသွားတာပေါ့။ ဘာဖြစ်လို့ […]

မွန်အမျိုးသားနေ့ စိန်ရတု အခမ်းအနားကို မော်လမြိုင်တွင် ကျင်းပမည်

diz_admin

January 13, 2022

တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်နေ့)တွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်တွင် ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။ မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျ ကျင်းပလေ့ရှိသော်လည်း ကိုဗစ်ကပ်ရောဂါကြောင့်နှင့် လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ကျရောက်သည့် စိန်ရတု အခမ်းအနားကို မော်လမြိုင်တွင်သာ ကျင်းပသွားရန် ကျင်းပရေးကော်မတီက ဆုံးဖြတ်ထားသည်။ ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်လျာထားခဲ့သော်လည်း ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် အခမ်းအနားကို ချင့်ချိန်ပြီး ကျင်းပရန်သာ အခမ်းအနားကျင်းပရေးကော်မတီတို့က ဆုံးဖြတ်ထားသည်။ ၎င်းပြင် အခမ်းအနားကို ကနဦးက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ယခုအခါ ရာမညရဌဗုဒ္ဓတက္ကသိုလ်သို့ […]

လောင်းလုံးရှိ ကြက်ဝိုင်းဒိုင် သေနတ်ပစ်ခံရ

diz_admin

January 13, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောကျေးရွာသားဖြစ်သူ အသက် ၅၀ ဝန်းကျင် ရှိ ဦးသန်းထိုက်ဆိုသူ ယနေ့ ဇန်နဝါရီလ ၁၃ ရက်တွင် သေနတ် အပစ်ခံရသဖြင့်ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ တောကျဲကျေးရွာ နတ်ပွဲတွင်ပြုလုပ်သည့် ကြက်ဝိုင်းတွင် ဒိုင်အဖြစ် လုပ်ဆောင်ပေးနေစဉ် နေ့လယ် တစ်နာရီခန့်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းကြက်ဝိုင်းသို့ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ တောကျဲကျေးရွာအုပ်စုနှင့် သကျက်တောကျေးရွာအုပ်စုမှာ ရွာချင်းကပ်ဖြစ်ပြီး လောင်းလုံး ရှင်မော်သွားလမ်းပေါ်တွင် ရှိသည်။ “ဒဏ်ရာကတော့ ခေါင်းမှာထိသွားတယ်။ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို အရေးပေါ်ကားနဲ့ ခေါ်သွားတုန်းက သတိရနေတယ်။ လူမှန်းသိနေသေးတယ်” ဟု ၎င်းက ပြောကြားသည်။ အချို့ဒေသခံတို့က သေနတ်ပစ်ခံရသည့် ဦးသန်းထိုက်မှာ သကျက်တောကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ပြောဆိုကြပြီး ဒေသခံအချို့ကမူ အုပ်ချုပ်ရေးအဖွဲ့ဝင်မဟုတ်ဘဲ […]

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်သည့်နေ့ ထားဝယ်တွင် ဆန္ဒပြ

diz_admin

January 13, 2022

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထားဝယ်မြို့သို့ နေ့ချင်းပြန် ခရီးရောက်ရှိနေသည့် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂနဲ့ လူငယ်အချို့က ဆန္ဒပြခဲ့ကြသည်။ ဒီမိုကရေစီအရေးနှင့် အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီလ ၁၃ ရက် နံနက် ၉ နာရီကျော်၌ ထားဝယ်မြို့သို့ ရောက်ရှိနေပြီး မန်းငြိမ်းမောင်အပါအဝင် ကောင်စီဝင်ဝန်ကြီး အချို့လည်း လိုက်ပါလာကြောင်း သိရသည်။ လက်ရှိ နံနက် ၁၁ နာရီဝန်းကျင်တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ စစ်ကောင်စီ ခန့်တိုင်းအစိုးရအဖွဲ့၊ တိုင်းအဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံနေကြောင်း ဌာနဝန်ထမ်းအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းသို့ မည်သည့်ကိစ္စဖြင့် လာရောက်သည်ကိုမူ အတိအကျမသိရပေ။

ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဖုန်းဆင်းကတ်များ ဈေးမတက်သေး

diz_admin

January 12, 2022

အင်တာနက် အသုံးပြုမှုအတွက် စစ်ကောင်စီက အခွန်တိုးကောက်နေပြီဖြစ်သော်လည်း ထားဝယ်တွင် မှတ်ပုံတင်ပြီးသား ဆင်းကတ်များ ဈေး မတက်သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဖုန်းဆင်းကတ် တစ်ခုလျှင် ကျပ်နှစ်သောင်း ကောက်ခံမည်ဖြစ်ပြီး အင်တာနက် အသုံးပြုခကို ၁၅ ရာခိုင်နှုန်း အခွန်ကောက်မည့် သုံးလခံ ဥပဒေတစ်ရပ်ကို စစ်ကောင်စီဥက္ကဋ္ဌက ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြဋ္ဌာန်းထားသည်။ အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့သော်လည်း ထားဝယ်ဈေးကွက်တွင် ဖုန်းဆင်းကတ် တစ်ကတ်ကို ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ဖြင့် ယခင် ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်ကြောင်း ထားဝယ်မြို့အတွင်းက ဖုန်းဆိုင်ပိုင်ရှင် အချို့က ပြောသည်။ သို့သော် မှတ်ပုံ မတင်ရသေးသည့် ဖုန်းဆင်းကဒ်များဆိုလျှင် ဆော့ဝဲလ်ထဲဝင်ကာ မှတ်ပုံတင် မရဖြစ်နေသဖြင့် ဆင်းကဒ် လက်ဆောင်ပေး၍ မရဘဲဖြစ်နေကြောင်း ထားဝယ်မြို့၊ […]

ပေါင်တွင် ကျောင်းဆရာမနှင့် ကျောင်သားများအပါအဝင် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

diz_admin

January 12, 2022

မွန်ပြည်နယ် ပေါင်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၁၀ ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ကျားဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြ ဆရာမတစ်ဦး နေမကောင်းသဖြင့် ကိုဗစ် ရောဂါပိုး ရှိ မရှိ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ဆေးခဲ့ရာ ရောဂါပိုး စတင်တွေ့ရှိ ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ကျောင်းဆရာမနှင့် ထိတွေ့ဆက်စပ်သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် စစ်ဆေးခဲ့ရာ နဝမတန်းကျောင်းသူ တစ်ဦးနှင့် ကျောင်းသား နှစ်ဦးတို့တွင် ရောဂါပိုးထပ်မံတွေ့ရှိ ကြောင်း မြို့နယ် ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ၎င်းပြင် ပိုးတွေ့ဆရာမနှင့် ထိတွေ့ခဲ့သည့် […]