ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

diz_admin

January 15, 2022

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၅) ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ရေဖြူဘက်မှ ထားဝယ်ဘက်သို့လာသည့် အဆိုပါကား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သွားကြည့်တာမှာတော့ မှန်တွေ ကွဲနေတာ အများကြီးပဲ။ လူ သေ မသေတော့ မသိဘူး။ အသံတော့ တော်တော်ကျယ်တယ်” ဟု ၎င်းက ဆိုသည်။ ကားမိုင်းဆွဲခံရပြီးနောက် သေနတ်များ ပစ်ခတ်သံ ဆက်တိုက်ကြားရကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

မြိတ်တွင် ၁၅၀၀ ကျပ်တန် ဖုန်းဆင်းကတ် ကျပ်နှစ်သောင်းခွဲအထိ ရောင်းချ

diz_admin

January 15, 2022

မြိတ်မြို့ရှိ ဖုန်းအရောင်းဆိုင်အချို့တွင် ၁၅၀၀ ကျပ်တန် ဖုန်း SIM Card တစ်ကတ်လျှင် ကျပ်နှစ်သောင်းခွဲ အထိ ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးကွက်အတွင်းထံမှ စုံစမ်းသိရသည်။ ဈေးနှုန်းတို့မှာ တစ်ဆိုင်နှင့် တစ်ဆိုင် တူညီမှုမရှိကြဘဲ ၅၀၀၀ ကျပ်၊ ၇၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်နှင့် ၂၅၀၀၀ ကျပ် စသဖြင့် ဈေးနှုန်းတို့ဖြင့် ရောင်းချနေကြခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ဘယ်ဆင်းကတ်ပဲယူယူ နှစ်သောင်းခွဲပေးရတယ်” ဟု အော်ရီဒူးဆင်းကတ်တစ်ကတ် ဝယ်ယူခဲ့သူ ရာပြည့်ရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ဖုန်းအရောင်းဆိုင်တို့တွင် လက်ရှိရောင်းချပေးနေသည့် ဆင်းကတ်အများစုမှာ လက်ကျန် ဆင်းကတ်များဖြစ်ကြပြီး အသစ်ရောက်လာပါက ဈေးနှုန်းထပ်မြင့်မည်ဖြစ်ကြောင်း မြိတ်တောင်နယ်မြေရှိ ဖုန်းအရောင်းဆိုင်တစ်ဆိုင်က ပြောပြသည်။ ဆင်းကတ်တစ်ကတ်လျှင် အခွန်နှစ်သောင်းကျပ်နှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း […]

မိုင်တဲတာဝါတိုင် မိုင်းခွဲခံရမှုတွင် အဖမ်းခံရသူငါးဦးအနက် တစ်ဦးကို အလောင်းပြန်ပို့

diz_admin

January 15, 2022

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာတွင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရမှုနှင့်ပက်သက်ပြီး အဖမ်းခံရသူငါးဦးအနက် တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (ဇန်နဝါရီ ၁၅) နံနက် ၁၁ နာရီခွဲတွင် မိသားစုထံ လာပို့ကြောင်း ဒေသခံ အချို့ထံက သိရသည်။ ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်က မိုင်းခွဲခံရပြီး နေ့လယ်ပိုင်းတွင် ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာ ရာအိမ်မှူး ဦးဉာဏ်ရှိန်အပါအဝင် ဦးခင်မောင်လွင်၊ ဦးမောင်လေး၊ ဦးရည်ကြို၊ ရှင်မုတ္ထီးရွာမှ ဦးကျော်ငွေတို့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စော်ဝရွာသားတစ်ဦးက ပြောသည်။ ရှင်မုတ္ထီးကျေးရွာနှင့် စော်ဝကျေးရွာတို့မှာ ရွာချင်းကပ် ဖြစ်သည်။ ယင်းနောက် အဖမ်းခံရပြီး ၅ ရက်အကြာတွင် ဦးခင်မောင်လွင်၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က မိသားစုထံ လာပို့ခြင်းဖြစ်ကြာင်း စော်ဝရွာသားတစ်ဦးက ဆိုသည်။ ဦးခင်မောင်လွင်မှာ […]

မြိတ်တွင် နှာခေါင်းစည်းမတပ်လျှင် ဒဏ်ငွေရိုက်ပြန်

diz_admin

January 15, 2022

နှာခေါင်းစည်းတပ်လျှင် အရေးယူခံရဖူးသည့် မြိတ်မြို့တွင် ယခု နှာခေါင်းစည်း မတပ်လျှင် ငွေဒဏ် ရိုက်နေပြန်ပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ မြိတ်မြို့ပေါ်ရှိ လူစည်ကားရာ လမ်းများပေါ်တွင် နှာခေါင်းစည်း မတပ်ဘဲ သွားလာသူများကို ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်ပြီး ဒဏ်‌‌ငွေရိုက်နေခြင်းဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ နှာခေါင်းစည်း မတပ်သူတစ်ဦးလျှင် ဒဏ်‌ငွေ ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ် စသဖြင့် ပေးဆောင်နေရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။ လတ်တလောတွင် နှာခေါင်းစည်း မတပ်သူတို့အား အရေးယူခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကိုဗစ် ကာကွယ်ဆေး ထိုးပြီးကြောင့် လက်မှတ် မပါသူများကိုပါ သောင်းဂဏန်းအထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအသိုင်းအဝိုင်းအဝိုင်းထံမှ သိရသည်။ ယင်းသို့ အရေးယူမည့် အကြောင်းကို ဇန်နဝါရီလ ၁၂ ရက်နေ့က မော်တော်ယာဉ်ဖြင့် […]

‘အာဏာရှင်ကိုပုန်ကုန် ကရင်နီပြည်လိုတော်လှန်’ ကြွေးကြော်သံဖြင့် လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များ ဆန္ဒထုတ်ဖော်

diz_admin

January 15, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူများနှင့် လူငယ်များက ‘အာဏာရှင်ကိုပုန်ကန် ကရင်နီပြည်လိုတော်လှန်’ ကြွေးကြော်သံဖြင့် ဇန်နဝါရီလ ၁၅ရက်၊ အာရုဏ်ဦးအချိန်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးအား ရနောင်းတွင်ဖမ်းမိ

diz_admin

January 14, 2022

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညဘက်တွင်ရနောင်း၌ ဖမ်းမိကြောင်း ထိုင်းဘုရင့်ရေတပ်က သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရနောင်းခရိုင် ကရာဘူရီမြစ်ဝပင်လယ်ပြင်တွင် ကင်းလှည့်‌ရေယာဉ်၏ စောင့်ကြည့်ရေး ရေဒါ၌ ကော့သောင်းဘက်မှ ရနောင်းဘက်သို့ မောင်းနင်လာသည့် စက်လှေတစ်စီးအား တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စက်လှေအား ရပ်တန့်စစ်ဆေးခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေး(ကျား) တစ်ဦးအပါအဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၇ ဦးတို့အား ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာမကြာဖြစ်ပေါ်နေရသည်။ ယင်းကဲ့သို့ တရားမဝင် သွားရောက်ရာတွင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တလျှောက်ရှိ […]

လောင်းကစားဝိုင်းများသို့ မသွားကြရန် PDF အဖွဲ့သတိပေး

diz_admin

January 14, 2022

ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများကို မသွားကြရန် PDF အဖွဲ့နှစ်ခုဖြစ်သည့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) တို့က သတိပေး ထုတ်ပြန်လိုက်သည်။ လောင်းကစားဝိုင်းများကနေပြီး စစ်ကောင်စီအတွက် ဘဏ္ဍာငွေ‌ရှာဖွေနေခြင်းကြောင့် ပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများကို မသွားကြရန် LPDF အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၄) ထုတ်ပြန် သည်။ ၎င်းတို့အဖွဲ့နေဖြင့် လောင်းကစားဝိုင်း‌လေးနေရာကို အပြစ်ပေးပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ‌ဇန်နဝါရီလ ၁၁ ရက်က လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူ ကြက်ဝိုင်း လုပ်နေစဉ် သေနတ်ပစ်ခတ်ခံခဲ့ရသည်။ ဇန်နဝါရီ ၁၃ ရက်ကလည်း လောင်းလုံးမြို့နယ် သကျက်တော ရွာသားတစ်ဦးမှာလည်း ကြက်ဝိုင်းတွင်ပင် ဒိုင်လုပ်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ကျောက်ဆင်းကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူကို LPDF အဖွဲ့က ပစ်ခတ်ခဲ့ပြီး သကျက်တောရွာသားကိုမူ ပစ်ခတ်မှုအား ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ပစ်ခတ်ခဲ့ခြင်း […]

ထိုင်းရောက် မြန်မာလုပ်သားများကို CI လက်မှတ် သက်တမ်းစတိုးပေး

diz_admin

January 14, 2022

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သက်သေခံလက်မှတ် Certificate of Identity အား ဇန်နဝါရီလ ၁၀ ရက်နေ့မှစတင်ကာ သက်တမ်း တိုးပေးနေကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ခုနှစ်က သက်တမ်းလေးနှစ်ရှိ CI လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် အဆိုပါ CI လက်မှတ်များမှာ သက်တမ်းကုန်ဆုံးခါနီးပြီဖြစ်သည့်အတွက် ထိုင်းနိုင်ငံရှိ ခရိုင် ငါးခုတွင် ရုံးဖွင့်လှစ်ပြီး သက်တမ်းတိုးပေးနေခြင်းဖြစ်ကြောင်း သံအရာရှိရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ချွန်ဘူရီ၊ ရနောင်းခရိုင်များတွင် ဖွင့်လှစ်ထားပြီး ယခုနှစ် ဇူလိုင်လအထိ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။ CI လက်မှတ် သက်တမ်းတိုးရာတွင် စာအုပ်ဖိုး […]