ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူရွာနှင့် သာရဘွင်ကျေးရွာတို့တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

အိမ်ထဲတွင် အိပ်နေသည့် အမျိုးသမီး သေနတ်ပစ်ခံရ

diz_admin

December 10, 2021

ရေဖြူမြို့နယ် တောင်ပရကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်သဖြင့် နေအိမ်ထဲတွင် အိပ်နေသည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထားဝယ်ခရိုင် ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု တောင်ပရကျေးရွာသို့ ဒီဇင်ဘာလ ၉ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး သေနတ်ပစ်ခတ်သဖြင့် အသက် ၆၀ ကျော်အရွယ် ဒေါ်ကျင်ထွေးတွင် တင်ပါးကျည်ထိမှန်ကြောင်း ၎င်းက ဆိုသည်။ “သူက တံခါးပေါက်နားမှာ အိပ်တော့ ကျည်ဆံက တံခါးကို ဖောက်ဝင်ပြီး သွားထိတာဖြစ်မယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။ ဒေါ်ကျင်ထွေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညတွင်းချင်း စစ်တပ်ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု မိသားစုအချို့ထံမှ သိရကြောင်း ၎င်းက ပြောဆိုသည်။ သေနတ်ဒဏ်ရာမှာ ရှပ်ထိခြင်းဖြစ်သောကြောင့် အသက်အန္တာရာယ် မစိုးရိမ်ရကြောင်းလည်း […]

ကံပေါက် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

ကံပေါက်ဒေသရှိ လမ်းမများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၉ နာရီကျော်တွင် တွေ့ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

အသံတိတ်နေသည့် မြိတ်

diz_admin

December 10, 2021

မြိတ်မြို့၏ အဓိက လူသွားလူလာများသည့် လမ်းမကြီးများတွင် လူသွားလူလာမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေသည်ကို ယနေ့ (ဒီဇင်ဘာ ၁၀) နံနက် ၁၀ နာရီကျော်တွင် တွေ့မြင်ရသည့် မြင်ကွင်းများဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် မြန်မာပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) ဖြင့် ဆန့်ကျင်နေကြသည်။

ကံပေါက်ဒေသ လူ့အခွင့်အရေးနေ့ ငြိမ်သက်ခြင်း သပိတ်

diz_admin

December 10, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး Black Campaign လှုပ်ရှားမှုပြုလုပ်ကြပါတယ်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။

ထားဝယ် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်

diz_admin

December 10, 2021

ထားဝယ်မြို့ လမ်းမများပေါ်တွင် အသွားအလာတိတ်ဆိတ် ခြောက်ကပ်နေသည်ကို ယနေ့ နံနက် ၉ နာရီခွဲ ဝန်းကျင်တွင် တွေ့ရသည့်မြင်ကွင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းထားသည့် စစ်ကောင်စီကို ယနေ့ (ဒီဇင်ဘာ ၁၀) ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ပြည်သူများက တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silence Strike) လုပ်ကာ ဆန့်ကျင်နေကြသည်။