ထားဝယ်တွင် တစ်နေ့တည်း လုပ်ကြံမှု နှစ်ခုဖြစ်ပွား
diz_admin
July 5, 2021ထားဝယ်ခရိုင်တွင် ဇူလိုင်လ ၄ ရက်ညက အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦးအား လုပ်ကြံမှု နှစ်ခု သီးခြားစီဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း သက်ဆိုင်ရာ ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု ပြင်ကြီးကျေးရွာနေ ခန့်မှန်း အသက် ၄၀ အရွယ် ဦးစောလှတို့ ဇနီးမောင်နှံသည် ဇူလိုင်လ ၄ ရက်က ညနေပိုင်း လုပ်ကြံခံရကြောင်း ပြင်ကြီးကျေးရွာသားအချိူ့ထံမှ သိရသည်။ ယင်းနေ့ ညနေပိုင်းတွင် ငါးရောင်းရာမှ အိမ်ပြန်လာသည့်အချိန် ကရင်ကြီးကျေးရွာမှ ပညစ်ကျေးရွာသို့သွားသည့် လမ်းတစ်နေရာတွင် ဦးစောလှမှ ဓားဒဏ်ရာများဖြင့် လဲကျနေကြောင်း ၎င်းတို့က ပြောသည်။ “ပညစ်ကိုဆင်းတဲ့လမ်းမှာ ဆိုင်ကယ်ဘေးမှာလဲပြီးသေနေတယ်။ ဓားဒဏ်ရာတွေအများကြီးနဲ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် စစ်တပ်ကားများရောက်လာပြီး ဓားဒဏ်ရာဖြင့်လဲကျနေသူအား သယ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။ ယနေ့ ဇူလိုင်လ ၅ […]


