တနင်္သာရီတွင် ခဲမိုင်းတွင်း မြေဇာပုံပြိုကျပြီး လုပ်သားငါးဦးသေဆုံး
diz_admin
April 1, 2022တနင်္သာရီမြို့နယ်၊ သဘောလိပ်ကျေးရွာရှိ ခဲမိုင်းတွင်း မြေဇာပုံ ယနေ့ (ဧပြီ ၁) ပြိုကျပြီး အလုပ်သမားငါးဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၃ နာရီခန့်က ရုတ်တရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခဲမိုင်းလုပ်ကွက်အတွင်း တောင်ခြေရှိ မြေဇာပုံပြိုကျခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးက အရမ်းသည်းတော့ မြေဇာပုံပြိုကျပြီး ငါးဦးသေသွားတယ်။ ဘူဒိုဇာရှိတဲ့နေရာနဲ့ ဝေးတော့ ကယ်ချိန် မမီလိုက်ဘူး” ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူ အမျိုးသားငါးဦးစလုံးသည် ပဲခူးတိုင်း ရွှေကျင်မြို့နယ်မှ လာရောက် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ သေဆုံးသူများမှာ အသက် ၄၀ နှင့် ၂၅ နှစ်ကြား ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။ တနင်္သာရီမြို့နယ်တွင် ကြိမ်ချောင်းခဲမိုင်းတွင်းနှင့် သဘောလိပ်ခဲမိုင်းတွင်း […]


