ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းကို လာမည့် ခရီးသည်များ ရေးမြို့တွင် သောင်တင်နေ

diz_admin

May 13, 2022

တနင်္သာရီတိုင်းကိုလာမည့် ခရီးသည်များ မွန်ပြည်နယ်ရေးမြို့တွင် သောင်တင်နေသည်မှာ ၇ ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း ကားသမားအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေ သဖြင့် ခရီးမဆက်ရဲကြဘဲ သောင်တင်နေခြင်းဖြစ်ကြောင်း ကားသမားအချို့က ပြောဆိုသည်။ “ဂိတ်တွေက မဖွင့်ပေးလို့ မသွားရတာ မဟုတ်ဘူး။ အခုက ထီးခီးလမ်းဘက်ကိုသွားရမှာ ကြောက်လို့ ရေးမှာပဲ သောင်တင်နေကြတာ။ (သောင်တင်နေတဲ့) ခရီးသည်တွေကတော့ တော်တော်များတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်း ထားဝယ်နှင့် အခြာမြို့များသို့သွားမည့် ခရီးသည်များမှာ ပုံမှန်အတိုင်း သွားလာနေကြ သော်လည်း ထားဝယ် – ထီးခီးလမ်းဖြတ်ပြီးသွားမည့် ခရီးသည်များမှာ မသွားရဲဘဲဖြစ်နေကြောင်း ကားသမားအချို့က ပြောဆိုသည်။ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ သဗျာ၊ ပကာရီ၊ ကျောက်မဲတောင်၊ တောင်သုံးလုံး စသည့်နေရာများတွင် ဧပြီလ နောက်ဆုံးအပတ်ကစပြီး […]

မွန်လွှတ်တော်ဥက္ကဋ္ဌဟောင်း၏သား ဖမ်းဆီးခံရ

diz_admin

May 13, 2022

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်တင်အိ၏ သားဖြစ်သူ ကိုသဲဟိန်း ဖမ်းဆီးခံရကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ ကိုသဲဟိန်းသည် ရှေ့နေဖြစ်ပြီး သံဖြူဇရပ်မြို့ရှိ နေအိမ်၌ ရှိနေစဉ် မေလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုသဲဟိန်းကို လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောဆိုခဲ့သည်ဟု ကိုသဲဟိန်းမိသားစုနှင့် နီးစပ်သူ အချို့က ပြောသည်။ “PDF ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတယ်။ လက်ရှိမှာ စစ်ကြောရေး ရောက်နေတယ်လို့ သိရတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ကိုသဲဟိန်းကို သံဖြူဇရပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း နီးစပ်သူအချို့က ဆိုသည်။ […]

ကျွန်းစုတွင် ပျားရည်ဆွမ်းလောင်းလှူပွဲ ကျင်းပမည်

diz_admin

May 13, 2022

ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာ အောင်တော်မူ သာသနာ့ရိပ်သာကျောင်းတွင် ပျားရည်ဆွမ်းလောင်းလှူပွဲအား မေလ ၁၄ ရက်နေ့တွင် အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက် ဆရာတော် ဦးအိန္ဒောဘာသက မိန့်ကြားသည်။ ပျားရည်ဆွမ်းလောင်းလှူပွဲအား နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ကျင်းပလေ့ရှိပြီး ယခုနှစ်မှာ ၆၃ ကြိမ်မြောက် ရှိပြီဖြစ်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကမူ ကိုဗစ်ကပ်ဘေးကြောင့် လူစုလူဝေး မလုပ်ရသဖြင့် ဆွမ်းလောင်းပွဲ တစ်နှစ်ရပ်နားခဲ့ရသည်။ ပျားရည်ဆွမ်းလောင်းလှူပွဲတွင် အောင်တော်မူ သာသနာ့ရိပ်သာကျောင်းနှင့် ရပ်ဝေး၊ ရပ်နီးတို့မှ ပင့်ဖိတ် ထားသည့် သံဃာတော်များနှင့် သီလရှင်တို့အား လောင်းလှူကြမည်ဖြစ်ကြောင်း ဆရာတော်က မိန့်သည်။ “ကိုဗစ်တုန်းက တစ်ခါပဲနားတာ။ နောက်နှစ်မှာ ပြန်လုပ်တယ်။ ဒီ‌နှစ်ရော လုပ်ဖြစ်တယ်” ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။ […]

ကော့သောင်းမြို့နယ်တွင် ညမထွက်ရအချိန်လျော့ချသတ်မှတ်

diz_admin

May 13, 2022

ကော့သောင်းမြို့နယ်အတွင်း မေလ ၁၂ ရက်မှစပြီး ညမထွက်ရအချိန်ကို လျော့ချသတ်မှတ်လိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။ ယခင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရဟု အမိန့်ထုတ်ထားခဲ့ရာ ယခု ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရဟု ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထားဝယ်နှင့် မြိတ်ခရိုင်အတွင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ စစ်ရေးတင်မာနေချိန် ကော့သောင်းမြို့နယ်တွင် ယင်းကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ကော့သောင်းမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တနင်္သာရီတိုင်း ကျန်ဒေသများတွင် ဧပြီလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ကျော်ဖြစ်ပွားခဲ့သည်။ ယင်းအမိန့်သည် မေလ ၁၂ ရက်မစပြီး နှစ်လအထိ အကျုံးဝင်ပြီး လိုအပ်လျှင် နှစ်လပြည့်ပါက နောက်ထပ်အမိန့်တစ်ခု ထပ်ထုတ်ပြန်နိုင်ကြောင်း ကော့သောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက […]

ပုလောတွင် စစ်ယာဉ်တန်းနှစ်ခု မိုင်းဆွဲခံရဟုဆို

diz_admin

May 13, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ယာဉ်တန်းနှစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု PPDF (ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က သတင်းထုတ်ပြန်သည်။ မိုင်းဆွဲမှုနှင့်ပတ်သက်ပြီး ပုလောပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက လုပ်ဆောင်ခဲ့ကြောင်း PPDF ယနေ့မနက် ၁၀ နာရီခွဲတွင်ထုတ်ပြန်သည်။ မြိတ်မြို့မှ တက်လာသည့် စစ်ကား ၇ စီးကို မေ ၁၃ ည ၁၂ နာရီခွဲတွင် မိုင်းတစ်ကြိမ်ဆွဲခဲ့ကြောင်း၊ ယနေ့နံနက် ၄ နာရီခွဲတွင်လည်း ထားဝယ်မြို့မှ ဆင်းလာသည့် ကား ၁၆ စီးပါစစ်ယာဉ်တန်းကို မိုင်းဆွဲခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မေလ ၁၃ ရက် ၁ နာရီဝန်းကျင်ခန့်က မြိတ်မှတက်လာသည့် စစ်ယာဉ်တန်းသည် ပုလောမြို့နယ်၊မင်းထိန်ကျေးရွာနှင့် ကဒဲကျေးရွာကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မိုင်းဆွဲခံရကြောင်း ဒေသခံများလည်းပြောဆိုသည်။ “တစ်အုန်းအုန်းနဲ့ ပေါက်တာ   ငါးလုံးလောက်တော့ရှိမယ်”ဟု မင်းထိန်ကျေးရွာသား တစ်ဦးကပြောသည်။ ဗုံးပေါက်ကွဲသံများသည် ကဒဲရွာပြင်လမ်းတစ်လျှောက်မှစတင် ကြားရပြီး မင်းထိန်မီးသဂြိုလ်စက်အနီးတွင် အသံစဲသွားကာ လက်နက်ငယ်ပစ်ခတ်သံများကိုလည်း ဆယ်မိနစ်ခန့်ကြားရကြောင်း […]

NUG ၏ ပညာရေးအဖွဲ့ FOEIM မှ အထက်တန်းပြ ဆရာများခေါ်ယူ

diz_admin

May 13, 2022

လာမည့်ပညာသင်နှစ် ၂၀၂၂-၂၀၂၃ အတွက် အခြေခံပညာကျောင်းသားများကို သင်ကြားပေးရန် အထက်တန်းပြများ လျှောက်ထားနိုင်သည်ဟု မေလ ၁၂ ရက်တွင် FOEIM မှ ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ အခြေခံပညာ‌ရေးကို သပိတ်မှောက်ထားသော အထက်တန်းကျောင်းသားများအတွက် FOEIM မှ အစိုးရသင်ရိုးနှင့် GED သင်ရိုးကို ပေါင်းစပ်သင်ကြားသွားရန် ရည်ရွယ်ချက်ဖြင့် အထက်တန်းပြဆရာများကို ခေါ်ယူနေနေင်းဖြစ်သည်။ Free Online Educational Institution Myanmar-FOEIM သည် စဉ်ဆက်မပြတ် ကြားကာလပညာရေးကို Online မှတစ်ဆင့် အခမဲ့သင်ကြားနေပြီး ပညာရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်ရန် ကြိုးစားနေသော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။ “အရင်က volunteer(စေတနာ့ဝန်ထမ်း) ဆရာတွေကို အင်တာနက်ကြေး၊ ထောက်ပံ့ကြေး သ‌ဘောပေးတာ ရှိတယ်၊ အခု လစာပေးပြီးတော့ တရားဝင်စာချုပ်နဲ့ခေါ်တာ” ဟု FOEIM တွင် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသော ဆရာမတစ်ဦးကဆိုသည်။ ရွေးချယ်ခံရသော ဆရာ၊ဆရာမများကို အတွေ့အကြုံရှိ ဆရာ၊ဆရာမများက လေ့ကျင့်ပေးမည်ဖြစ်ပြီး […]

သထုံတွင် လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံ နှစ်ဦးသေဆုံး

diz_admin

May 12, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအနီးတွင် မေလ ၁၁ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဝီယော်ကျေးရွာရှိ စစ်ကောင်စီ ခမရ (၉) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရော်ဘာခြံအတွင်း ကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရော်ဘာခြံတွင် ရော်ဘာခြစ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၅၆ နှစ်အရွယ် ဦးချစ်ပိုနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်သဇင်လှိုင်တို့ ဇနီးမောင်နှံ၊ အလုပ်သမားတစ်ဦးတို့အား ထိမှန်ကြောင်း ဒေသခံများက ဆိုသည်။ ဒေါ်သဇင်လှိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားပြီး ဦးချစ်ပိုမှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အမျိုးသမီးကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ […]

အချိန်မဆိုင်းဘဲ NATO အဖွဲ့သို့ ဝင်မည်ဟု ဖင်လန် အစိုးရပြောဆို

diz_admin

May 12, 2022

ရုရှားက အိမ်နီးချင်းယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် အခြားရုရှားအိမ်နီးချင်းဖြစ်သော ဖင်လန်နိုင်ငံကလည်း NATO စစ်အုပ်စုသို့ အမြန်ဆုံးဝင်ရတော့မည်ဟု ပြောကြားလိုက်သည်။ NATO စစ်စာချုပ် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ဖင်လန်အစိုးရက ပါလီမန်၏ သဘောတူညီချက်ကို လာမည့် သီတင်းပတ်တွင် တောင်းခံရန် ရှိနေသည်။ ဖင်လန်နိုင်ငံသည် ရုရှားနှင့် နယ်နမိတ်ချင်း ၁၃၄၀ ကီလိုမီတာ ထိစပ်လျက်ရှိကာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် သတင်းများကြောင့် ဖင်လန်တွင် NATO သို့ ဝင်ရန်အတွက် လူထုထောက်ခံမှုများ မြင့်တက်လျက်ရှိသည်။ ဖင်လန် က မဟာမိတ်ထဲသို့ ဝင်ရန် စီစဉ်နေခြင်းအပေါ် နွေးထွေးစွာ ကြိုဆိုပါကြောင်း NATO  ၏ အထွေထွေ အတွင်းရေးမှူး ဂျန်စ်စတော်တန်ဘာ့ဂ် က ပြောကြားသည်။ ဖင်လန် ဝင်ရောက်လာမည်ဆိုပါက ဝင်ခွင့်လုပ်ငန်းစဉ်သည် ချောမောမြန်ဆန်စေရမည် ဟု အဆိုပါ စစ်အုပ်စု ခေါင်းဆောင်က ကတိပြုသည်။ ရုရှားအစိုးရ ပြောခွင့်ရ အရာရှိဖြစ်သူ ဒီမီထရီပက်စကော့ က […]