BREAKING
June 16, 2025

သတင်း

စိတ်ပညာ ဒုတိယနှစ်ကျောင်းသားထံမှ စိတ်ကြွဆေးမိ

diz_admin

February 6, 2020

စိတ်ပညာသင်ယူနေသည့် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားထံမှ စိတ်ကြွ ဆေး ၁၀ ပြား ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေး သတင်းအရ ဇန်နဝါရီလ ၂၉ ရက် နံနက် စောစောတွင် ရေဖြူဘက်မှ လောင်းလုံး ဘက်သို့ တက္ကသိုလ်ကျောင်းသား မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိန်သစ်ကျေးရွာနေ အသက် ၂၀ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသား၏ လက်အတွင်းကိုင်ထားသည့် WY စိတ်ကြွ ဆေး ၁၀ ပြားနှင့် ကျောင်းသားကတ် တစ်ခုကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ အထက်ပါအမျိုးသားကို မေးမြန်း ရာ အဆိုပါစိတ်ကြွဆေးများကို တောင်မင်းပြောင်ရွာနေ အမျိုးသားတစ်ဦးထံမှ တစ်ပြားလျှင် ကျပ်လေးထောင်ဖြင့် […]

ထားဝယ်တွင် ဆိုင်ကယ်ဦးထုပ် ဆောင်းသည့် အလေ့ပြောင်းလာ

diz_admin

February 6, 2020

ယခင်က (ဆောက်လုပ်ရေးလုပ်ငန်း သုံး ဦးထုပ်နှင့်ဆင်တူသည့်) အရည် အသွေးညံ့ ဆိုင်ကယ်ဦးထုပ် အဆောင်းများသည့် ထားဝယ်တွင် ဆိုင်ကယ် ဦးထုပ်ဆောင်းသည့် အလေ့ပြောင်းလာ ကြောင်း ဆိုင်ကယ်အပိုပစ္စည်းအရောင်း ဆိုင်နှင့် ဆိုင်ကယ်စီးသူအချို့ထံမှ သိရ သည်။ ပြီးခဲ့သည့်နှစ်မှ စတင်ကာ ကြံ့ခိုင် မှု၊ လုံခြုံမှုရှိသော ဆိုင်ကယ်ဦးထုပ်များကို ရွေးချယ်ဆောင်း လာကြကြောင်း ၎င်းတို့က ပြောသည်။ (ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ်နှင့်ဆင်တူသည့်) အရည်အသွေးညံ့ ဆိုင်ကယ်ဦးထုပ် ဆောင်းခွင့်မပြုဟု ပြောဆိုမှုများ ရှိလာသည့်အချိန်မှစ၍ ပိုမို ကြံ့ခိုင်မှုရှိသည့် ဆိုင်ကယ်ဦးထုပ် များကို ရွေးချယ်ဝယ်ယူလာကြသည်ဟု ထားဝယ်မြို့ မြောင်းပုလဲရပ်၊ ကမြောကင်း လမ်းရှိ ဆိုင်ကယ်အပိုပစ္စည်းဆိုင်မှ ကိုဇေယျာနိုင်က ပြောသည်။ “တော်တော်များများက လူငယ်တွေ အဆောင်းများတယ်”ဟု ကိုဇေယျာနိုင်က ဆိုသည်။ ဆိုင်ကယ်မတော်တဆဖြစ်လျှင် ဦးခေါင်းတစ်ခုလုံးလုံသည့် ဦးထုပ်က […]

တနင်္သာရီတိုင်းအတွင်း စီမံကိန်းများတွင် မသန်စွမ်းသူများကို ဦးတည်ဆောက်ရွက်ချက် အားနည်းဆဲ

diz_admin

February 6, 2020

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရ က ဆောင်ရွက်နေသည့် ဒေသန္တရစီမံကိန်း များတွင် မသန်စွမ်းများကို ဦးတည်ဆောင် ရွက်သည့် ကိစ္စများကို ထည့်သွင်းဆောင်ရွက်ချက် အားနည်နေဆဲဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ထောက်ပြသည်။ ထို့အပြင် မြေပြင်အခြေအနေတွင်လည်း မသန်စွမ်းများ အကျိုးစီးပွားနှင့် ပတ်သက်ပြီး အများပြည်သူချပြနိုင်သည့် ရလဒ်များဖော်ဆောင်နိုင်ခြင်း မရှိကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးတွင် မသန်စွမ်းများအတွက် ဘာသာရေးဆိုင်ရာ ကိစ္စများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အစိုးရ အနေဖြင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းရာတွင် ယင်း ကဲ့သို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တိုင်းအတွင်းရှိ […]

သွေးလွန်တုပ်ကွေးဖြစ်သူ ထားဝယ်တွင် ထိုးကျ၊ ပုလောတွင် မြင့်တက်

diz_admin

February 6, 2020

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းက ထားဝယ်မြို့နယ်တွင် ထိုးကျသွားပြီး ပုလောမြို့နယ်တွင် မြင့်တက်လာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နှင်းရေးအဖွဲ့ (ရ.ပ.က.န)ထံမှ သိရသည်။ အဆိုပါမြို့နယ်နှစ်ခုတွင် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်အတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသူ အရေအတွက်အရ သိရခြင်းဖြစ်သည်။ ထားဝယ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၂ ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၄၅ ဦးအထိ ကျဆင်းသွားခဲ့ သည်။ ပုလောမြို့နယ်တွင်မူ ၂၀၁၈ ခုနှစ် တွင် ၁၄၉ ဦးဖြစ်ပွားခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ၂၂၂ ဦးအထိ ဖြစ်ပွားခဲ့ကြောင်း အထက်ပါအဖွဲ့ စာရင်းများအရ သိရသည်။ ထားဝယ်တွင်၂၀၁၉ခုနှစ်နှစ်ဆန်းပိုင်းကဖြစ်ပွားခဲ့သည့်ဆင်တုပ်ကွေးနှိမ်နင်းရေးအတွက် […]

ကော့သောင်းရေလုပ်သားတို့ ဆန္ဒပြမည်

diz_admin

February 6, 2020

ကော့သောင်းရေပြင် ငါးဖမ်းလုပ်ကွက် များ နှစ်အကန့်အသတ်မဲ့ ပိတ်လိုက်ခြင်းကို ပြန်ဖွင့်ပေးစေရေး ကော့သောင်းအခြေ စိုက် ရေလုပ်သားများ စုဝေးဆန္ဒပြတော့မည် ဖြစ်သည်။ ကော့သောင်းခရိုင် ငါးဦးစီးရုံးရှေ့၌ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရေလုပ် သားများ စုဝေးဆန္ဒပြရန် ခွင့်ပြုချက်စာ တင်ထားပြီးဖြစ်ကြောင်း ကော့သောင်း ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်း လွင်က ပြောသည်။ ငါးဦးစီးရုံးရှေ့တွင် စုဝေးကာ “ကန့် သတ်ပိတ်ပင်ထားတဲ့ ငါးဖမ်းလုပ်ကွက်တွေ ပြန်ဖွင့်ပေးပါ”၊ “မတရားတဲ့ အမိန့် အာဏာဟူသမျှ တာဝန်အရ ဆန့်ကျင်ကြ” စသည့် ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်ကြမည်ဟု ဦးမင်းလွင်က ပြောသည်။ “ရေလုပ်သားတွေ ဒုက္ခရောက် နေတာကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သိအောင်လည်း ရည်ရွယ်ပါတယ်။ တစ်ခါတလေကျရင် တချို့ အမိန့် ညွှန်ကြားတွေက နိုင်ငံတော် […]

မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့် ခုတ်သတ်

diz_admin

February 6, 2020

ကော့သောင်းတွင် ဇန်နဝါရီလ ၂၉ ရက်ညပိုင်းက မီးသတ်တပ်ဖွဲ့ဝင်အချင်းချင်း ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ပြည်ကြီးမဏ္ဍိုင်မြို့၊ နယ်မြေ မီးသတ်စခန်း လူပျိုဆောင်တွင် ဂီတာ တီးနေစဉ် အသက် ၂၄နှစ် အရွယ်ရှိ မီးသတ်ဒုတပ်ကြပ်က ဓားဦးကောက်ဖြင့် ဝင်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း အရ သိရသည်။ ၎င်း၏ အစ်ကိုဖြစ်သူကို အနိုင် ကျင့်ခဲ့သည်ဟုဆိုကာ အခန်းအတွင်း ဂီတာတီးနေသည့် အသက် ၂၅ နှစ်အရွယ် ရှိ မီးသတ် တပ်ကြပ်ကို ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။ ဓားဖြင့် ခုတ်ခံရသည့် အမျိုးသား တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သည့်အတွက် ပြည်ကြီးမဏ္ဍိုင်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဓားဖြင့် […]

ဆလုံစာသင်ရန်ဆရာ/ဆရာမများ လိုအပ်ပါက တင်ပြပါ

diz_admin

February 6, 2020

ဆလုံတိုင်းရင်းသား ကျေးရွာများ တွင် ဆလုံစာပေသင်ကြားရန် ဆရာ/ဆရာမလိုအပ်ကြောင်း ဒေသခံများက တင်ပြလာပါက ဆောင်ရွက်ပေးမည် ဟုတနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့အစွမ်းအားအရင်းမြစ်ဝန်ကြီးဦးကျော်မင်းက ပြောကြားသည်။ ဇန်နဝါရီလ၃၁ရက်တွင်ကျင်းပ သည့်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေး တွင်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဘုတ်ပြင်းမဲဆန္ဒနယ်မှတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်မန်းဆွေ မြင့်၏ဆလုံစာကိစ္စနှင့်ဆရာ/ဆရာမ ခန့်ထားရေးကိစ္စ မေးမြန်းမှုကိုယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဆလုံစာပေသင်ရိုး စာအုပ်များကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနရုံးသို့ တင်ပြထား ပြီးဖြစ် ကြောင်းဦးကျော်မင်းက ဖြေဆိုခဲ့သည်။ Dawei Watch

ထိုင်းသို့ ဘတ်တစ်သောင်းဖြင့်ပို့သူ ကော့သောင်းတွင် အဖမ်းခံရ

diz_admin

February 6, 2020

ရန်ကုန်မြို့မှ ထိုင်းနိုင်ငံအထိ ဘတ်တစ်သောင်း (ငွေကျပ် ငါးသိန်း) နှုန်းဖြင့် ပို့ဆောင်သည့် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၂၇ ရက်က ကော့သောင်းတွင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ဖြစ်စဉ်မှာ ကော့သောင်းမြို့ရှိ မြို့မတံတားထိပ်တွင် လူစုဆောင်းပို့ဆောင် သူတစ်ဦးနှင့် သွားရောက်မည့်သူ ၈ ဦး ရောက်ရှိနေကြောင်း သွားရောက်စစ်ဆေး ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့စစ်ဆေးရာ ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံ သို့ ပို့ဆောင်ပေးနေသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားက ရခိုင်အမျိုးသား ၈ ဦးကို ပို့ဆောင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားကို ပြည်ပအလုပ်အကိုင် ဥပဒေပုဒ်မ – ၂၆ ဖြင့် ကော့သောင်းမြို့မရဲစခန်းတွင် […]