ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် ရော်ဘာ ရာသီအဖွင့်ဈေး မြင့်

diz_admin

September 25, 2021

မြိတ်မြို့တွင် ရော်ဘာ ရာသီအဖွင့်ဈေးနှုန်းများမှာ ယခင်နှစ် ရာသီအဖွင့်ထက် တစ်ပိဿာလျှင် ကျပ်တစ်ထောင်နီးပါးခန့်အထိ မြင့်တက်ခဲ့ကြောင်း ယင်းဈေးကွက်အသိုင်းအဝိုင်းထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ရာသီအဖွင့်တွင် ရော်ဘာမှိုင်းခံအဆင့် (၃)၊ အစေးရည် (DRC 100%) နှင့် ခွက်လုံး/ခွက်ခဲ ( DRC 100%) ၂၇၀၀ ကျပ်နှုန်း၊ ခွက်လုံး/ခွက်ခဲ (အသန်.) DRC( 100%) ၂၇၅၀ ကျပ်၊ ၊ အစေးခဲ/အစေးရည်ခဲ ( DRC 100%) ၂၆၀၀ ကျပ်နှင့် ဆွဲဖတ်/ခွက်ကပ် (အခြောက်) ၁၃၀၀ ကျပ် ရရှိခဲ့ကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့မှ သိရသည်။ ယခုနှစ် ရာသီအဖွင့် စက်တင်ဘာလအတွင်း ရော်ဘာမှိုင်းခံအဆင့် (၃)၊ နေလှန်းပြား ခေါင်းဝိုင်း၊အစေးရည် DRC(100%)၊ ခွက်လုံး၊ ခွက်ခဲ (အသန့်) […]

ထားဝယ်မြို့ပေါ် အခန်းငှားနေသူများ အခက်တွေ့

diz_admin

September 25, 2021

ထားဝယ်မြို့ပေါ်တွင် အခန်းငှားနေထိုင်သူများကို ပိုင်ရှင်က အခန်းမငှားချင်တော့သည့်အခြေအနေ ဖြစ်လာသဖြင့် နေရေး၊ ထိုင်ရေး အခက်အခဲဖြစ်လာနေကြောင်း သိရသည်။ စင်တင်ဘာလ ဒုတိယအပတ်မှစပြီး ထားဝယ်မြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်များ ဆက်တိုက်ဖမ်းဆီးခံလာရခြင်း၊ ဧည့်စာရင်းတိုင်ကြားနေရခြင်း စသည်တို့ကြောင့် ပိုင်ရှင်များ အခန်းဆက်မငှားချင်တော့ကြောင်း အခန်းငှားနေထိုင်သူအချို့က ပြောသည်။ “ဧည့်စာရင်းတိုင်ပြီးနေမယ်ဆိုတာတောင်မှ အိမ်ရှင်က အခန်းမငှားချင်တော့ဘူးတဲ့” ဟု လတ်တလော အဆောင်လိုက်ရှာနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လုံချင်းအိမ်ငှားရမ်းနေထိုင်မည်ဆိုပါကလည်း အိမ်ရှင်က ဧည့်စာရင်းတိုင်ပေးရမည်ကိုစိုးရိမ်ခြင်း၊ လူသစ်များကို အခန်းမငှားရဲခြင်း စသည်တို့ကြောင့်လည်း အခန်းငှား အဆောင်နေသူတို့ အခက်အခဲဖြစ်နေရသည်ဟုဆိုကြသည်။ ရပ်ကွက်အချို့တွင်မူ ဧည့်စာရင်းတစ်ခါတိုင်လျှင် ငါးထောင်ကျပ်ပေးနေရသည်လည်းရှိသည်ဟုဆိုသည်။ ထိုကဲ့သို့သော အခြေအနေကြောင့် အခန်းခမှာလည်း ယခင်ကထက် ဈေးတက်သွားကြောင်း အဆောင်နေသူအအချို့ကပြောသည်။ “အရင်က တစ်ခန်းကိုသုံးယောက်စုပြီး ငါးသောင်းခွဲနဲ့ငှားနေတာ အခု ခြောက်သောင်းခွဲဖြစ်သွားပြီ။ အဲတာတောင် အိမ်ရှင်က သိပ်မနေခိုင်းချင်တော့ဘူး” ဟု […]

အုပ်ချုပ်ရေးမှူးနေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

September 23, 2021

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နေအိမ်အရှေ့ပေါက်ကွဲမှုဖြစ်ပြီးနောက် စက်တင်ဘာလ ၂၁ ရက် ညတွင် အိမ်နီးချင်းအမျိုးသားတစ်ဦး အဖမ်းခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါဖမ်းဆီးခံရသူမှာ ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်တွင်နေထိုင်သည့် အသက် ၃၈ နှစ်ဝန်းကျင်ရှိ ဦးစိုးမင်းထွေးဆိုသူဖြစ်သည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူး ဦးထွန်းမင်း၏ နေအိမ်အရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် ညရှစ်နာရီခန့်တွင် တပ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး မေးမြန်ရန်ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း အဖမ်းခံရသူနှင့်ရင်းနှီးသည့် ဒေသခံအမျိုးသား တစ်ဦးကဆိုသည်။ “သူက ဧရာဝတီတိုင်းဘက်ကပါ။ ဒီမှာအိမ်ထောင်ကျတာပေါ့။ ဖုန်းတောင် ကောင်းကောင်း ကိုင်တက်သူ မဟုတ်ဘူး”ဟု အထက်ပါအမျိုးသား ကပြောသည်။ ဦးစိုးမင်းထွေးအား မောင်းမကန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟုသိရပြီး […]

ရေဖြူ အုန်းပင်ကွင်းတွင် သားအမိနှစ်ဦး အဖမ်းခံရ

diz_admin

September 23, 2021

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီး အုန်းပင်ကွင်းရွာနေ မနီလာအေး နှင့် မိခင်ဖြစ်သူတို့ စက်တင်ဘာလ ၂၂ ရက် ညသန်းခေါင်အချိန်တွင် အဖမ်းခံလိုက်ရကြောင်း စုံစမ်းသိရှိရသည်။ မနီလာအေးသည် နေအိမ်တွင်မနေဘဲ တိမ်းရှောင်နေရာမှ အုန်းပင်ကွင်းရွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာဖြစ်လို့ဖမ်းသွားတယ်ဆိုတာတော့ သေချာမသိသေးဘူ” ဟု ၎င်းကပြောသည်။ ဖမ်းဆီးခံရသည့်အကြောင်း အသေအချာမသိရသေးသော်လည်း မနီလာအေး၏ လူမူကွန်ယက်ပေါ်တွင် ရေးသားထားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။ မနီလာအေးတို့အား ကံပေါက်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ မိခင်ဖြစ်သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ရှိပြီဖြစ်သည်။

ကျိုက်ထိုတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မိုင်းနင်းမိ

diz_admin

September 23, 2021

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထို ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က နံနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာသို့အသွား ချောင်းကွေ့ကျေးရွာအနီးတွင် အသက် ၄၁ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးမိုင်းနင်းမိခဲ့သည်။ အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားသည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။ ၎င်းပြင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်ကလည်း ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြားတွင် အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြား မိုင်းနင်းမိသည့် အမျိုးသားသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် […]

တနင်္သာရီမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

September 22, 2021

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာအုပ်စု အမှတ် ၉ ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးအေးမင်းကိုသည် စက်တင်ဘာလ ၂၁ ရက်နေ့ ညခြောက်နာရီကျော်အချိန်ခန့်က သေနတ်ဖြင့် ပစ်ခံခဲ့ရကြောင်း သိရသည်။ အမှတ် ၉ ကျေးရွာရှိ ကိုဗစ်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဆိုင်ကယ်မောင်း နှင်လာသူ အမျိုးသားတစ်ဦးက သေနတ် လေးချက်ပစ်ပြီး ထွက်ပြေးသွားခဲ့ကြောင်း အမှတ် ၉ ရွာအနီးရှိ မောတောင်မြို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။ “ဦးဆုံးတစ်ချက်ပဲထိတာ၊ ကျန်သုံးချက်ကမထိဘူး” အထက်ပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောသည်။ သေနတ်ဒဏ်ရာရရှိသည့် အုပ်ချုပ်ရေးမှူးအား မောတောင်တိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး ညခုနှစ်နာရီခွဲအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း မောတောင်မြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောပြသည်။ သေနတ်ဖြင့် ပစ်ခတ်သူသည် ဆိုင်ကယ်ပေါ်တွင် ပစ္စည်းများတင်ဆောင်ပြီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံမည့်ဟန်ပြုလုပ်ကာ သေနတ်ဖြင့် အနီးကပ် […]

အရှုံးပေါ်သဖြင့် ကမ်းနီးငါးဖမ်းလှေအချို့ရပ်နား

diz_admin

September 21, 2021

လုပ်ငန်းအရှုံးပေါ်နေသည့်အတွက် တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ကမ်းနီးငါးဖမ်းလှေငယ်အချို့ ရပ်နားထားရကြောင်း ကာယကံရှင်များ ထံမှသိရသည်။ ကမ်းနီးလှေငယ်များအနေဖြင့် ငါးရရှိမှုနည်းပါးလာခြင်း၊ ငါးဈေးကျဆင်းခြင်း၊ လှေထွက်စရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် အရှုံးပေါ်ကာ ဆက်လက် လုပ်ကိုင်နိုင်ခြင်း မရှိသည့်အတွက် ရပ်နားထားရကြောင်း ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်သူများ ကပြောသည်။ ထားဝယ်ခရိုင်တွင် ကမ်းဝေးလှေများက ကမ်းနီးငါးဖမ်းကွက်များတွင် တရားမဝင် ငါးဝင်ဆွဲသဖြင့် ကမ်းနီးငါးဖမ်းပိုက်၊ ကင်းမွန်မြုံးများ မကြာခဏ ပျက်စီးသဖြင့် ကမ်းနီးငါးဖမ်းလုပ်သားများ ညည်းတွားလျက်ရှိသည်။ “(စက်သုံးဆီ) ဆီစရိတ်၊ စားစရိတ်တွေက ဈေးတက်ပြီး ငါးဈေးကထက်ဝက်ကျတယ်။ ငါးကလည်းအရင်လို မရတော့ဘူး ရပ်တဲ့လှေတွေလည်းရပ်ကုန်ကြပြီ”ဟု မြိတ်မြို့မှ ကမ်းနီး ငါးဖမ်းလှေလုပ်ကိုင်သူ ဦးမြင့်လွင်ကပြောသည်။ ယင်းသို့ အရှုံးပေါ်နေသည့်အတွက် အချို့လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ ရပ်နားကာ လှေရောင်းချသူ များပြားလာနေကြောင်း မြိတ်မြို့မှ ကမ်းနီးငါးဖမ်းလှေလုပ်ငန်းရှင် ကိုထွန်းထွန်းနောင် ကပြောပြသည်။ “ရှုံးတဲ့လှေကရှုံး၊ ကျန်တဲ့လှေလည်း နည်းနည်းပါးပါးကျန်၊ […]

ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်း ကုလသမဂ္ဂ လာလှူ

diz_admin

September 21, 2021

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)မှ ထားဝယ်ဒေသအတွက် ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လာလှူခဲ့ကြောင်း ထားဝယ်ဒေသ ကိုဗစ်ကာကွယ်ရေး လူထုအခြေပြုအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ UNHCR မှ နှာခေါင်စည်းမျိုးစုံ ၊ လက်အိတ်မျိုးစုံ၊ လက်ဆေးရည်၊ PPE ဝတ်စုံ၊ ဖိနပ်၊ ပိုးသတ်ဆေး အစရှိသည့် ကိုဗစ်ကာကွယ်ရေး ပစ္စည်းများကို စက်တင်ဘာလ ၂၀ ရက်နေ့က လာရောက်လှူဒါန်းခဲ့ကြောင်း အထောက်အကူပြုအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လက်အိတ်ဆိုရင် အလောင်းတွေအတွက် သုံးတဲ့လက်အိတ်တွေပါတယ်၊ ဆေးခန်းတွေမှာသုံးတဲ့လက်အိတ်တွေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ ပစ္စည်းများကို ထားဝယ်ဒေသရှိ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကိုဗစ်ကုသရေးစင်တာများနှင့် ပရဟိတ အဖွဲ့အစည်းများထံ မကြာမီရက်ပိုင်းအတွင်း ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း ယင်းအတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။