ရေးတွင် စိတ်ဝေဒနာရှင်လူငယ်တစ်ဦး ပစ်သတ်ခံရ
diz_admin
September 30, 2021မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ ချောင်းတောင်တံတားဂိတ်တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။ ရေးမြို့နယ် ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မောင်ရဲနိုင်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းခန့်က နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ရာမှ ည ၇ နာရီကျော်ခန့်တွင် မောင်ရဲနိုင်ဦး ပစ်သတ်ခံရကြောင်းကို ရဲစခန်းက အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။ မောင်ရဲနိုင်ဦးသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စိတ်ကျန်းမာရေးဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကြောင်းလည်း မိသားစုဝင်တို့က ပြောသည်။ မောင်ရဲနိုင်ဦး ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်တို့က တောင်းဆိုခဲ့ကြသော်လည်း အလောင်းကို ပြန်မပေးဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ၎င်းတို့အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။ “အလောင်းကို မျက်နှာလောက်ပဲ ကြည့်ခွင့်ပေးတယ်၊ ကိုင်လည်းမပေးကိုင်ဘူး၊ မျက်နှာကို ကြည့်ရုံနဲ့ ဘယ်လောက် […]


