ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦး သေနတ်ပစ်ခံရ

diz_admin

October 19, 2021

မြိတ်မြို့တွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သည့် အမျိုးသားတစ်ဦးသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံန‌က်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅၀ နှစ်ကျော်ရှိ ဦးထိန်လင်းသည် မြိတ်မြို့ မြိတ်တောင်နယ်မြေ အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းဆုံဂိတ်တွင် ပစ်ခံရခြင်းဖြစ်ပြီး မြိတ်တောင်နယ်မြေအုပ်ချုပ်ရေးမှူးရုံးနှင့် နီးသည်ဟု ဒေသခံအချို့က ဆိုသည်။ “မီးပန်း(ဗျောက်အိုး) ဖောက်တဲ့ အသံမျိုး သုံးချက်တော့ ကြားလိုက်ရတယ်” ဟု အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာခဲ့သည့် အမျိုးသမီးကြီးတစ်ဦးက ပြောသည်။ ဆိုင်ကယ်ကယ်ရီဂိတ်တွင် ရှိနေစဉ် ပစ်ခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်ခဲ့သည်ကိုမူ မသိရှိရသေးပေ။ သေနတ်ဒဏ်ရာရခဲ့သည့် ဦးထိန်လင်းကို တပ်ဆေးရုံသို့ တင်ဆောင်သွားပြီး လက်ရှိတွင် သေဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဦးထိန်လင်းမှာ ကြံ့ခိုင်ရေးပါတီ၏ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တပ်ထောက်ခံရေးဆန္ဒပွဲများတွင် ဦးဆောင်သူတစ်ဦးအနေဖြင့် […]

ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ စောင့်ဆိုင်း

diz_admin

October 19, 2021

နိုင်ငံရေးအကျဉ်းသားများကို ဒုတိယနေ့အဖြစ် ဆက်လက်လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့က ထားဝယ်အကျဉ်းထောင်ရှေ့တွင် ပြည်သူများ လာရောက်စောင့်ဆိုင်းနေကြသည်။ နံနက်ကိုးနာရီခန့်မှစကာ လာရောက်စောင့်ဆိုင်းနေကြခြင်းဖြစ်ပြီး တဖြည်းဖြည်းလူများလာကာ နံနက် ၁၁ နာရီခန့်တွင် လူဦးရေ ၂၀၀ ဝန်းကျင်အထိရှိလာကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့ကို ရောက်နေသည့် ပြည်သူတစ်ဦးက ဆိုသည်။ “အချို့တွေကတော့ လွှတ်ပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လာစောင့်နေကြတယ်။ အချို့တွေကတော့ ထားဝယ်ရဲစခန်းမှာ ခံဝန်ထိုးပြီးမှာ လွှတ်ပေးမယ်ဆိုပြီး ပြောနေကြတယ်။ ထောင်ရှေ့မှာတော့ မလွှတ်ပေးဘူးဆိုပြီး ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။ ယမန်နေ့ကလည်း တိုင်းအတွင်းရှိ အကျဉ်းထောင်သုံးခုတွင် နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး မြိတ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုကျော်ထွေးတို့ လွတ်မြောက်လာခဲ့သည်။ ထောင်မှ လွှတ်ပေးသူစာရင်းအတိအကျသိရှိနိုင်ရန် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာန၏ ရုံးဖုန်းသို့ ယ‌မန်နေ့ကတည်းက အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း […]

ငါးလနီးပါး ရပ်နားထားသည့် ရန်ကုန်- ကော့သောင်းလေကြောင်းခရီးစဉ် ပြန်ပြေးဆွဲ

diz_admin

October 19, 2021

ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဟုဆိုကာ ငါးလနီးပါးရပ်နားထားခဲ့သည့် ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ မေလနှောင်းပိုင်းတွင် စတင်ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ထုတ်ပြန်ထားသည်။ ရန်ကုန်-ကော့သောင်းခရီးစဉ်အား Embraer 190 အမျိုးအစားလေယာဉ်နှင့် ATR72-600 လေယာဉ်များဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း MNA လေကြောင်းလိုင်းက ဖော်ပြထားသည်။ AIR KBZ လေကြောင်းလိုင်းကမူ အောက်တိုဘာလ ၂၁ ရက်နေ့မှစကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရန်ကုန်- ကော့သောင်း လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်သော်လည်း ထားဝယ်နှင့် မြိတ်ခရီးစဉ်များ မပါဝင်သေး‌ကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ “ပြန်ပြေးဆွဲမယ်လို့ မကြားရသေးဘူးရှင်၊ ကျွန်မတို့လည်း မျှော်နေတာပဲ” […]

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေးအပါအဝင် တက်ကြွလှုပ်ရှားသူအချို့ မနေ့က ပြန်လွတ်

diz_admin

October 19, 2021

ထားဝယ်သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို အောက်တိုဘာလ ၁၈ ရက် ညနေက ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။ သပိတ်ဦးဆောင်သူ ကိုကျော်ထွေး အပါအဝင် စုစုပေါင်းဦး‌ရေ ၁၀၀ ကျော် ပြန်လွတ်လာသည်ဟု သိရကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။ ကိုကျော်ထွေးအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၂ နှစ် ၄ လ ကျခံစေရန် ပြီးခဲ့သည့် ဇွန်လက အမိန့်ချခံထားရသည်။ ကိုကျော်ထွေးအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုမင်းသူရလည်း ပြန်လွတ်ပြီဖြစ်ကြောင်း အထက်ပါတရားလွှတ်တော်ရှေ့နေက ပြောသည်။ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရပြီး ထောင်ဒဏ် ၄နှစ်ချမှတ်ခံထားရသည့် သပိတ်ဦးဆောင်သူ ကိုအောင်ဝေယံကျော်မှာမူ မလွတ်မြောက်သေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိလွတ်ငြိမ်းခွင့်ပေးရာတွင် တနင်္သာရီတိုင်းအတွင်းမှ ပြန်လည်လွတ်မြောက်လာသူ အရေအတွက်အား သိရှိနိုင်ရန် မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ဆန္ဒပြရာတွင် […]

ကမြောကင်းကျေးရွာအုပ်ချုပ်ရေးမှူး ဇွန်လကတည်းက နုတ်ထွက်ခွင့်တင်ထားပြီး ဟုဆို

diz_admin

October 18, 2021

နေအိမ်ရှေ့ ဗုံးပေါက်ခဲ့သည့် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းမှာ ပြီးခဲ့သည့် ဇွန်လကတည်းက နုတ်ထွက်ခွင့်တင်ထားပြီးဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ကမြောကင်းကျေးရွာအုပ်စု သောကြာပြင်ကျေးရွာရှိ ဦးထွန်းမင်း၏ နေအိမ်ရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်က ပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးကာ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး ခေါ် ဒေါ်မိစု ဒဏ်ရာရရှိခဲ့သည်။ ဦးထွန်းမင်း၏ဇနီး ဒေါ်ကြည်ဌေးလည်း ဗုံးပေါက်စဉ်က ရရှိသည့်ဒဏ်ရာဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့သည်။ ဦးထွန်းမင်းမှာ ပြီးခဲ့သည့်ဇွန်လကပင် ကျန်းမာရေးမကောင်းသဖြင့် နှုတ်ထွက်ခွင့်တင်ပြီးနောက် ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေခြင်းဖြစ်ကြောင်း အထက်ပါမိသားစုဝင်က ဆိုသည်။ “ထွက်စာတင်တဲ့ ရက်ကတည်းက အုပ်ချုပ်ရေးမှူးတံဆိပ်တုံးကိုလည်း ပြန်အပ်လိုက်ပြီးပြီ” ဟု ယင်းမိသားစုဝင်က ပြောသည်။ Dawei Watch မှ […]

မြိတ် သတင်သမားနှစ်ဦးနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် ရှစ်ဆယ်ကျော် ပြန်လွတ်

diz_admin

October 18, 2021

မြိတ်အခြေစိုက် သတင်းသမားနှစ်ဦး အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရှစ်ဆယ်ကျော် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေတွင် မြိတ်အကျဉ်းထောင်မှ ပြန်လွတ်လာကြောင်း သိရသည်။ မြိတ်အခြေစိုက် DVB သတင်းဌာနမှ သတင်းထောက် ကိုအောင်ကျော်၊ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်၊ ကဗျာဆရာဦးလွင်အောင်နှင့် ဦးတင်ကိုကိုဦး အပါအဝင် တက်ကြွလှုပ်ရှားသူ ၈၀ ကျော် ပြန်လွတ်လာခဲ့ကြောင်း လွတ်မြောက်လာသူအချို့ထံမှ သိရသည်။ “ထုံးစံအတိုင်း ၄၀၁ ကျင့်ထုံးနဲ့ ခံဝန်ထိုးပြီး လွှတ်ပေးလိုက်တာပေါ့”ဟု ပြန်လည်လွတ်မြောက်လာသည့် DVB သတင်းထောက် ကိုအောင်ကျော် ကပြောသည်။ မြိတ်အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိပြီး လက်ရှိတွင် ရှစ်ဆယ်ကျော် ပြန်လွတ်လာသည်ဟု လွတ်မြောက်လာသူအချို့ ကပြောသည်။ မြိတ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တချို့နဲ့ မြိတ် ၈၈ အဖွဲ့မှ ဖမ်းဆီးခံရသူများလည်း ပြန်လည်လွတ်မြောက်လာ ကြောင်း သိရသည်။ “ကျန်ရစ်တဲ့ […]

သီတင်းကျွတ်လက်တွန်းမီးအိမ်လှည်း ထားဝယ်ဈေးကွက်တွင် တစ်ကျော့ပြန်ပေါ်

diz_admin

October 18, 2021

ဈေးကွက်အတွင်း နှစ်ဆယ်ချီ ပျောက်ဆုံးနေသည့် သီတင်းကျွတ်လက်တွန်းမီးအိမ်လှည်းများ ထားဝယ်ဈေးကွက်တွင် တစ်ကျော့ပြန်ပေါ်လာသည်။ ယခင်က ထားဝယ်ဒေသသီတင်းကျွတ်ရာသီတွင် ဖယောင်းတိုင်မီးထွန်းကာ တွန်းပြီးကစားရသည့် လက်တွန်းမီးအိမ်လှည်းအား ကလေးများနှစ်သက်စွာ ကစားလေ့ရှိသည်။ ယင်းမီးအိမ်လှည်းများကို ထားဝယ်မြို့ မြောင်းပုလဲရပ်ကွက်တွင် မီးအိမ်ပြုလုပ်ရောင်းချသူ နှစ်ဦးရှိပြီး လက်ရှိတွင် လက်မလည်အောင် ရောင်းရကြောင်း မီးအိမ်ပြုလုပ်ရောင်းချနေသူများထံမှ သိရသည်။ လက်တွန်းလှည်းမီးအိမ်တစ်ခုလျှင် ၃၀၀၀ ကျပ်နှင့် ဆယ်လုံးနှင့်အထက် ဝယ်ယူပါက ၂၈၀၀ ကျပ်ဖြင့် ရောင်းချနေခြင်းဖြစ်သည်။ ယခင်နှစ်များကပင် ယင်းလက်တွန်းမီးအိမ်အား ပြုလုပ်နေသော်လည်း ထုတ်လုပ်နိုင်သည့် ပမာဏနည်းနေခြင်းကြောင့် ဈေးကွက်အတွင်းမှ ပျောက်သွားခြင်းဖြစ်သွားကြောင်း မီးအိမ်ပြုလုပ်ရောင်းချနေသည့် ပန်းချီစိုးမိုးက ဆိုသည်။ လက်ရှိတွင် မိသားစုဝင်များဖြင့် စုပေါင်းလုပ်ကိုင်ခြင်း၊ ဖေ့ဘုတ်ပေါ်တင်ပြီး ကြော်ငြာခြင်းတို့ကြောင့် လူသိများလာပြီး ဝယ်လိုအားများလာကြောင်း ၎င်းက ပြောသည်။ “အခုက ပျောက်နေတာကြာပြီဆိုတော့ ပိုပြီးတော့ စိတ်ဝင်စားလာကြတာဖြစ်မယ်။ အခုဆိုရင် […]